< ဟေရှာယ 57 >
1 ၁ ဖြောင့်မတ်သော သူသည် ဆုံး၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။
Mwenye haki hupotea, wala hakuna hata mmoja awazaye hilo moyoni mwake; watu wanaomcha Mungu huondolewa, wala hakuna hata mmoja anayeelewa kuwa wenye haki wameondolewa ili wasipatikane na maovu.
2 ၂ ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
Wale waendao kwa unyofu huwa na amani; hupata pumziko walalapo mautini.
3 ၃ စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။
“Lakini ninyi: Njooni hapa, ninyi wana wa wachawi, ninyi wazao wa wazinzi na makahaba!
4 ၄ သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော။
Mnamdhihaki nani? Ni nani mnayemcheka kwa dharau, na kumtolea ndimi zenu? Je, ninyi si watoto wa waasi, uzao wa waongo?
5 ၅ စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော။
Mnawaka tamaa katikati ya mialoni na chini ya kila mti uliotanda matawi; mnawatoa kafara watoto wenu kwenye mabonde na chini ya majabali yenye mianya.
6 ၆ ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏ တာရှိ၏။ ထိုသို့သော အရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။
“Sanamu zilizo katikati ya mawe laini ya mabondeni ndizo fungu lenu; hizo ndizo sehemu yenu. Naam, kwa hizo mmemimina sadaka za vinywaji, na kutoa sadaka za nafaka. Katika haya yote, niendelee kuona huruma?
7 ၇ မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင် ကို ထားပြီလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။
Umeweka kitanda chako juu kwenye kilima kirefu kilichoinuka, huko ulikwenda kutoa dhabihu zako.
8 ၈ သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိ ခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကို လည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။
Nyuma ya milango yako na miimo yako umeweka alama zako za kipagani. Kwa kuniacha mimi, ulifunua kitanda chako, umepanda juu yake na kukipanua sana; ulifanya patano na wale ambao unapenda vitanda vyao, nawe uliangalia uchi wao.
9 ၉ ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ (Sheol )
Ulikwenda kwa Moleki ukiwa na mafuta ya zeituni, na ukaongeza manukato yako. Ukawatuma wajumbe wako mbali sana, ukashuka kwenye kaburi lenyewe! (Sheol )
10 ၁၀ ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
Ulikuwa umechoshwa na njia zako zote, lakini hukusema, ‘Hakuna tumaini.’ Ulipata uhuisho wa nguvu zako, kwa sababu hiyo hukuzimia.
11 ၁၁ သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
“Ni nani uliyemhofu hivyo na kumwogopa hata ukawa mwongo kwangu, wala hukunikumbuka au kutafakari hili moyoni mwako? Si ni kwa sababu nimekuwa kimya muda mrefu hata huniogopi?
12 ၁၂ သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည်။
Nitaifunua haki yako na matendo yako, nayo hayatakufaidi.
13 ၁၃ ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည်။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစား သော သူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။
Utakapolia kwa kuhitaji msaada, sanamu zako ulizojikusanyia na zikuokoe! Upepo utazipeperusha zote, pumzi peke yake itazipeperusha, Lakini mtu atakayenifanya kimbilio lake, atairithi nchi na kuumiliki mlima wangu mtakatifu.”
14 ၁၄ ထိုအခါ မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
Tena itasemwa: “Jengeni, jengeni, itengenezeni njia! Ondoeni vikwazo katika njia ya watu wangu.”
15 ၁၅ အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
Kwa maana hili ndilo asemalo Aliye juu, yeye aliyeinuliwa sana, yeye aishiye milele, ambaye jina lake ni Mtakatifu: “Ninaishi mimi mahali palipoinuka na patakatifu, lakini pia pamoja na yeye aliye na roho iliyotubu na mwenye roho ya unyenyekevu, ili kuzihuisha roho za wanyenyekevu na kuihuisha mioyo yao waliotubu.
16 ၁၆ ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ်။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
Sitaendelea kulaumu milele, wala sitakasirika siku zote, kwa kuwa roho ya mwanadamu ingezimia mbele zangu: yaani pumzi ya mwanadamu niliyemuumba.
17 ၁၇ သူ၏လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ၏။
Nilighadhibika na tamaa yake ya dhambi; nilimwadhibu, nikauficha uso wangu kwa hasira, na bado aliendelea katika njia zake za tamaa.
18 ၁၈ သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။
Nimeziona njia zake, lakini nitamponya, nitamwongoza na kumrudishia upya faraja,
19 ၁၉ ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေး သောသူ၌၎င်း၊ နီးသောသူ၌၎င်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
nikiumba sifa midomoni ya waombolezaji katika Israeli. Amani, amani, kwa wale walio mbali na kwa wale walio karibu,” asema Bwana. “Nami nitawaponya.”
20 ၂၀ မတရားသော သူတို့မူကား၊ မငြိမ်နိုင်ဘဲ လှုပ် ရှား၍၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏။
Bali waovu ni kama bahari ichafukayo, ambayo haiwezi kutulia, mawimbi yake hutupa takataka na matope.
21 ၂၁ မတရားသော သူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင် မိန့်တော်မူ၏။
Mungu wangu asema, “Hakuna amani kwa waovu.”