< ဟေရှာယ 60 >

1 သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။
အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။
2 ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။
အ​ခြား​အ​မျိုး​သား​တို့​နှင့်​ကမ္ဘာ​ပေါ်​တွင်​အ​မှောင် လွှမ်း​လျက်​နေ​မည်​ဖြစ်​သော်​လည်း၊ သင်​၏​အ​ပေါ်​၌​မူ​ထာ​ဝ​ရ​ဘု​ရား​၏​အ​လင်း​တော် ထွန်း​တောက်​လျက်​နေ​လိမ့်​မည်။ မျက်​နှာ​တော်​မှ​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​သို့​သက်​ရောက်​၍ တည်​နေ​တော်​မူ​လိမ့်​မည်။
3 တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့၎င်း လာကြလိမ့်မည်။
လူ​မျိုး​တ​ကာ​တို့​သည်​သင်​၏ အ​လင်း​ရှိ​ရာ​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည်​သင်​၏​တက်​သစ်​စ နေ​အ​ရုဏ်​ရောင်​ခြည်​သို့​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်။
4 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။
သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။
5 ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ၍၊ တပါးအမျိုးသားတို့၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည်။
သင်​သည်​ဤ​အ​မှု​အ​ရာ​ကို​မြင်​၍​ရွှင်​လန်း ဝမ်း​မြောက်​ရ​လိမ့်​မည်။ စိတ်​နှ​လုံး​ထိ​ခိုက်​တုန်​လှုပ်​လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​မိမိ​တို့​၏​စည်း​စိမ် ချမ်း​သာ​များ​ကို သင်​၏​ထံ​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​ပင်​လယ်​ရပ်​ခြား မှ ရောက်​ရှိ​လာ​လိမ့်​မည်။
6 ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။
ဝန်​တင်​ကု​လား​အုပ်​တပ်​ကြီး​များ​သည် မိ​ဒျန်​ပြည်​နှင့်​ဧ​ဖာ​ပြည်​မှ​ရောက်​ရှိ​လာ​၍ သင်​၏​ဒေ​သ​ကို​လွှမ်း​မိုး​လိမ့်​မည်။ ရှေ​ဘ​ပြည်​မှ​ရွှေ​နှင့်​နံ့​သာ​ပေါင်း​ကို​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။
7 ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင် ၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ ဘုန်းပွင့်စေမည်။
ကေ​ဒါ​ပြည်​နှင့်​န​ဗာ​ယုတ်​ပြည်​တို့​မှ​သိုး​ရှိ သ​မျှ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​သင်​၏​ထံ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​စေ​ရန် ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဗိ​မာန်​တော်​ကို အ​ဘယ်​အ​ခါ​နှင့်​မျှ​မ​တူ​အောင်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့်​မည်။
8 မိုဃ်းတိမ်ကဲ့သို့၎င်း၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့၎င်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
မိုး​တိမ်​များ​ကဲ့​သို့​လည်း​ကောင်း၊အိပ်​တန်း​ပြန် ချိုး​ငှက်​များ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မျက်​နှာ​ပြင်​ကို​လျှပ်​၍​လာ​နေ​သော​သ​င်္ဘော​များ ကား​အ​ဘယ်​သင်္ဘော​များ​နည်း။
9 အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကိုပွင့်စေ သော၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရားကြောင့် ၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည်။
ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။
10 ၁၀ တပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြ လိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကို ဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။
၁၀ထာ​ဝ​ရ​ဘု​ရား​က​ယေ​ရု​ရှ​လင်​မြို့​အား ``လူ​မျိုး​ခြား​တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​များ​သည်​လည်း​သင်​တို့​၏ အ​စေ​ကို​ခံ​ကြ​လိမ့်​မည်။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား အ​ပြစ်​ဒဏ်​ခတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​သင်​တို့​အား​မျက်​နှာ သာ​ပေး​၍ က​ရု​ဏာ​ပြ​တော်​မူ​မည်။
11 ၁၁ တပါးအမျိုးသားတို့၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့၍၊ သူတို့၏ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည်။
၁၁လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊ သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။
12 ၁၂ အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှု ကို မဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့် မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
၁၂သို့​ရာ​တွင်​သင်​၏​အ​စေ​ကို​မ​ခံ​သည့် လူ​မျိုး​တို့​မူ​ကား၊လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။
13 ၁၃ ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင်၊ တဒေရပင်၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည်။
၁၃``အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​ပြန်​လည်​တည်​ဆောက်​၍ ငါ​၏​ဗိ​မာန်​တော်​ကို​လှ​ပ​တင့်​တယ်​စေ​ရန်​နှင့်၊ ငါ​ခြေ​ချ​ရာ​နေ​ရာ​ကို​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​ရန် သူ​တို့​သည်​လေ​ဗ​နုန်​တော​မှ​လက်​ရွေး​စင် ထင်း​ရှူး​သား၊ တ​ဒေ​ရ​သား​နှင့်​တာ​ရှု​ရ​သား​တို့​ကို သင့်​ထံ​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။
