< ဟေရှာယ 7 >
1 ၁ ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။
Or il avint aux jours d'Achaz fils de Jotham, fils d'Hozias Roi de Juda, que Retsin Roi de Syrie, et Pékach fils de Rémalja Roi d'Israël, montèrent contre Jérusalem pour lui faire la guerre; mais ils ne la purent forcer.
2 ၂ ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
Et on rapporta à la maison de David, en disant; La Syrie s'est reposée sur Ephraïm. Et le cœur d'Achaz, et le cœur de son peuple fut ébranlé, comme les arbres des forêts sont ébranlés par le vent.
3 ၃ ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သော လမ်း၊ အထက်ရေကန် ပြွန်ဝ၌အာခတ်မင်းကို ကြိုဆို၍ တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊
Alors l'Eternel dit à Esaïe; Sors maintenant au-devant d'Achaz, toi, et Séar-Jasub ton fils, vers le bout du conduit du haut étang, vers le grand chemin du champ du foulon;
4 ၄ သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
Et lui dis; prends garde à toi, et demeure tranquille; ne crains point, et que ton cœur ne devienne point lâche à cause des deux queues de ces tisons fumants, à cause, [dis-je], de l'ardeur de la colère de Retsin et de la Syrie, et du fils de Rémalja.
5 ၅ ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊
De ce que la Syrie a délibéré avec Ephraïm et le fils de Rémalja de te faire du mal, en disant;
6 ၆ ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊
Montons en Judée, et la réveillons, et nous y faisons ouverture, [partageons-la] entre nous, et établissons pour Roi le fils de Tabéal, au milieu d'elle.
7 ၇ ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။
Ainsi a dit le Seigneur, l'Eternel; [cela] n'aura point d'effet, et ne se fera point.
8 ၈ ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။
Car la Capitale de la Syrie c'est Damas, et le Chef de Damas c'est Retsin; et dans soixante-cinq ans Ephraïm sera froissé pour n'être plus un peuple.
9 ၉ ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။
Et la Capitale d'Ephraïm c'est Samarie; et le Chef de Samarie c'est le fils de Rémalja, et si vous ne croyez [ceci], certainement vous ne serez point affermis.
10 ၁၀ တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့။
Et l'Eternel continua de parler avec Achaz, en disant;
11 ၁၁ နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက် အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ (Sheol )
Demande un signe pour toi, de l'Eternel ton Dieu, demande[-le], soit au plus bas lieu, soit dans le plus haut. (Sheol )
12 ၁၂ အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်းပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။
Et Achaz dit; je n'en demanderai point, et je ne tenterai point l'Eternel.
13 ၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကိုငြီးငွေ့စေသည် သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြ မည်လော့။
Alors [Esaïe] dit; ecoutez maintenant, ô Maison de David! Vous est-ce peu de chose de travailler les hommes, que vous travailliez aussi mon Dieu?
14 ၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။
C'est pourquoi le Seigneur lui-même vous donnera un signe; voici, une Vierge sera enceinte, et elle enfantera un fils, et appellera son Nom EMMANUEL;
15 ၁၅ ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။
Il mangera du beurre et du miel, jusques à ce qu'il sache rejeter le mal, et choisir le bien.
16 ၁၆ ထိုသူငယ်သည် မကောင်းသောအရာကိုမပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
Mais avant que l'enfant sache rejeter le mal, et choisir le bien, la terre que tu as en détestation, sera abandonnée par ses deux Rois.
17 ၁၇ ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှ စ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရား သည် သင်၏အပေါ်၌၎င်း၊ သင်၏လူများပေါ်၌၎င်း၊ သင်၏အမျိုးရင်းအပေါ်၌၎င်း၊ ရောက်စေတော်မူမည်။
L'Eternel fera venir sur toi, et sur ton peuple, et sur la maison de ton père, par le Roi d'Assur, des jours tels qu'il n'y en a point eu de semblables depuis le jour qu'Ephraïm se sépara de Juda.
18 ၁၈ ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို၎င်း၊ အာရှုရိပြည်၌ရှိသော ပျား ကောင်ကို၎င်း၊ နှိုးဆော်တော်မူသဖြင့်၊
Et il arrivera qu'en ce jour-là, l'Eternel sifflera aux mouches qui sont au bout des ruisseaux d'Egypte, et aux abeilles qui [sont] au pays d'Assur.
19 ၁၉ သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင်နားကြလိမ့်မည်။
Et elles viendront, et se poseront toutes dans les vallées désertes, et dans les trous des rochers, et par tous les buissons, et par tous les halliers.
20 ၂၀ ထိုကာလတွင် မြစ်ကြီးတဘက်၌နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှါးသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော် မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။
Et ce jour-là, le Seigneur rasera avec le rasoir pris à louage au delà du fleuve, [savoir] avec le Roi d'Assur, la tête et les poils des pieds, et il achèvera aussi la barbe.
21 ၂၁ ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင်၊
Et il arrivera en ce temps-là qu'un homme nourrira une vache et deux brebis.
22 ၂၂ သူတို့၌များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည်။
Mais il arrivera que pour l'abondance du lait qu'elles rendront, il mangera du beurre; car tout homme qui sera demeuré de reste dans le pays, mangera du beurre et du miel.
23 ၂၃ ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည်။
Et il arrivera en ce jour-là que tout lieu où il y aura eu mille vignes, de mille [pièces] d'argent, sera réduit en ronces et en épines.
24 ၂၄ လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည်။ မြေတပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
On y entrera avec des flèches et avec l'arc, car tout le pays [ne] sera [que] ronces et épines.
25 ၂၅ ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ၏။
Et dans toutes les montagnes qu'on essartait avec la serpe, là on ne craindra plus de voir des ronces et des épines, mais ce sera pour y jeter les bœufs, et pour être foulé des brebis.