< ဟေရှာယ 5 >
1 ၁ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏။
Mɛto dwom ama me dɔfo dwom a ɛfa ne bobeturo ho: Na me dɔfo wɔ bobe turo bi wɔ asasebere bi a ɛda bepɔw ani.
2 ၂ မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီး ကို သီးပါသည်တကား။
Ofuntum asase no, yiyii mu abo, na oduaa bobe a ɛyɛ papa wɔ so. Osii ɔwɛn aban wɔ mfimfini na otuu nsakyiamoa nso. Afei ɔhwɛɛ anim sɛ obetwa bobe aba pa, nanso ɛsow aba bɔne.
3 ၃ ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။
“Afei mo a motete Yerusalem ne Yuda mmarima, mummu me ne me bobeturo ntam atɛn.
4 ၄ ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း။
Dɛn bio na anka ɛsɛ sɛ meyɛ ma me bobeturo boro nea mayɛ yi so? Bere a merehwɛ anim sɛ minya bobe a eye no adɛn nti na ɛsow aba bɔne?
5 ၅ ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည်။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့်။ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုကိုဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည်။
Afei mɛka nea merebɛyɛ me bobeturo no akyerɛ wo: Meyi ho ban no afi hɔ, na wɔbɛsɛe no; mebubu ho ɔfasu, na wobetiatia so.
6 ၆ ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူ မျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည်။
Mɛma ayɛ asase a ɛda mpan a worenyiyi mu na wɔnyɛ so adwuma, ohwirem ne nsɔe benyin wɔ so. Mɛhyɛ omununkum na wantɔ osu angu so.”
7 ၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက် တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏။
Asafo Awurade bobeturo no yɛ Israelfi, na Yuda mmarima yɛ turo a nʼani gye ho. Ɔpɛɛ atɛntrenee nanso ohuu mogyahwiegu; ɔpɛɛ trenee nanso ɔtee mmɔborɔsu.
8 ၈ မိမိတို့သည် မြေ၏အလယ်၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကို၎င်း၊ လယ်တကွက်နှင့်တကွက်ကို၎င်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
Nnome nka mo a mode ofi ka ofi ho na mugyigye mfuw bobɔ so kosi sɛ asase no bɛsa na ɛka mo nko ara wɔ asase no so.
9 ၉ ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီး ကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူ မရှိ။ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။
Asafo Awurade apae mu aka ama mate: “Nokwarem, afi akɛse no bɛda mpan, na aban afɛɛfɛ no, obiara rentena mu.
10 ၁၀ အကြောင်းမူကား၊ စပျစ်ဥယျာဉ်တပယ်သည် စပျစ်ရည်တဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရကြလိမ့်မည်။
Bobeturo kɛse pa ara no nsa kakraa bi na ebefi mu. Aba lita aduonu baako a wodua no wobenya so lita aduonu abien pɛ.”
11 ၁၁ သေရည်သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့်ကို လည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
Wonnue, wɔn a wɔsɔre anɔpahema kɔhwehwɛ wɔn nsa akyi kwan wɔn a wosii pɛ anadwo kosi sɛ nsa bɛbow wɔn.
12 ၁၂ သူတို့၏ပွဲ၌စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏။ ထာဝရဘုရား၏ အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ် မိကြ။
Wɔbɔ sankuten ne bɛnta wɔ wɔn aponto ase, akasae, ne atɛntɛbɛn ne nsa, nanso wotwiri nea Awurade ayɛ, na wommu ne nsa ano adwuma.
13 ၁၃ ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက် ရှိကြ၏။
Ɛno nti, me nkurɔfo bɛkɔ nnommum mu, efisɛ wonni ntease; ɔkɔm bekum wɔn mu atitiriw na osukɔm betware wɔn mu bebree.
