< ယာကုပ် 1 >
1 ၁ ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
ⲁ̅ⲒⲀⲔⲰⲂⲞⲤ ⲪⲂⲰⲔ ⲘⲪⲚⲞⲨϮ ⲚⲈⲘ ⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲚϮⲒⲂ ⲘⲪⲨⲖⲎ ⲈⲦⲬⲎ ϦⲈⲚⲠⲒϪⲰⲢ ⲈⲂⲞⲖ ⲬⲈⲢⲈ
2 ၂ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊
ⲃ̅ϢⲰⲠⲒ ϦⲈⲚⲢⲀϢⲒ ⲚⲒⲂⲈⲚ ⲚⲀⲤⲚⲎⲞⲨ ⲈϢⲰⲠ ⲀⲢⲈⲦⲈⲚϢⲀⲚⲢⲀⲞⲨⲞ ⲈϨⲀⲚⲠⲒⲢⲀⲤⲘⲞⲤ ⲚⲞⲨⲐⲞ ⲚⲢⲎϮ
3 ၃ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။
ⲅ̅ⲈⲢⲈⲦⲈⲚⲈⲘⲒ ϪⲈ ϮⲆⲞⲔⲒⲘⲎ ⲚⲦⲈⲠⲈⲦⲈⲚⲚⲀϨϮ ⲀⲤⲈⲢϨⲰⲂ ⲈⲞⲨϨⲨⲠⲞⲘⲞⲚⲎ.
4 ၄ သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။
ⲇ̅ϮϨⲨⲠⲞⲘⲞⲚⲎ ⲆⲈ ⲘⲀⲢⲈ ⲞⲨϨⲰⲂ ⲈϤϪⲎⲔ ⲈⲂⲞⲖ ϢⲰⲠⲒ ⲚϦⲎⲦⲤ ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚϢⲰⲠⲒ ⲈⲢⲈⲦⲈⲚϪⲎⲔ ⲈⲂⲞⲖ ⲞⲨⲞϨ ⲈⲢⲈⲦⲈⲚⲞⲨⲞϪ ⲚⲦⲈⲦⲈⲚϪⲞⲢϨ ⲚϨⲖⲒ ⲀⲚ
5 ၅ သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။
ⲉ̅ⲒⲤϪⲈ ⲆⲈ ⲞⲨⲞⲚ ⲞⲨⲀⲒ ϦⲈⲚⲐⲎⲚⲞⲨ ⲈϤϪⲞⲢϨ ⲚⲤⲂⲰ ⲘⲀⲢⲈϤⲈⲢⲈⲦⲒⲚ ⲚⲦⲈⲚ ⲪⲚⲞⲨϮ ⲪⲎ ⲈⲦϮ ⲚⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲀⲠⲖⲰⲤ ⲚϤϢⲰϢϤ ⲀⲚ ⲞⲨⲞϨ ⲈⲨⲈϮ ⲚⲀϤ
6 ၆ သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။
ⲋ̅ⲘⲀⲢⲈϤⲈⲢⲈⲦⲒⲚ ⲆⲈ ϦⲈⲚⲞⲨⲚⲀϨϮ ⲚϤⲞⲒ ⲚϨⲎⲦ ⲂⲀⲚ ⲪⲎ ⲄⲀⲢ ⲈⲦⲞⲒ ⲚϨⲎⲦ ⲂⲀϤⲞⲒ ⲘⲪⲢⲎϮ ⲚⲚⲒϪⲞⲖ ⲚⲦⲈⲪⲒⲞⲘ ⲈⲢⲈ ⲠⲐⲎⲞⲨ ϬⲒ ⲘⲘⲰⲞⲨ ⲞⲨⲞϨ ⲈϤⲒⲚⲒ ⲘⲘⲰⲞⲨ
7 ၇ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊
ⲍ̅ⲘⲠⲈⲚⲐⲢⲈϤⲘⲈⲨⲒ ⲄⲀⲢ ⲚⲀϤ ⲚϪⲈⲠⲒⲢⲰⲘⲒ ⲈⲦⲈⲘⲘⲀⲨ ϪⲈ ϤⲚⲀϬⲒ ϨⲖⲒ ⲚⲦⲞⲦϤ ⲘⲠϬⲤ
8 ၈ ထာဝရ ဘုရား၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့်။
