< ဟေရှာယ 63 >

1 တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။
این کیست که از بصرهٔ ادوم می‌آید؟ این کیست که در لباسی باشکوه و سرخ رنگ، با قدرت و اقتدار گام بر زمین می‌نهد؟ «این منم، خداوند، که نجاتتان را اعلام می‌کنم! این منم که قدرت دارم نجات دهم.»
2 ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း။
چرا لباس او اینچنین سرخ است؟ مگر او در چرخشت، انگور زیر پای خود فشرده است؟
3 စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။
خداوند پاسخ می‌دهد: «بله، من به تنهایی انگور را در چرخشت، زیر پا فشردم. کسی نبود به من کمک کند. در غضب خود، دشمنانم را مانند انگور زیر پا له کردم. خون آنان بر لباسم پاشید و تمام لباسم را آلوده کرد.
4 အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။
وقتش رسیده بود که انتقام قوم خود را بگیرم و ایشان را از چنگ دشمنان نجات دهم.
5 ငါကြည့်ရှု၍ မစသော သူမရှိ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။
نگاه کردم ببینم کسی به کمک من می‌آید، اما با کمال تعجب دیدم کسی نبود. پس، خشم من مرا یاری کرد و من به تنهایی پیروز شدم.
6 လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။
با خشم خود قومها را زار و ناتوان کرده، آنها را پایمال نمودم و خونشان را به زمین ریختم.»
7 ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို၎င်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို၎င်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။
از لطف و مهربانی خداوند سخن خواهم گفت و به سبب تمام کارهایی که برای ما کرده است او را ستایش خواهم کرد. او با محبت و رحمت بی‌حد خویش قوم اسرائیل را مورد لطف خود قرار داد.
8 အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူ သဖြင့်၊ သူတို့ကို ကယ်နှုတ်တော်မူ၏။
خداوند فرمود: «بنی‌اسرائیل قوم من هستند و به من خیانت نخواهند کرد.» او نجا‌ت‌دهندۀ ایشان شد
9 အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
و در تمامی رنجهای ایشان، او نیز رنج کشید، و فرشتۀ حضور وی ایشان را نجات داد. در محبت و رحمت خود ایشان را رهانید. سالهای سال ایشان را بلند کرد و حمل نمود.
10 ၁၀ သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။
اما ایشان نافرمانی کرده، روح قدوس او را محزون ساختند. پس، او نیز دشمن ایشان شد و با آنان جنگید.
11 ၁၁ ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊
آنگاه ایشان گذشته را به یاد آوردند که چگونه موسی قوم خود را از مصر بیرون آورد. پس، فریاد برآورده گفتند: «کجاست آن کسی که بنی‌اسرائیل را به رهبری موسی از میان دریا عبور داد؟ کجاست آن خدایی که روح قدوس خود را به میان قومش فرستاد؟
12 ၁၂ မောရှေ၏လက်ျာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှါ၊ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့်၊
کجاست او که وقتی موسی دست خود را بلند کرد، با قدرت عظیم خود دریا را در برابر قوم اسرائیل شکافت و با این کار خود شهرت جاودانی پیدا کرد؟
13 ၁၃ လွင်ပြင်၌ မြင်းကို နှင်သကဲ့သို့၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း။
چه کسی ایشان را در اعماق دریا رهبری کرد؟ آنان مانند اسبانی اصیل که در بیابان می‌دوند، هرگز نلغزیدند.
14 ၁၄ ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
آنان مانند گله‌ای بودند که آرام در دره می‌چرند، زیرا روح خداوند به ایشان آرامش داده بود. «بله، تو قوم خود را رهبری کردی، و نام تو برای این کار شهرت یافت.»
15 ၁၅ ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော် အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။
ای خداوند از آسمان به ما نگاه کن و از جایگاه باشکوه و مقدّست به ما نظر انداز. کجاست آن محبتی که در حق ما نشان می‌دادی؟ کجاست قدرت و رحمت و دلسوزی تو؟
16 ၁၆ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ၏။
تو پدر ما هستی! حتی اگر ابراهیم و یعقوب نیز ما را فراموش کنند، تو ای یهوه، از ازل تا ابد پدر و نجا‌ت‌دهندۀ ما خواهی بود.
17 ၁၇ အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်ုပ်တို့အတွက်၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ။
خداوندا، چرا گذاشتی از راههای تو منحرف شویم؟ چرا دلهایی سخت به ما دادی تا از تو نترسیم؟ به خاطر بندگانت بازگرد! به خاطر قومت بازگرد!
18 ၁၈ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
ما، قوم مقدّس تو، مدت زمانی کوتاه مکان مقدّس تو را در تصرف خود داشتیم، اما اینک دشمنان ما آن را ویران کرده‌اند.
19 ၁၉ အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပါ၏။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း။
ای خداوند، چرا با ما طوری رفتار می‌کنی که گویا هرگز قوم تو نبوده‌ایم و تو نیز هرگز رهبر ما نبوده‌ای؟

< ဟေရှာယ 63 >