14 ၁၄ သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။
၁၄သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏ သား​မြေး​များ​သည်​သင့်​ထံ​လာ​ရောက်​၍ ဦး​ညွှတ် အ​လေး​ပြု​ကြ​လိမ့်​မည်။ အ​ခါ​တစ်​ပါး​က​သင့်​အား​မ​ထီ​မဲ့​မြင် ပြု​သူ​အ​ပေါင်း​တို့​သည်​သင်​၏​ခြေ​ရင်း​၌ ပျပ်​ဝပ် ရှိ​ခိုး​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​မြို့​တော်' ဟူ​၍​လည်းကောင်း၊ `ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​ဇိ​အုန်' ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်။
15 ၁၅ သင့်ကို အဘယ်သူမျှ ရှောက်၍ မသွားရမည် အကြောင်း၊ သူတပါးတို့သည် သင့်ကို စွန့်ပစ် ရွံရှာကြ သည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ်ဖြစ် စေမည်။ လူမျိုးအစဉ်အဆက်ဝမ်းမြောက်စရာအကြောင်း လည်း ဖြစ်စေမည်။
၁၅``သင်​သည်​လူ​သူ​ဆိတ်​ငြိမ်​လျက်​စွန့်​ပစ်​မုန်း​တီး ခြင်း​ကို ခံ​ရ​သော​မြို့​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​သည်​သင့်​ကို​ခမ်း​နား​ကြီး​ကျယ်​လှ​ပ​စေ​၍ ကာ​လ​အ​စဉ်​အ​ဆက် ရွှင်​လန်း​ချမ်း​မြေ့​ဖွယ်​ကောင်း​သည့်​မြို့​ဖြစ်​စေ​မည်။
16 ၁၆ သင်သည် တပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့် မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကို ကယ်တင်သောသူ၊ ယာ ကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည်၊ သင့်ကို ရွေး နှုတ်သော သူဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။
၁၆မိ​ခင်​သည်​သား​ငယ်​ကို​နို့​ချို​တိုက်​ကျွေး​သ​ကဲ့​သို့၊ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် သင့်​ကို​ကြည့်​ရှု​ပြု​စု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ကယ်​တင်​တော် မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် သင့်​အား​ကျွန်​ဘဝ​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည်​သိ​ရှိ​ရ​လိမ့်​မည်။
17 ၁၇ ကြေးဝါအရာ၌ ရွှေကို၎င်း၊ သံအရာ၌ ငွေကို ၎င်း၊ သစ်သားအရာ၌ ကြေးဝါကို၎င်း၊ ကျောက်အရာ၌ သံကို၎င်း ငါဆောင်ခဲ့မည်။ သင်၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည်။
၁၇``ငါ​သည်​သင့်​အား​ကြေး​ဝါ​အ​စား​ရွှေ၊ သံ​အ​စား​ငွေ​နှင့်​သစ်​သား​အ​စား​ကြေး​ဝါ ကို ပေး​တော်​မူ​မည်။ သင်​သည်​ကျောက်​အ​စား​သံ​ကို​ရ​ရှိ​လိမ့်​မည်။ သင်​တို့​ကို​အုပ်​ချုပ်​သူ​တို့​အား​တ​ရား​မျှ​တ ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​စေ​မည်။
18 ၁၈ သင်၏ပြည်၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍ ၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍၎င်း သမုတ်ရလိမ့် မည်။
၁၈အ​ကြမ်း​ဖက်​မှု​အ​သံ​ဗ​လံ​များ​ပေါ်​ထွက် ရ​တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း​နောက်​တစ်​ဖန်​လု​ယက် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မြို့​ရိုး​သ​ဖွယ်​သင့်​ကို​ကာ​ကွယ်​စောင့် ရှောက်​မည်။ သင်​သည်​လည်း​မိ​မိ​ကို​ကယ်​တင်​သည့်​အ​တွက် ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်။
19 ၁၉ နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။
၁၉``နေ့​အ​ခါ​နေ​သည်​လည်း​ကောင်း၊ ညဥ့်​အ​ခါ​လ​သည်​လည်း​ကောင်း၊ သင်​၏​အ​လင်း​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​သင်​၏ အ​တွက် ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ငါ​၏​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လိမ့်​မည်။
20 ၂၀ နောက်တဖန် သင်၏နေသည်မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။
၂၀ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏​အ​တွက်​နေ​လ​တို့​ထက် ပို​မို​တည်​တံ့​သည့်​ထာ​ဝ​စဉ်​အ​လင်း​ဖြစ်​လိမ့်​မည်။ ထို့​ကြောင့်​သင်​ဝမ်း​နည်း​ပူ​ဆွေး​ရာ​နေ့​ရက်​များ​သည် ကုန်​ဆုံး​၍​သွား​လိမ့်​မည်။
21 ၂၁ သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည် တော်ကို အစဉ်အမြဲအမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်း ငှါ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့် မည်။
၂၁သင်​၏​လူ​အ​ပေါင်း​တို့​သည်​မှန်​ရာ​ကို​ပြု​ကျင့် ကြ​လျက်၊ ပြည်​တော်​ကို​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ရ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငါ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ရန်၊ ငါ​သည်​သူ​တို့​ကို​ပြု​စု​ပျိုး​ထောင်​ခဲ့​ပြီ။
22 ၂၂ သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့် မည်။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။
၂၂သင်​၏​အ​နည်း​ဆုံး​အ​ညံ့​ဆုံး​သော​သူ​ပင်​လျှင်၊ ထောင်​ချီ​လျက်​များ​ပြား​လာ​ပြီး တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​သ​ဖွယ်​ကြီး​မြတ်​၍ လာ​လိမ့်​မည်။ အ​ချိန်​ကျ​လျှင်​ငါ​သည်​ဤ​အ​တိုင်း​လျင်​မြန်​စွာ ဖြစ်​ပျက်​စေ​တော်​မူ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​သည် တ​ကား။''

< ဟေရှာယ 60 >