ⲏ̅ⲠⲒⲢⲰⲘⲒ ⲆⲈ ⲈⲦⲞⲒ ⲚϨⲎⲦ ⲂⲞⲨⲀⲦⲤⲈⲘⲚⲒ ⲠⲈ ϨⲒ ⲚⲈϤⲘⲰⲒⲦ ⲦⲎⲢⲞⲨ
9 ၉ အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။
ⲑ̅ⲘⲀⲢⲈϤϢⲞⲨϢⲞⲨ ⲆⲈ ⲘⲘⲞϤ ⲚϪⲈⲠⲒⲤⲞⲚ ⲈⲦⲐⲈⲂⲎⲞⲨⲦ ϦⲈⲚⲠⲈϤϬⲒⲤⲒ
10 ၁၀ ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူ ကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ၏။
ⲓ̅ⲠⲒⲢⲀⲘⲀⲞ ⲆⲈ ⲚϨⲢⲎⲒ ϦⲈⲚⲠⲈϤⲐⲈⲂⲒⲞ ϪⲈ ⲘⲪⲢⲎϮ ⲚⲞⲨϨⲢⲎⲢⲒ ⲚⲦⲈⲞⲨⲤⲰⲞⲨⲂⲈⲚ ϤⲚⲀⲤⲒⲚⲒ
11 ၁၁ နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
ⲓ̅ⲁ̅ⲀϤϢⲀⲒ ⲄⲀⲢ ⲚϪⲈⲪⲢⲎ ⲚⲈⲘ ⲠⲒⲔⲀⲨⲤⲰⲚ ⲞⲨⲞϨ ⲀϤⲦϢⲞⲨⲒⲈ ⲠⲒⲤⲰⲞⲨⲂⲈⲚ ⲞⲨⲞϨ ⲦⲈϤϨⲢⲎⲢⲒ ⲀⲤϤⲞⲢϤⲈⲢ ⲠⲤⲀⲒ ⲆⲈ ⲚⲦⲈⲠⲈϤϨⲞ ⲀϤⲦⲀⲔⲞ ⲠⲀⲒⲢⲎϮ ϨⲰϤ ⲠⲒⲢⲀⲘⲀⲞ ⲚϨⲢⲎⲒ ϦⲈⲚⲚⲈϤⲘⲰⲒⲦ ⲦⲎⲢⲞⲨ ϤⲚⲀⲖⲰⲘ
12 ၁၂ စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။
ⲓ̅ⲃ̅ⲞⲨⲘⲀⲔⲀⲢⲒⲞⲤ ⲠⲈ ⲠⲒⲢⲰⲘⲒ ⲪⲎ ⲈⲐⲚⲀⲀⲘⲞⲚⲒ ⲚⲦⲞⲦϤ ϦⲈⲚⲞⲨⲠⲒⲢⲀⲤⲘⲞⲤ ϪⲈ ⲀϤϢⲀⲚⲈⲢ ⲞⲨⲤⲰⲦⲠ ϤⲚⲀϬⲒ ⲘⲠⲒⲬⲖⲞⲘ ⲚⲦⲈⲠⲰⲚϦ ⲪⲎ ⲈⲦⲀϤⲰϢ ⲘⲘⲞϤ ⲚⲚⲎ ⲈⲐⲚⲀⲘⲈⲚⲢⲒⲦϤ.
13 ၁၃ အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။
ⲓ̅ⲅ̅ⲘⲠⲈⲚⲐⲢⲈ ϨⲖⲒ ϪⲞⲤ ⲈⲨⲈⲢⲠⲒⲢⲀⲌⲒⲚ ⲘⲘⲞϤ ϪⲈ ⲪⲚⲞⲨϮ ⲠⲈⲦⲈⲢⲠⲒⲢⲀⲌⲒⲚ ⲘⲘⲞⲒ ⲪⲚⲞⲨϮ ⲄⲀⲢ ϤⲈⲢⲠⲒⲢⲀⲌⲒⲚ ⲀⲚ ϦⲈⲚϨⲀⲚⲠⲈⲦϨⲰⲞⲨ ϤⲈⲢⲠⲒⲢⲀⲌⲒⲚ ⲆⲈ ⲚⲐⲞϤ ⲚϨⲖⲒ ⲀⲚ
14 ၁၄ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။
ⲓ̅ⲇ̅ⲠⲒⲞⲨⲀⲒ ⲆⲈ ⲠⲒⲞⲨⲀⲒ ⲈⲨⲈⲢⲠⲒⲢⲀⲌⲒⲚ ⲘⲘⲞϤ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲦⲈϤⲈⲠⲒⲐⲨⲘⲒⲀ ⲘⲘⲒⲚ ⲘⲘⲞϤ ⲈⲤⲤⲰⲔ ⲘⲘⲞϤ ⲞⲨⲞϨ ⲈⲤⲤⲞⲠⲤⲈⲠ ⲘⲘⲞϤ
15 ၁၅ တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။
ⲓ̅ⲉ̅ⲒⲦⲀ ϮⲈⲠⲒⲐⲨⲘⲒⲀ ⲀⲤϢⲀⲚⲈⲢⲂⲞⲔⲒ ϢⲀⲤⲘⲈⲤ ⲪⲚⲞⲂⲒ ⲪⲚⲞⲂⲒ ⲆⲈ ⲀϤϢⲀⲚϪⲰⲔ ⲈⲂⲞⲖ ϢⲀϤϪⲪⲞ ⲘⲪⲘⲞⲨ.
