< ဟေရှာယ 54 >

1 သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေး ကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
သားမ ဘွား သော အမြုံ မ၊ ဝမ်းမြောက်လော့။ သားဘွား ခြင်းဝေဒနာကို မ ခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်း မူကား၊ စွန့် ထားသော မိန်းမသည် လင် ရှိသောမိန်းမထက်သာ၍ များသော သား တို့ကို ဘွားမြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
2 သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိ နှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက် လော့။
သင် ၏တဲ ရာ ကို ကျယ် စေလော့။ သင် ၏နေရာ မျက်နှာကြက် ကို ကြက် ဦးလော့။ နှမြော သောစိတ် မ ရှိ နှင့်။ ကြိုး တို့ကို ရှည် စေဦးလော့။ တိုင် တို့ကို မြဲစွာ စိုက် လော့။
3 အကြောင်းမူကား၊ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံ သော မြို့တို့၌ နေကြလိမ့်မည်။
အကြောင်း မူကား၊ သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ တိုးပွား လိမ့်မည်။ သင် ၏အမျိုး အနွယ်သည် တပါး အမျိုးသားတို့ကို အမွေ ခံ၍ ၊ သူတို့၏ ဆိတ်ညံ သော မြို့ တို့၌ နေ ကြလိမ့်မည်။
4 မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ။
မ စိုးရိမ် နှင့်။ ရှက်ကြောက် ခြင်းသို့မ ရောက်ရ။ မျက်နှာ မ ပျက်နှင့်။ အရှက်ကွဲ ခြင်းကို မ ခံရ။ အသက် ငယ်စဉ်အခါ ခံရသောရှက်ကြောက် ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမ ဖြစ်၍ ခံရသောကဲ့ရဲ့ ခြင်းကို နောက် တဖန် မ အောက်မေ့ ရ။
5 အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူ သည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်း။ သင့်ကို ရွေးနှုတ် သော သူသည် ဣသရေလအမျိုး၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။
အကြောင်း မူကား၊ သင့် ကို ဖန်ဆင်း သော သူသည် သင် ၏လင် ဖြစ်တော်မူ၏။ နာမ တော်ကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရ ဘုရားတည်း။ သင့် ကို ရွေးနှုတ် သောသူသည် ဣသရေလ အမျိုး၌ သန့်ရှင်း သော ဘုရား ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ကို အစိုးရသောဘုရားဟူ၍ခေါ် ရကြ၏။
6 စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင် မိန့်တော်မူ၏။
စွန့်ပစ် ၍ စိတ် ငြိုငြင် သော မိန်းမ ၊ ငယ် စဉ်တွင်မယား ဖြစ်၍ ၊ နောက်မှငြင်းပယ် သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့် ကို ငါခေါ် မည်ဟု သင် ၏ဘုရား သခင်မိန့် တော်မူ၏။
7 သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည်။
သင့်ကို ခဏ သာ ငါစွန့် သည် ဖြစ်၍ ၊ များ စွာသော ကရုဏာ နှင့် တဖန်သိမ်းဆည်း ဦးမည်။
8 ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။
ပြင်းစွာသော အမျက် ထွက်၍ ခဏ မျှ ငါမျက်နှာ လွှဲ သော်လည်း ၊ ထာဝရ မေတ္တာ နှင့် သင့် ကို ကယ်မသနား ဦးမည်ဟု သင့် ကို ရွေးနှုတ် သော ထာဝရဘုရား မိန့် တော်မူ ၏။
9 နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည် မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက် မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။
နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။
10 ၁၀ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
၁၀တောင် ကြီးတို့သည် ရွေ့ ၍ ၊ တောင် ငယ်တို့သည် လှုပ်ရှား သော်လည်း ၊ ငါ ၏မေတ္တာ သည် သင် မှ မ ရွေ့ ရ။ ငါ ၏ငြိမ်သက် ခြင်း ပဋိညာဉ် လည်း မ လှုပ်ရှား ရဟု သင် ၌ သနား ခြင်းကရုဏာစိတ်ရှိတော်မူသောထာဝရဘုရား မိန့် တော်မူ၏။
11 ၁၁ အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊
၁၁အို ညှဉ်းဆဲခြင်းနှင့် မိုဃ်း သက်မုန်တိုင်းတိုက် ခြင်းကို ခံရ၍၊ သက်သာ မရနိုင်သောသူ၊ သင် ၏ တိုက် ကို ဟင်းသ ပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ် ကို နီလာ ဖြင့် ၎င်း၊
12 ၁၂ ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါးတို့ကို ပတ္တ မြားဖြင့်၎င်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်၎င်း ငါပြီးစေမည်။
၁၂ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါး တို့ကို ပတ္တမြား ဖြင့်၎င်း၊ ပတ်ဝန်းကျင် တန်ဆာများကို ကျောက် မြတ် အမျိုးမျိုး ဖြင့်၎င်း ငါပြီး စေမည်။
13 ၁၃ သင်၏သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည်။
၁၃သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။
14 ၁၄ သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက် ရ။
၁၄သင်သည် ဖြောင့်မတ် ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲ ခြင်းနှင့် ဝေး သည်ဖြစ်၍ မ ကြောက် ရ။ ထိတ်လန့် ခြင်းသည်လည်း ဝေး၍၊ သင့် အနီးသို့ မ ရောက် ရ။
15 ၁၅ ငါ၏အခွင့်မရှိဘဲ သင့်တဘက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။
၁၅ငါ ၏ အခွင့်မ ရှိဘဲ သင့်တဘက်၌ အဘယ်သူမျှနေရာ မကျရ။ နေရာကျဘူးသောသူတို့သည် သင့် ဘက် သို့ ဝင်စား ကြလိမ့်မည်။
16 ၁၆ မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။
၁၆မီး ကိုမှုတ် ၍၊ မိမိ အလုပ် တည်းဟူသောလက်နက် ကိုလုပ် တတ်သောပန်းပဲ ကို၎င်း ၊ ဖျက်ဆီး စေခြင်းငှါ ဖျက်ဆီး သောသူကို၎င်း ငါ ဖန်ဆင်း ၏။
17 ၁၇ သင့်တဘက်၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၇သင့် တစ်ဘက် ၌ လုပ် သောလက်နက် တစုံတခုမျှ အထမ မြောက် ရ။ သင့် ကိုတရား တွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား ၏ ကျွန် တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< ဟေရှာယ 54 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark