< ဟေရှာယ 64 >
1 ၁ ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။
၁ကိုယ်တော်ရှင်သည်အဘယ်ကြောင့်မိုးကောင်းကင် ကိုဖွင့်လှစ်၍ ဆင်းသက်ကြွလာတော်မမူပါ သနည်း။ တောင်များသည်ကိုယ်တော်ရှင်ကို မြင်၍ကြောက်လန့်တုန်လှုပ်ကြပါလိမ့်မည်။-
2 ၂ မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။
၂သူတို့သည်မီးပေါ်တွင် ဆူပွက်နေသည့်ရေကဲ့ သို့တုန်လှုပ်ကြပါလိမ့်မည်။ ကြွလာတော်မူ၍ ရန်သူတို့အား ကိုယ်တော်ရှင်၏တန်ခိုးတော် ကိုပြတော်မူပါ။ လူမျိုးတကာတို့အား ရှေ့တော်၌တုန်လှုပ်စေတော်မူပါ။-
3 ၃ အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။
၃အခါတစ်ပါးကကိုယ်တော်ရှင်သည်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့မမျှော်လင့်သည့် ကြောက်လန့်ဖွယ်ရာအမှုများကိုပြုတော်မူ ပါ၏။ တောင်များသည်ကိုယ်တော်ရှင်ကိုမြင် ၍ကြောက်စိတ်နှင့်တုန်လှုပ်ကြပါ၏။-
4 ၄ ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။
၄မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။-
5 ၅ ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော။
၅ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။-
6 ၆ အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။
၆ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
7 ၇ နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။
၇ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
8 ၈ သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
၈သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
9 ၉ အိုထာဝရဘုရား၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏ လူဖြစ်ကြပါ၏။
၉ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။-
10 ၁၀ သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ။
၁၀ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့ များသည် သဲကန္တာရသဖွယ်ဖြစ်၍ ယေရု ရှလင်မြို့သည်လည်းပျက်စီးယိုယွင်း လျက် လူသူကင်းမဲ့ရာဖြစ်၍နေပါ၏။-
11 ၁၁ ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ၏။
၁၁ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။-
12 ၁၂ အိုထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။
၁၂အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အမှုအရာများကြောင့်စိတ်ထိခိုက်လှုပ်ရှား မှုဖြစ်တော်မမူပါသလော။ ကိုယ်တော်ရှင် သည်ငြိမ်သက်စွာနေတော်မူလျက်ကျွန် တော်မျိုးတို့အားမိမိတို့၏ခံနိုင်ရည်ထက် ပို၍ဆင်းရဲဒုက္ခရောက်စေတော်မူပါမည် လော။