< ဟေရှာယ 9 >
1 ၁ သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း၊ နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။
१जी फार त्रासात होती ती त्यावरील विपत्ती घालवून देण्यात येईल. मागील काळी त्याने जबुलून व नफताली प्रांताची, अप्रतिष्ठा केली, पण पुढील काळी समुद्राकडील भाग, यार्देनेच्या पलीकडचा भाग राष्ट्रांचा गालील यांची तो प्रतिष्ठा करील.
2 ၂ မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။
२जे अंधकारात चालत होते अशा लोकांनी मोठा प्रकाश पाहीला आहे; जे कोणी मृत्युच्छायेच्या प्रदेशात राहत होते अशावर प्रकाश पडला आहे.
3 ၃ ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့၎င်း၊ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။
३तू राष्ट्राची वृद्धी केली आहे तू त्यांचा आनंद वाढवला आहे, हंगामाच्या वेळी जसा आनंद होतो, लूट वाटून घेतांना जसा आनंद होतो तसा ते तुझ्यासमोर आनंद करीत आहेत.
4 ၄ အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။
४कारण मिद्यानाच्या दिवसाप्रमाणे, त्यांच्या भाराचे जू, त्यांच्या खांद्यावरचा दंडा, त्याजवर जुलूम करणाऱ्याच्या काठीचा तू चुराडा केला आहे.
5 ၅ စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည်။
५कारण युद्धाच्या गोंधळात फिरलेले प्रत्येक जोडे व रक्ताने माखलेली वस्त्रे जाळण्यात येतील ती अग्नीला भक्ष होतील.
6 ၆ အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။
६कारण आम्हासाठी बाळ जन्मले आहे, आम्हांला पुत्र दिला आहे; आणि त्याच्या खाद्यांवर सत्ता राहिल; आणि त्यास अद्भूत मंत्री, समर्थ देव, सनातन पिता, शांतीचा राजा असे म्हणतील.
7 ၇ ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
७त्याच्या शासनाच्या वृद्धीला व शांतीला अंत राहणार नाही, दावीदाच्या सिंहासनावर बसून त्याचे साम्राज्य न्यायाने व धार्मिकतेने स्थापित व स्थिर करण्यासाठी तो या वेळे पासून सदासर्वकाळ चालवील, सेनाधीश परमेश्वराचा आवेश हे सिद्धीस नेईल.
8 ၈ ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ၏။
८प्रभूने याकोबाच्या विरूद्ध संदेश पाठवीला; आणि तो इस्राएलाच्या ठायी प्राप्त झाला आहे.
9 ၉ အုတ်ရိုးပြို သော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။
९सर्व लोकांस कळून येईल एफ्राईम व शोमरोनाच्या रहिवाशांस सुद्धा, जे गर्वाने व उद्धामपणाने म्हणतात,
10 ၁၀ သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့ အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည်။
१०“विटा पडल्या आहेत, पण आम्ही तासलेल्या दगडांनी पुनः बांधु; उंबराची झाडे तोडून टाकली आहेत, पण आम्ही त्यांच्या जागी गंधसरू लावू.”
11 ၁၁ ထာဝရဘုရားသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊
११म्हणून परमेश्वर त्याच्या विरूद्ध त्याचा शत्रू रसीन याला उठवील, आणि त्याच्या शत्रूंना चेतवील;
12 ၁၂ ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
१२पूर्वेकडून अराम्यांस व पश्चिमेकडून पलिष्टांस उघड्या तोंडाने ते इस्राएलास फस्त करतील, कारण त्याच्या क्रोधामुळे परमेश्वर थांबणार नाही, परंतु मारण्यासाठी त्याचा हात अजूनही उगारलेला राहील.
13 ၁၃ ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။
१३तरीही लोक ज्याने त्यांना फटका दिला त्या देवाकडे वळणार नाहीत, किंवा सेनाधीश परमेश्वराचा शोध घेणार नाहीत.
14 ၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့်အမြီးကို၎င်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို၎င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့် မည်။
१४म्हणून परमेश्वर इस्राएलाचे शीर व शेपूट, तालवृक्षाची फांदी व लव्हाळा एका दिवसात छाटून टाकील.
15 ၁၅ ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူ တည်း။ အမြီးကား၊ မုသာကိုဟောပြောသော ပရော ဖက်တည်း။
१५नेता आणि वडील हे डोके होत; व जो संदेष्टा लबाड्या शिकवतो तो शेपूट होय.
16 ၁၆ ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
१६जे या लोकांस मार्गदर्शन करीतात ते त्यांना चूकीचा मार्ग दाखवतात, आणि जे त्यांच्या मागे जातात त्यांना गिळून टाकतात.
17 ၁၇ ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင် ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ် နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့ သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရား သော စကားကိုပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော် သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက် ရှိသေး၏။
१७म्हणून त्यांच्या तरुण मनुष्यांमुळे प्रभूला संतोष होणार नाही किंवा त्यांच्या अनाथ व विधवांचा कळवळा त्यास येणार नाही, कारण प्रत्येक जन देवाला न मानणारा व वाईट करणारा आहे, आणि प्रत्येक मुख मुर्खतेच्या गोष्टी बोलते. या सर्वामुळे त्याचा क्रोध कमी होत नाही परंतु त्याचा हात फटका देण्यासाठी उगारलेला राहील.
18 ၁၈ အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တတ်ကြလိမ့် မည်။
१८दुष्टता अग्नी सारखी जळत राहते, ती काटेकुटे व काटेझुडपे खाऊन टाकीते; वनातील दाट झाडीतही ती पेट घेते, जिच्या धुराने लोक वर चढतात.
19 ၁၉ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
१९सेनाधीश परमेश्वराच्या कडेवरुन वाहणाऱ्या क्रोधामुळे भूमी दूर पळून गेली आहे, लोक आगीला तेलाप्रमाणे आले आहेत, आपल्या भावाचीही कोणी मनुष्य गय करीत नाही.
20 ၂၀ လက်ျာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည်။
२०ते उजव्या हाताचे मांस कापून खातील आणि तरीही भूकेलेच राहतील; ते डाव्याहाताचे मांस खातील पण तृप्त होणार नाहीत. प्रत्येक जन स्वतःच्या बाहूंचे मांस खातील.
21 ၂၁ မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို၎င်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
२१मनश्शे एफ्राईम फस्त करील, आणि एफ्राईम मनश्शेला; आणि दोघे मिळून यहूदावर चढाई करतील. कारण हे सर्व होऊनही परमेश्वराचा क्रोध कमी होणार नाही, परंतु मारण्यासाठी अजूनही त्याच्या हात उगारलेला राहील.