< ဟေရှာယ 61 >
1 ၁ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
吾主上主的神臨到我身上,因為上主給我傅了油,派遣我向貧苦的人傳報喜信,治療破碎了的心靈,向俘虜宣告自由,釋放獄中的囚徒,
2 ၂ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း၊
宣佈上主恩慈的喜年,揭示我們天主報仇的日期,安慰一切憂苦的人,
3 ၃ စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘော အရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။
給熙雍悲哀的人一項冠冕來代替灰塵,喜樂的油以代替喪服,頌讚以代替沮喪的心神。他們將被稱為正義的橡樹,上主為光榮自己所種植的園地。
4 ၄ ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်။
他們要重建古時的廢址,興建往日的荒域,建造傾圮的城邑,數代荒涼的地方。
5 ၅ တပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့သိုးစု များကို ထိန်းကျောင်းကြလိမ့်မည်။ တကျွန်းတနိုင်ငံသား တို့သည် သင်တို့အဘို့ လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။
外邦人要來為你們牧放羊群,外方人的兒子要作你們的農夫和葡萄園丁。
6 ၆ သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရော ဟိတ်ဟူ၍၎င်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍ ၎င်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို စား၍၊ သူတို့၏ ဘုန်းအသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
你們要被稱為「上主的司祭」人要稱你們為「我們天主的侍役;」你們要享用萬民的財物,以他們的財寶而誇耀。
7 ၇ သင်တို့အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကို ခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည်။
因為他們受了雙重的恥辱,侮辱與唾罵是他們的家業,因此他們要承受雙倍的土地;永遠的喜樂將歸屬於他們。
8 ၈ အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှု နှင့် အဓမ္မအမှုကို မုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည်။ သူတို့နှင့် ထာဝရပဋိညာဉ်ကို ဖွဲ့မည်။
因為我是愛慕公義的上主,我惱恨不義的搶劫;我要憑忠實賜給他們報酬,與他們訂立一項永久的盟約。
9 ၉ သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသားနေရာအရပ်ရပ်၌ ကျော်စောကြလိမ့် မည်။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သော အမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။
他們的後裔在列國中,他們的苗裔在萬民中,要受人賞識;凡看見他們的,必要承認他們是上主所祝福的後裔。
10 ၁၀ ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့၎င်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။
我要萬分喜樂於上主,我的心靈要歡躍於我的天主,因為他給我穿上救恩的衣服,給我披上義德的外衣,使我有如頭戴花冠的新郎,有如佩帶珍珠的新娘。
11 ၁၁ မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့၎င်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည်။
正如大地怎樣產生苗芽,田園怎樣使種子發芽,吾主上主也要怎樣在萬民前產生正義和讚揚。