< ဟေရှာယ 65 >
1 ၁ ငါ့ကိုမမေးမလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ။ ငါ့ကိုကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ။
၁ငါ့ကို မ မေး မလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ ကိုမ ရှာ သောသူတို့သည် ငါ့ကိုတွေ့ ရ ကြပြီ။ ငါ့ ကိုကြည့် ကြလော့။ ကြည့် ကြလော့ဟု ငါ့ နာမ ကို ပဌနာ မ ပြုသောလူမျိုး အား ငါပြော ဆိုပြီ။
2 ၂ မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ။
၂မိမိ အလို အတိုင်း မ ကောင်း သောလမ်း ကို လိုက် ၍၊ ငြင်းဆန် တတ်သော လူမျိုး ကို မျက်နှာပြုလျက်၊ တနေ့ လုံး ငါသည် ကိုယ် လက် ဝါးကိုဖြန့် ရပြီ။
3 ၃ ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။
၃ထိုလူမျိုး သည် ဥယျာဉ် ၌ ယဇ်ပူဇော် ၍ ၊ အုတ် ပေါ် မှာ လောဗန်ကို မီးရှို့ သဖြင့်၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ၊ ငါ့ မျက်မှောက် ၌ အစဉ် ပြုတတ်၏။
4 ၄ သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ်၏။
၄သင်္ချိုင်း မှာ နေ ၍ ၊ သင်္ချိုင်းတွင်း၌ အိပ် တတ်၏။ ဝက် သား ကို စား ၍၊ ရွံ့ရှာဘွယ် သော အမဲသားပြုတ်ရည် ကို သောက်တတ်၏။
5 ၅ သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည်သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သောမီးကဲ့သို့ ၎င်း ဖြစ်ကြ၏။
၅သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ ထံသို့ မ ချဉ်း နှင့်။ ငါသည်သင့် ထက်သာ၍သန့်ရှင်း သည်ဟု ဆို တတ်၏။ ထို သို့သောသူတို့ သည် ငါ့ နှာခေါင်း ၌ မီးခိုး ကဲ့သို့၎င်း၊ အစဉ် လောင် သောမီး ကဲ့သို့၎င်း ဖြစ်ကြ၏။
6 ၆ ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။
၆ငါ့ ရှေ့ မှာ စာရင်းမှတ် လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ် စွာမ နေ၊ အကျိုးအပြစ်ကို ဆပ် ပေးမည်။
7 ၇ သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
၇သင် တို့၏ ဒုစရိုက် အပြစ်ကို၎င်း ၊ တောင် ပေါ် မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်း ပေါ် မှာ ငါ့ ကိုကဲ့ရဲ့ သော သင် တို့ဘိုးဘေး ၏ ဒုစရိုက် အပြစ်ကို၎င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူ တို့ပြုဘူးသောအကျင့် တို့၏ အကျိုး အပြစ်ကို သူ တို့ရင်ခွင် ၌ ငါခြင် ၍ ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
8 ၈ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။
၈တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်သီးပြွတ် ၌ စပျစ်ရည် ကို တွေ့ သောအခါ မ ဖျက် နှင့်၊ မင်္ဂလာ ရှိသည်ဟု ဆို တတ်သကဲ့သို့ ၊ ထိုအတူ ၊ ငါ့ ကျွန် တို့၏ အကျိုးအလိုငှါ ငါပြု မည်။ အကုန် အစင်မ ဖျက်။
9 ၉ ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။
၉ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။
10 ၁၀ ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။
၁၀ငါ့ ကိုရှာ သော ငါ ၏လူ တို့အဘို့ ၊ ရှာရုန် အရပ်သည် သိုး ခြံ ဖြစ်လိမ့်မည်။ အာခေါ် ချိုင့် သည်လည်း နွား များ အိပ် ရာအရပ်ဖြစ် လိမ့်မည်။
11 ၁၁ သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ၏။
၁၁သင် တို့မူကား ၊ ထာဝရဘုရား ကိုစွန့်ပစ် သောသူ၊ ငါ ၏သန့်ရှင်း သော တောင် ကိုမေ့လျော့ သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲ ကိုခင်း ၍ ၊ မေနိ ဘုရားအား သွန်းလောင်း ရာ ပူဇော် သက္ကာကို ပြင်သောသူဖြစ် ကြ၏။
12 ၁၂ သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။
၁၂သင် တို့ကို ငါရေတွက် ၍ ၊ ထား ၌အပ်မည်။ ရှိသမျှ တို့သည် အသေသတ် ခြင်းကိုခံရအောင် ဦးချ ရကြ လိမ့်မည်။ အကြောင်း မူကား၊ သင်တို့သည် ငါခေါ် သောအခါ မ ထူး ကြ။ ငါပြော သောအခါ နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကို ကျင့် ကြ၏။ ငါမ နှစ်သက် သော အရာကို ရွေး ယူကြ၏။
13 ၁၃ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။
၁၃ထိုကြောင့်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ကျွန် တို့သည် စား ကြလိမ့်မည်။ သင် တို့မူကား ၊ မွတ်သိပ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် သောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရေငတ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် ဝမ်းမြောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရှက် ကြောက် ကြလိမ့်မည်။
