< ဟေရှာယ 50 >
1 ၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါလွှတ် လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြု သော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ် ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
Thus says YHWH, "Where is the bill of your mother's divorce, with which I have put her away? or which of my creditors is it to whom I have sold you? Look, for your iniquities were you sold, and for your transgressions was your mother put away.
2 ၂ ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။
Why, when I came, was there no man? When I called, was there none to answer? Is my hand shortened at all, that it can't redeem? or have I no power to deliver? Look, at my rebuke I dry up the sea, I make the rivers a wilderness: their fish stink, because there is no water, and die for thirst.
3 ၃ ငါသည် မိုဃ်းကောင်းကင်ကို နက်သော အဝတ် ဝတ်စေ၍၊ လျှော်တေအဝတ်နှင့် ခြုံ၏။
I clothe the heavens with blackness, and I make sackcloth their covering."
4 ၄ ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။
YHWH has given me the tongue of those who are taught, that I may know how to sustain with a word him who is weary: he wakens morning by morning, he wakens my ear to hear as those who are taught.
5 ၅ အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
YHWH has opened my ear, and I was not rebellious, neither turned away backward.
6 ၆ ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
I gave my back to those who strike, and my cheeks to those who tore out my beard; I did not cover my face from insults and spitting.
7 ၇ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။
But YHWH will help me; therefore I have not been confounded: therefore have I set my face like a flint, and I know that I shall not be disappointed.
8 ၈ ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။
He is near who justifies me; who will bring charges against me? Let us stand up together: who is my adversary? Let him come near to me.
9 ၉ ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်။
Look, YHWH will help me; who is he who shall condemn me? Look, all they shall wax old as a garment, the moth shall eat them up.
10 ၁၀ သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည် ထာဝရ ဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ။
Who is among you who fears YHWH, who listens to the voice of his servant? He who walks in darkness, and has no light, let him trust in the name of YHWH, and rely on his God.
11 ၁၁ မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။
Look, all you who kindle a fire, who adorn yourselves with flaming arrows around yourselves; walk in the light of your fire, and among the flaming arrows that you have kindled. You shall have this of my hand; you shall lie down in sorrow.