< ဟေရှာယ 66 >
1 ၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
Så siger HERREN: Himlen er og Jorden mine Fødders Skammel Hvad for et Hus vil I bygge mig, og hvad for et Sted er min Bolig?
2 ၂ ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲ ခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
Alt dette skabte min Hånd, så det fremkom, lyder det fra HERREN. Jeg ser hen til den arme, til den, som har en sønderknust Ånd, og den, som bæver for mit Ord.
3 ၃ တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။
Den, som slagter Okse, er en Manddraber, den, som ofrer Lam, er en Hundemorder, den, som ofrer Afgrøde, frembærer Svineblod, den, som brænder Røgelse, hylder en Afgud. Som de valgte deres egne Veje og ynder deres væmmelige Guder,
4 ၄ ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
så vælger og jeg deres Smerte, bringer over dem, hvad de frygter, fordi de ej svared, da jeg kaldte, ej hørte, endskønt jeg taled, men gjorde, hvad der vakte mit Mishag, valgte, hvad ej var min Vilje.
5 ၅ ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
Hør HERRENs Ord, I, som bæver for hans Ord: Således siger eders Brødre, der hader eder og støder eder bort for mit Navns Skyld: "Lad HERREN vise sig i sin Herlighed, så vi kan se eders Glæde!" Men de skal blive til Skamme!
6 ၆ မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။
Hør, hvor det drøner fra Byen, drøner fra Templet, hør, hvor HERREN øver Gengæld imod sine Fjender!
7 ၇ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား၏။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင်၏။
Før hun er i Barnsnød, føder hun, før end Veer kommer over hende, har hun en Dreng.
8 ၈ ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။
Hvo hørte vel Mage dertil, hvo så vel sligt? Kommer et Land til Verden på en eneste Dag, fødes et Folk på et Øjeblik? Thi Zion kom i Barnsnød og fødte med det samme sine Børn.
9 ၉ သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။
Åbner jeg et Moderliv og hindrer det i Fødsel? siger HERREN. Bringer jeg Fødsel og standser den? siger din Gud.
10 ၁၀ ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
Glæd dig, Jerusalem! Der juble enhver, som har det kær, tag Del i dets Glæde, alle, som sørger over det,
11 ၁၁ သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
for at I må die dets husvalende Barm og mættes, for at I må drikke af dets fulde Bryst og kvæges.
12 ၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
Thi så siger HERREN: Se, jeg leder til hende Fred som en svulmende Flod og Folkenes Rigdom som en Strøm; hendes spæde skal bæres på Hofte, og Kærtegn får de på Skød;
13 ၁၃ အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။
som en Moder trøster sin Søn, således trøster jeg eder, i Jerusalem finder I Trøst.
14 ၁၄ ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။
I skal se det med Hjertens Glæde, eders Ledemod skal spire som Græs. Hos HERRENs Tjenere kendes hans Hånd, men hos hans Fjender Vrede.
15 ၁၅ ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို၎င်း၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို၎င်း ထင်ရှားစွာ ပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည်။
Thi se, som Ild kommer HERREN, og hans Vogne er som et Stormvejr, han vil vise sin Harme i Gløder, sin Trussel i flammende Luer;
16 ၁၆ ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။
thi med Ild og med sit Sværd skal HERREN dømme alt Kød, og mange er HERRENs slagne.
17 ၁၇ တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။
De, som helliger og vier sig for Lundene, følgende en i deres Midte, de, som æder Svinekød og Kød af Kryb og Mus, deres Gerninger og deres Tanker skal forgå til Hobe, lyder det fra HERREN.
18 ၁၈ အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။
Jeg kommer for at samle alle Folk og Tungemål, og de skal komme og se min Herlighed.
19 ၁၉ ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
Jeg fuldbyrder et Under i blandt dem og sender undslupne af dem til Folkene, Tarsis, Pul, Lud, Mesjek, Rosj, Tujal, Javan, de fjerne Strande, som ikke har hørt mit Ry eller set min Herlighed; og de skal forkynde min Herlighed blandt Folkene.
20 ၂၀ ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Og de skal bringe alle eders Brødre fra alle Folk som Gave til HERREN, til Hest, til Vogns, i Bærestol, på Muldyr og Kameler til mit hellige Bjerg Jerusalem, siger HERREN, som når Israelitterne bringer Offergaver i rene Kar til HERRENs Hus.
21 ၂၁ ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Også af dem vil jeg udtage Levitpræster, siger HERREN.
22 ၂၂ ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Thi ligesom de nye Himle og den ny Jord, som jeg skaber, skal bestå for mit Åsyn, lyder det fra HERREN, således skal eders Afkom og Navn bestå.
23 ၂၃ လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Hver Måned på Nymånedagen og hver Uge på Sabbatten skal alt Kød komme og tilbede for mit Åsyn, siger HERREN,
24 ၂၄ ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
og man går ud for at se på Ligene af de Mænd, der faldt fra mig; thi deres Orm dør ikke, og deres Ild slukkes ikke; de er alt Kød en Gru.