< ဟေရှာယ 8 >

1 တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။
Og Herren sa til mig: Ta dig en stor tavle og skriv på den med almindelig skrift: Snart bytte, rov i hast!
2 ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
Og jeg vil ta mig sikre vidner, presten Uria og Sakarias, Jeberekjas sønn.
3 ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။
Og jeg gikk inn til profetinnen, og hun blev fruktsommelig og fødte en sønn; og Herren sa til mig: Kall ham Maher-Sjalal Hasj-Bas!
4 အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ၏။
For før gutten skjønner å rope far og mor, skal de bære rikdommene i Damaskus og byttet fra Samaria frem for Assurs konge.
5 တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
Og Herren blev fremdeles ved å tale til mig og sa:
6 ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်၊
Fordi dette folk forakter Siloahs vann, de som rinner så stilt, og gleder sig med Resin og Remaljas sønn,
7 ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊
se, derfor fører Herren over dem elvens vann, de mektige og store - Assurs konge og all hans herlighet - og den stiger over alle sine løp og går over alle sine bredder,
8 ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။
og den trenger inn i Juda, skyller over og velter frem og når folk like til halsen, og dens utspente vinger fyller ditt land, så vidt som det er, Immanuel!
9 အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။
Larm, I folkeslag! I skal dog bli forferdet. Og hør, alle I jordens land langt borte! Rust eder! I skal dog forferdes.
10 ၁၀ တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြ လော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။
Legg op råd! De skal dog gjøres til intet. Tal et ord! Det skal dog ikke skje. For med oss er Gud.
11 ၁၁ ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊
For så sa Herren til mig da hans hånd grep mig med makt, og han advarte mig mot å vandre på dette folks vei:
12 ၁၂ သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့်။ မထိန့်လန့်ကြနှင့်။
I skal ikke kalle alt det sammensvergelse som dette folk kaller sammensvergelse, og hvad det frykter, skal I ikke frykte og ikke reddes for.
13 ၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့။
Herren, hærskarenes Gud, ham skal I holde hellig, og han skal være eders frykt, han skal være eders redsel.
14 ၁၄ ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
Og han skal bli til en helligdom og til en snublesten og en anstøtsklippe for begge Israels hus, til en snare og et rep for Jerusalems innbyggere.
15 ၁၅ ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။
Og mange blandt dem skal snuble, og de skal falle og skamslå sig, og de skal snares og fanges.
16 ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ၏။
Bind vidnesbyrdet inn, forsegl ordet i mine disipler!
17 ၁၇ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည်။
Jeg vil bie efter Herren, som nu skjuler sitt åsyn for Jakobs hus; jeg vil vente på ham.
18 ၁၈ ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။
Se, jeg og de barn Herren har gitt mig, er til tegn og forbilleder i Israel fra Herren, hærskarenes Gud, som bor på Sions berg.
19 ၁၉ တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
Og når de sier til eder: Søk til dødningemanerne og sannsigerne, som hvisker og mumler, da skal I svare: Skal ikke et folk søke til sin Gud? Skal en søke til de døde for de levende?
20 ၂၀ တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
Til ordet og til vidnesbyrdet! - Dersom de ikke sier så, det folk som ingen morgenrøde har,
21 ၂၁ ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကို ကိုယ်နှောင့်ရှက်၍၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိတ်ဆဲကြလိမ့်မည်။
da skal de dra gjennem landet hårdt plaget og hungrige, og når de hungrer, så blir de harme og forbanner sin konge og sin Gud. De skal vende sine øine mot det høie,
22 ၂၂ အထက်သို့မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။
og de skal se ned mot jorden, men se, det er trengsel og mørke, angstfullt mørke; de er støtt ut i natten.

< ဟေရှာယ 8 >