14 ၁၄ ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။
၁၄ငါ ၏ကျွန် တို့သည် ရွှင်လန်း သောစိတ် နှင့် သီချင်း ဆိုကြလိမ့်မည်။ သင် တို့မူကား ၊ ဝမ်းနည်း သောစိတ် နှင့် ငိုကြွေး ကြလိမ့်မည်။ ကြေကွဲ သော နှလုံး နှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။
15 ၁၅ သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သော သူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။
၁၅သင်တို့သည် ကိုယ် နာမ ကို၊ ငါ ရွေးကောက် သောသူတို့ ၌ ကျိန်ဆဲ ဘို့ ရာ ကျန်ရစ် စေကြလိမ့်မည်။ အရှင် ထာဝရဘုရား သည် သင် တို့ကို ကွပ်မျက် ၍၊ ကိုယ်တော် ၏ ကျွန် တို့ကို အခြား သောနာမ ဖြင့် မှည့် တော်မူမည်။
16 ၁၆ မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ် ပျောက်လျက်ရှိကြ၏။
၁၆မြေကြီး ပေါ် မှာ မိမိကို မိမိကောင်းကြီး ပေးသောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို အမှီပြု၍ ကောင်းကြီး ပေးလိမ့်မည်။ မြေကြီး ပေါ် မှာ ကျိန်ဆို သောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို တိုင်တည်၍ ကျိန် ဆိုလိမ့်မည်။ အကြောင်း မူကား၊ အရင် အမှု တို့ကို မေ့လျော့ ရ၏။ ငါ့ မျက်မှောက် ၌ ကွယ် ပျောက် လျက်ရှိကြ၏။
17 ၁၇ ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။
၁၇ကြည့်ရှု လော့။ မိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါ ဖန်ဆင်း မည်။ အရင် မိုဃ်းကောင်းကင်နှင့်မြေကြီးကို မ အောက်မေ့ ရ။ နှလုံး မ မှတ်မိ ရ။
18 ၁၈ ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။
၁၈ငါ ဖန်ဆင်း လတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ် အမြဲဝမ်းမြောက် ရွှန်လန်း ကြလိမ့်မည်။ ယေရုရှလင် မြို့ကို ဝမ်းမြောက် စရာအကြောင်း၊ မြို့ သား တို့ကို ရွှင်လန်း စရာအကြောင်းဖြစ်စေခြင်းငှါ ငါ ဖန်ဆင်း ၏။
19 ၁၉ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။
၁၉ငါသည်လည်း ယေရုရှလင် မြို့ကြောင့် ဝမ်းမြောက် မည်။ ငါ ၏လူ တို့ကြောင့် ရွှင်လန်း မည်။ ထိုမြို့ ၌ ငိုကြွေး သံ နှင့် အော်ဟစ် သံ ကို နောက် တဖန်မ ကြား ရ။
20 ၂၀ ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။
၂၀ထို မြို့၌ အသက်ငယ်သောသူငယ် မ ရှိ ရ။ အသက်မ ပြည့်စုံ သော လူအို လည်းမရှိရ။ အသက် တရာ ရှိလျက် သေ သောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ် ရှိသောသူသည် အသက် တရာ ရှိလျက်သေလျှင်၊ ကျိန် ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။
21 ၂၁ ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည်။
၂၁ထိုသူတို့သည် ကိုယ်ဆောက် သောအိမ် ၌ နေ ကြလိမ့်မည်။ ကိုယ်စိုက် သော စပျစ် ဥယျာဉ်အသီး ကို စား ကြ လိမ့်မည်။
22 ၂၂ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။
၂၂သူတို့သည် အိမ်ကို ဆောက် ၍ အခြား သောသူ နေ ရမည်မ ဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက် ၍ အခြား သောသူစား ရမည်မ ဟုတ်။ ငါ ၏ လူ တို့အသက် သည် သစ်ပင် ၏အသက် ကဲ့သို့ ဖြစ်၍ ၊ သူ တို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။
23 ၂၃ ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။
၂၃ငါ ရွေးကောက် သောသူတို့ သည် အချည်းနှီး မ လုပ် မဆောင်ရကြ။ အသက် တိုသော သားကိုမ ဘွား မမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုး အနွယ်တို့သည်၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။
24 ၂၄ ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။
၂၄ငါသည် သူတို့မခေါ် မှီ ကပင် ထူး မည်။ လျှောက် စဉ်တွင် ပင် ငါ နားထောင် မည်။
25 ၂၅ တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။
၂၅တောခွေး နှင့် သိုးသငယ် တို့သည် အတူကျက်စား ကြလိမ့်မည်။ ခြင်္သေ့ သည်နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။ မြွေ မူကား ၊ မြေမှုန့် ကိုသာ စား ရလိမ့်မည်။ ငါ ၏ သန့်ရှင်း သောတောင် တပြင် လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကို မ ပြုရကြဟု ထာဝရဘုရား မိန့် တော်မူ ၏။