16 ၁၆ ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။
ⲓ̅ⲋ̅ⲘⲠⲈⲢⲤⲰⲢⲈⲘ ⲚⲀⲤⲚⲎⲞⲨ ⲚⲀⲘⲈⲚⲢⲀϮ
17 ၁၇ ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
ⲓ̅ⲍ̅ⲦⲀⲒⲞ ⲚⲒⲂⲈⲚ ⲈⲐⲚⲀⲚⲈⲨ ⲚⲈⲘ ⲆⲰⲢⲞⲚ ⲚⲒⲂⲈⲚ ⲈⲦϪⲎⲔ ⲈⲂⲞⲖ ϨⲀⲚⲈⲂⲞⲖ ⲘⲠϢⲰⲒ ⲚⲈⲈⲨⲚⲎⲞⲨ ⲈⲠⲈⲤⲎⲦ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲒⲰⲦ ⲚⲦⲈⲚⲒⲞⲨⲰⲒⲚⲒ ⲪⲎ ⲈⲦⲈ ⲘⲘⲞⲚ ϢⲒⲂϮ ⲚⲀϨⲢⲀϤ ⲞⲨⲆⲈ ⲞⲨⲤⲘⲞⲦ ⲚⲦⲈⲞⲨϦⲎⲒⲂⲒ ⲈⲀⲤⲤⲒⲚⲒ
18 ၁၈ နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။
ⲓ̅ⲏ̅ⲀϤⲞⲨⲰϢ ⲀϤϪⲪⲞⲚ ϦⲈⲚⲠⲤⲀϪⲒ ⲚⲦⲈϮⲘⲈⲐⲘⲎⲒ ⲈⲐⲢⲈⲚϢⲰⲠⲒ ⲚⲞⲨⲀⲠⲀⲢⲬⲎ ⲚⲦⲈⲚⲈϤⲤⲰⲚⲦ
19 ၁၉ သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
ⲓ̅ⲑ̅ⲦⲈⲚⲤⲰⲞⲨⲚ ⲆⲈ ⲚⲀⲤⲚⲎⲞⲨ ⲚⲀⲘⲈⲚⲢⲀϮ ⲘⲀⲢⲈϤϢⲰⲠⲒ ⲆⲈ ⲚϪⲈⲢⲰⲘⲒ ⲚⲒⲂⲈⲚ ⲈϤⲒⲎⲤⲞⲨⲤ ⲈϤⲚⲀⲤⲰⲦⲈⲘ ⲈϤϨⲞⲢϢ ⲈϤⲚⲀⲤⲀϪⲒ ⲈϤϨⲢⲞϢ ⲈϤⲚⲀϪⲰⲚⲦ
20 ၂၀ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။
ⲕ̅ⲠϪⲰⲚⲦ ⲄⲀⲢ ⲘⲪⲢⲰⲘⲒ ⲘⲠⲀϤⲈⲢϨⲰⲂ ⲈϮⲘⲈⲐⲘⲎⲒ ⲚⲦⲈⲪⲚⲞⲨϮ.
