< ဟေရှာယ 57 >

1 ဖြောင့်မတ်သော သူသည် ဆုံး၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။
義人死亡, 無人放在心上; 虔誠人被收去, 無人思念。 這義人被收去是免了將來的禍患;
2 ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
他們得享平安。 素行正直的,各人在墳裏安歇。
3 စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။
你們這些巫婆的兒子, 姦夫和妓女的種子, 都要前來!
4 သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော။
你們向誰戲笑? 向誰張口吐舌呢? 你們豈不是悖逆的兒女, 虛謊的種類呢?
5 စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော။
你們在橡樹中間,在各青翠樹下慾火攻心; 在山谷間,在石穴下殺了兒女;
6 ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏ တာရှိ၏။ ထိုသို့သော အရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။
在谷中光滑石頭裏有你的分。 這些就是你所得的分; 你也向他澆了奠祭,獻了供物, 因這事我豈能容忍嗎?
7 မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင် ကို ထားပြီလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။
你在高而又高的山上安設床榻, 也上那裏去獻祭。
8 သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိ ခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကို လည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။
你在門後,在門框後, 立起你的紀念; 向外人赤露,又上去擴張床榻, 與他們立約; 你在那裏看見他們的床就甚喜愛。
9 ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ (Sheol h7585)
你把油帶到王那裏, 又多加香料, 打發使者往遠方去, 自卑自賤直到陰間, (Sheol h7585)
10 ၁၀ ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
你因路遠疲倦, 卻不說這是枉然; 你以為有復興之力, 所以不覺疲憊。
11 ၁၁ သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
你怕誰?因誰恐懼? 竟說謊,不記念我, 又不將這事放在心上。 我不是許久閉口不言, 你仍不怕我嗎?
12 ၁၂ သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည်။
我要指明你的公義; 至於你所行的都必與你無益。
13 ၁၃ ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည်။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစား သော သူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။
你哀求的時候, 讓你所聚集的拯救你吧! 風要把他們颳散, 一口氣要把他們都吹去。 但那投靠我的必得地土, 必承受我的聖山為業。
14 ၁၄ ထိုအခါ မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
耶和華要說: 你們修築修築,預備道路, 將絆腳石從我百姓的路中除掉。
15 ၁၅ အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
因為那至高至上、永遠長存 名為聖者的如此說: 我住在至高至聖的所在, 也與心靈痛悔謙卑的人同居; 要使謙卑人的靈甦醒, 也使痛悔人的心甦醒。
16 ၁၆ ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ်။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
我必不永遠相爭,也不長久發怒, 恐怕我所造的人與靈性都必發昏。
17 ၁၇ သူ၏လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ၏။
因他貪婪的罪孽,我就發怒擊打他; 我向他掩面發怒, 他卻仍然隨心背道。
18 ၁၈ သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။
我看見他所行的道,也要醫治他; 又要引導他, 使他和那一同傷心的人再得安慰。
19 ၁၉ ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေး သောသူ၌၎င်း၊ နီးသောသူ၌၎င်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
我造就嘴唇的果子; 願平安康泰歸與遠處的人, 也歸與近處的人; 並且我要醫治他。 這是耶和華說的。
20 ၂၀ မတရားသော သူတို့မူကား၊ မငြိမ်နိုင်ဘဲ လှုပ် ရှား၍၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏။
惟獨惡人,好像翻騰的海, 不得平靜; 其中的水常湧出污穢和淤泥來。
21 ၂၁ မတရားသော သူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင် မိန့်တော်မူ၏။
我的上帝說:惡人必不得平安!

< ဟေရှာယ 57 >