< ဟေရှာယ 8 >
1 ၁ တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။
耶和華對我說:「你取一個大牌,拿人所用的筆,寫上『瑪黑珥‧沙拉勒‧哈施‧罷斯』。
2 ၂ ထိုအခါ သက်သေခံစေခြင်းအလိုငှါ၊ ယုံလောက် သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏ သား ဇာခိရိတို့ကို ငါခေါ်ထား၏။
我要用誠實的見證人,祭司烏利亞和耶比利家的兒子撒迦利亞記錄這事。」
3 ၃ ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့။
我-以賽亞與妻子同室;她懷孕生子,耶和華就對我說:「給他起名叫瑪黑珥‧沙拉勒‧哈施‧罷斯;
4 ၄ အကြောင်းမူကား။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ၊ ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ၏။
因為在這小孩子不曉得叫父叫母之先,大馬士革的財寶和撒馬利亞的擄物必在亞述王面前搬了去。」
5 ၅ တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
耶和華又曉諭我說:
6 ၆ ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်၊
「這百姓既厭棄西羅亞緩流的水,喜悅利汛和利瑪利的兒子;
7 ၇ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊
因此,主必使大河翻騰的水猛然沖來,就是亞述王和他所有的威勢,必漫過一切的水道,漲過兩岸;
8 ၈ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။
必沖入猶大,漲溢氾濫,直到頸項。以馬內利啊,他展開翅膀,遍滿你的地。」
9 ၉ အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြ လော့။
列國的人民哪,任憑你們喧嚷,終必破壞; 遠方的眾人哪,當側耳而聽! 任憑你們束起腰來,終必破壞; 你們束起腰來,終必破壞。
10 ၁၀ တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြ လော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။
任憑你們同謀,終歸無有; 任憑你們言定,終不成立; 因為上帝與我們同在。
11 ၁၁ ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊
耶和華以大能的手,指教我不可行這百姓所行的道,對我這樣說:
12 ၁၂ သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့်။ မထိန့်လန့်ကြနှင့်။
「這百姓說同謀背叛,你們不要說同謀背叛。他們所怕的,你們不要怕,也不要畏懼。
13 ၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့။
但要尊萬軍之耶和華為聖,以他為你們所當怕的,所當畏懼的。
14 ၁၄ ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
他必作為聖所,卻向以色列兩家作絆腳的石頭,跌人的磐石;向耶路撒冷的居民作為圈套和網羅。
15 ၁၅ ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။
許多人必在其上絆腳跌倒,而且跌碎,並陷入網羅,被纏住。」
16 ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ၏။
你要捲起律法書,在我門徒中間封住訓誨。
17 ၁၇ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည်။
我要等候那掩面不顧雅各家的耶和華;我也要仰望他。
18 ၁၈ ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။
看哪,我與耶和華所給我的兒女,就是從住在錫安山萬軍之耶和華來的,在以色列中作為預兆和奇蹟。
19 ၁၉ တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
有人對你們說:「當求問那些交鬼的和行巫術的,就是聲音綿蠻,言語微細的。」你們便回答說:「百姓不當求問自己的上帝嗎?豈可為活人求問死人呢?」
20 ၂၀ တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
人當以訓誨和法度為標準;他們所說的,若不與此相符,必不得見晨光。
21 ၂၁ ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကို ကိုယ်နှောင့်ရှက်၍၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိတ်ဆဲကြလိမ့်မည်။
他們必經過這地,受艱難,受飢餓;飢餓的時候,心中焦躁,咒罵自己的君王和自己的上帝。
22 ၂၂ အထက်သို့မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။
仰觀上天,俯察下地,不料,盡是艱難、黑暗,和幽暗的痛苦。他們必被趕入烏黑的黑暗中去。