< ယေရမိ 10 >
1 ၁ အို ဣသရေလအမျိုးသားတို့၊ သင်တို့အား ထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင် ကြလော့။
Hỡi nhà Y-sơ-ra-ên, hãy nghe lời Ðức Giê-hô-va phán cho ngươi.
2 ၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာ ပလူတို့၏ ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာ ပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုဃ်းကောင်းကင် နိမိတ်တို့မှ မထိတ်လန့်မကြောက်ကြနှင့်။
Ðức Giê-hô-va phán như vầy: Chớ tập theo tục của các dân ngoại, chớ sợ các dấu trên trời, mặc dầu dân ngoại nghi sợ các dấu ấy.
3 ၃ လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော၌သစ်ပင်ကို ခုတ်လှဲ၍၊ ပုဆိန်နှင့်လုပ်တတ် သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊
Vì thói quen của các dân ấy chỉ là hư không. Người ta đốn cây trong rừng, tay thợ lấy búa mà đẽo;
4 ၄ ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှား စေခြင်းငှါ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။
rồi lấy bạc vàng mà trang sức; dùng búa mà đóng đinh vào, đặng khỏi lung lay.
5 ၅ သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကား မပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြ နှင့်။ အန္တရာယ်ကိုမပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။
Các thần ấy tiện như hình cây chà là, không biết nói; không biết đi, nên phải khiêng. Ðừng sợ các thần ấy, vì không có quyền làm họa hay làm phước.
6 ၆ အိုထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော် သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။
Hỡi Ðức Giê-hô-va, chẳng ai giống như Ngài! Ngài là lớn, danh Ngài có sức mạnh lớn lắm.
7 ၇ အိုလူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ။
Hỡi vua các nước! ai chẳng nên sợ Ngài? Ấy là điều Ngài đáng được. Vì trong những người khôn ngoan của các nước, tỏ ra sự vinh hiển mình, chẳng có ai giống như Ngài.
8 ၈ သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘော နှင့် မိုက်သော သဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။
Chúng nó hết thảy đều là u mê khờ dại. Sự dạy dỗ của hình tượng chỉ là gỗ mà thôi.
9 ၉ ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ၎င်း၊ ရွှေကိုလည်း ဥဖတ်မြို့မှ၎င်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့်ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။
Ấy là bạc giát mỏng vận đến từ Ta-rê-si, và vàng của U-pha, nhờ tay thợ chạm làm ra cùng thợ vàng chế thành; có vải màu xanh màu tím làm áo; ấy cũng là việc của người thợ khéo.
10 ၁၀ ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက် ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုး တို့သည် အမျက်တော်ကို မခံနိုင်ကြ။
Nhưng Ðức Giê-hô-va là Ðức Chúa Trời thật; Ngài là Ðức Chúa Trời hằng sống, là Vua đời đời. Nhơn cơn giận Ngài, đất đều rúng động, các nước không thể chịu được cơn giận Ngài.
11 ၁၁ သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။
Các ngươi khó nói cùng họ rằng: Những thần nầy không làm nên các từng trời, cũng không làm nên đất, thì sẽ bị diệt đi khỏi trên đất và khỏi dưới các từng trời.
12 ၁၂ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
Chính Ðức Giê-hô-va đã làm nên đất bởi quyền năng Ngài, đã lập thế gian bởi sự khôn ngoan Ngài, đã giương các từng trời ra bởi sự thông sáng Ngài.
13 ၁၃ အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက် စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော် မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော် မူ၏။
Khi Ngài phát ra tiếng, thì có tiếng động lớn của nước trong các từng trời; Ngài làm cho hơi nước từ đầu cùng đất bay lên, kéo gió ra từ trong kho Ngài;
14 ၁၄ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
người ta đều trở nên u mê khờ dại, thợ vàng xấu hổ vì tượng chạm của mình; vì các tượng đúc chẳng qua là giả dối, chẳng có hơi thở ở trong;
15 ၁၅ ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြ လိမ့်မည်။
chỉ là sự hư vô, chỉ là đồ đánh lừa; đến ngày thăm phạt sẽ bị diệt mất.
16 ၁၆ ယာကုပ်အမျိုး၏အဘို့သည် ထိုသို့သောအရာ နှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
Sản nghiệp của Gia-cốp thì chẳng giống như vậy; vì Ngài đã tạo nên mọi sự, và Y-sơ-ra-ên là chi phái của cơ nghiệp Ngài. Danh Ngài là Ðức Giê-hô-va vạn quân.
17 ၁၇ အိုရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။
Hỡi ngươi là kẻ bị vây, hãy lấy của cải mình lìa khỏi đất nầy.
18 ၁၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။
Vì Ðức Giê-hô-va phán như vầy: Nầy, lần nầy ta sẽ liệng ra dân của đất nầy, ta sẽ làm khốn chúng nó, cho chúng nó tỉnh biết.
19 ၁၉ ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။
Khốn nạn cho tôi vì vết thương tôi! Vít tôi là đau đớn! Nhưng tôi nói: Ấy là sự lo buồn tôi, tôi phải chịu.
20 ၂၀ ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။
Trại của tôi bị phá hủy, những dây của tôi đều đứt, con cái tôi bỏ tôi, chúng nó không còn nữa. Tôi không có người để giương trại tôi ra và căng màn tôi.
21 ၂၁ အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။
Những kẻ chăn chiên đều ngu dại, chẳng tìm cầu Ðức Giê-hô-va. Vì vậy mà chúng nó chẳng được thạnh vượng, và hết thảy những bầy chúng nó bị tan lạc.
22 ၂၂ အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။
Nầy, có tiếng đồn ra; có sự ồn ào lớn đến từ miền phương bắc, đặng làm cho các thành của Giu-đa nên hoang vu, nên hang chó rừng.
23 ၂၃ အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည် ကို အကျွန်ုပ်သိပါ၏။
Hỡi Ðức Giê-hô-va, tôi biết đường của loài người chẳng do nơi họ, người ta đi, chẳng có quyền dẫn đưa bước của mình.
24 ၂၄ အို ထာဝရဘုရား၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင်၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။
Hỡi Ðức Giê-hô-va, vậy xin hãy sửa trị tôi cách chừng đỗi; xin chớ nhơn cơn giận, e rằng Ngài làm cho tôi ra hư không chăng.
25 ၂၅ ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော အမျိုး အနွယ်တို့အပေါ်သို့၎င်း အမျက်တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုး ကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင် ပယ်ရှားကြပါပြီ။
Xin hãy đổ sự thạnh nộ trên các nước chẳng nhìn biết Ngài, trên các họ hàng chẳng kêu cầu danh Ngài. Vì họ nuốt Gia-cốp, và còn nuốt nữa; họ diệt Gia-cốp, làm cho chỗ ở nó thành ra hoang vu.