21 ၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။
ⲕ̅ⲁ̅ⲈⲐⲂⲈⲪⲀⲒ ⲬⲀ ⲐⲰⲖⲈⲂ ⲚⲒⲂⲈⲚ ⲈϦⲢⲎⲒ ⲚⲈⲘ ⲠϨⲞⲨⲞ ⲚⲦⲈϮⲔⲀⲔⲒⲀ ϦⲈⲚⲞⲨⲘⲈⲦⲢⲈⲘⲢⲀⲨϢ ϢⲈⲠ ⲠⲒⲤⲀϪⲒ ⲈⲢⲰⲦⲈⲚ ⲈϤⲢⲎⲦ ⲘⲂⲈⲢⲒ ⲪⲎ ⲈⲦⲈ ⲞⲨⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈⲚⲞϨⲈⲘ ⲚⲚⲈⲦⲈⲚⲮⲨⲬⲎ
22 ၂၂ ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။
ⲕ̅ⲃ̅ϢⲰⲠⲒ ⲈⲢⲈⲦⲈⲚⲞⲒ ⲚⲢⲈϤⲒⲢⲒ ⲘⲠⲒⲤⲀϪⲒ ⲞⲨⲞϨ ⲚⲢⲈϤϬⲒⲤⲘⲎ ⲘⲘⲀⲨⲀⲦϤ ⲀⲚ ⲘⲘⲞⲚ ⲈⲢⲈⲦⲈⲚⲈⲢϨⲀⲖ ⲘⲘⲰⲦⲈⲚ ⲘⲘⲀⲨⲀⲦⲈⲚ ⲐⲎⲚⲞⲨ
23 ၂၃ တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။
ⲕ̅ⲅ̅ⲪⲎ ⲈⲦⲈ ⲚⲞⲨⲢⲈϤϬⲒⲤⲘⲎ ⲠⲈ ⲚⲦⲈⲠⲒⲤⲀϪⲒ ⲞⲨⲞϨ ⲚⲞⲨⲢⲈϤⲈⲢϨⲰⲂ ⲀⲚ ⲠⲈ ⲪⲀⲒ ⲀϤⲞⲚⲒ ⲚⲞⲨⲢⲰⲘⲒ ⲈⲀϤϮⲚⲒⲀⲦϤ ⲘⲠϨⲞ ⲚⲦⲈⲠⲈϤϪⲒⲚⲘⲒⲤⲒ ϦⲈⲚⲞⲨⲒⲀⲖ
24 ၂၄ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။
ⲕ̅ⲇ̅ⲀϤϮⲚⲒⲀⲦϤ ⲄⲀⲢ ⲘⲘⲞϤ ⲞⲨⲞϨ ⲀϤϢⲈ ⲚⲀϤ ⲞⲨⲞϨ ⲤⲀⲦⲞⲦϤ ⲀϤⲈⲢⲠⲰⲂϢ ⲘⲠⲒⲢⲎϮ ⲈⲚⲀϤⲞⲒ ⲘⲘⲞϤ
25 ၂၅ လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။
ⲕ̅ⲉ̅ⲪⲎ ⲆⲈ ⲈⲦⲀϤⲤⲞⲘⲤ ⲤⲪⲚⲞⲘⲞⲤ ⲈⲦϪⲎⲔ ⲈⲂⲞⲖ ⲚϮⲘⲈⲦⲢⲈⲘϨⲈ ⲞⲨⲞϨ ⲚⲦⲈϤⲞϨⲒ ⲚϦⲎⲦϤ ⲘⲠⲀϤⲈⲢⲢⲈϤϬⲒⲤⲘⲎ ⲚⲢⲈϤⲈⲢⲠⲰⲂϢ ⲀⲖⲖⲀ ⲚⲢⲈϤⲒⲢⲒ ⲘⲠⲒϨⲰⲂ ⲪⲀⲒ ⲈϤⲈⲈⲢ ⲞⲨⲘⲀⲔⲀⲢⲒⲞⲤ ϦⲈⲚⲠⲈⲦⲈϤⲒⲢⲒ ⲘⲘⲞϤ.
26 ၂၆ သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။
ⲕ̅ⲋ̅ⲪⲎ ⲆⲈ ⲈⲐⲨⲘⲈⲨⲒ ⲈⲢⲞϤ ϪⲈ ⲞⲨⲢⲈϤϢⲈⲘϢⲒ ⲠⲈ ⲚϤϬⲒⲬⲀⲖⲒⲚⲞⲨⲤ ⲘⲠⲈϤⲖⲀⲤ ⲀⲚ ⲀⲖⲖⲀ ⲀϤⲈⲢϨⲀⲖ ⲘⲠⲈϤϨⲎⲦ ⲞⲨⲈⲪⲖⲎⲞⲨ ⲠⲈ ⲠϢⲈⲘϢⲒ ⲘⲪⲀⲒ
27 ၂၇ ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။
ⲕ̅ⲍ̅ⲠⲒϢⲈⲘϢⲒ ⲆⲈ ⲈⲐⲞⲨⲀⲂ ⲞⲨⲞϨ ⲚⲀⲦⲐⲰⲖⲈⲂ ϦⲀⲦⲈⲚ ⲪⲚⲞⲨϮ ⲞⲨⲞϨ ⲪⲒⲰⲦ ⲪⲀⲒ ⲠⲈ ⲈϪⲈⲘⲠϢⲒⲚⲒ ⲚⲚⲒⲞⲢⲪⲀⲚⲞⲤ ⲚⲈⲘ ⲚⲒⲬⲎⲢⲀ ⲚϦⲢⲎⲒ ϦⲈⲚⲠⲞⲨϨⲞϪϨⲈϪ ⲈⲀⲢⲈϨ ⲈⲢⲞϤ ⲈϤⲞⲒ ⲚⲀⲦⲀϬ ⲚⲒ ⲈⲂⲞⲖ ϨⲀ ⲠⲒⲔⲞⲤⲘⲞⲤ.