14 ၁၄ ထိုကြောင့်၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟ သဖြင့်၊ သူတို့၏ ဂုဏ်အသရေအလုံးအရင်း၊ အသံဗလံပြု ခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။ (Sheol )
Enti Owu bae nʼabogye mu na obue nʼanom bayaa; na mu na atitiriw ne dɔm no bɛkɔ wɔne wɔn a wɔsaw na wogye wɔn ani no. (Sheol )
15 ၁၅ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏ မျက်နှာလည်းပျက်ရ၏။
Enti wɔbɛbrɛ onipa ase na wama adesamma abotow. Wɔbɛbrɛ ɔhantanni ase,
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။
nanso Asafo Awurade atɛntrenee bɛma no so, na Ɔkronkron Nyankopɔn de ne trenee bɛda ne ho adi sɛ Ɔkronkronni.
17 ၁၇ ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်းဘူး၍။ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည်။
Afei nguan bɛkɔ adidi te sɛnea wɔwɔ wɔn adidibea; nguantenmma bedidi wɔ asikafo amamfo so.
18 ၁၈ ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။
Munnue, mo a mode nnaadaa nhoma twetwe bɔne, na mode nteaseɛnam ntampehama twetwe amumɔyɛ.
19 ၁၉ သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့ သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော် မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသ ရေလအမျိုး၏သန့်ရှင်းသော ဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။
Munnue, mo a moka se, “Onyankopɔn nyɛ ntɛm, ɔnyɛ nʼadwuma ntɛm sɛnea yebehu. Ma ɛmmɛn, Israel Ɔkronkronni no nhyehyɛe no mmra, sɛnea yebehu.”
20 ၂၀ မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက် အရာ၌ အလင်းကို၎င်း၊ အချိုအရာ၌ အခါး၊ အခါးအရာ ၌အချိုကို၎င်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။
Munnue, mo a mofrɛ bɔne sɛ papa na papa nso sɛ bɔne, mo a mode sum si hann anan mu na hann si sum anan mu, mo a mofrɛ nweenwen se dɛɛdɛ ne dɛɛdɛ se nweenwen.
21 ၂၁ ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
Munnue, mo a mubu mo ho anyansafo, mo ankasa ani so ne anitewfo mo ankasa ani so.
22 ၂၂ စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ၏။
Munnue mo a wɔfrɛ mo akatakyi wɔ nsanom mu ne ahoɔdenfo wɔ nsa afrafra mu.
23 ၂၃ ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ၊ မတရားသော သူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။
Mo a mugye adanmude, na mugyaa nea odi fɔ na mubu nea odi bem no fɔ.
24 ၂၄ ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တတ်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး ၏သန့်ရှင်းသော ဘုရား၏ဗျာဒိတ်တော်ကို မထီမဲ့မြင် ပြုကြပြီ။
Enti sɛnea ogyaframa hyew nwuraguanee na sare a awo yera wɔ ogyaframa mu no, saa ara na mo ntin bɛporɔw, na mo nhwiren nso atu akɔ sɛ mfutuma; efisɛ moapo Asafo Awurade mmara na moatwiri Israel Kronkronni no asɛm.
25 ၂၅ ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ် တော်မူသဖြင့်၊ တောင်တို့သည်တုန်လှုပ်၍၊ သူတို့၏အသေ ကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော် သည် ဆန့်လျက်ရှိသေး၏။
Enti Awurade abufuw aba ne nkurɔfo so, wama ne nsa so, na ɔde rebɔ wɔn ahwe fam. Mmepɔw no wosow, na afunu ayɛ sɛ mmɔnten so nwura. Nanso eyi nyinaa akyi, ne bo nnwoo ɛ, na ne nsa da so wɔ soro.
26 ၂၆ ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူ သဖြင့်၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည်။
Ɔma frankaa so ma akyirikyiri aman, ɔhyɛn abɛn de frɛ wɔn a wɔwɔ asase ano. Wɔn na wɔreba no, afrɛ so ne ntɛm so!
27 ၂၇ သူတို့တွင်မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျည်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ ခါးစည်းမပြေ။ ခြေနင်းကြိုးလည်းမကျွတ်။
Wɔn mu biara mmmrɛ na onhintiw, obiara ntɔ nko na ɔnna; abɔso biara mu nnwow wɔ asen mu na mpaboa hama biara nso rentew.
28 ၂၈ သူတို့ မြှားတို့သည် ထက်ကြ၏။ လေးတို့သည် လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့၎င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း ထင်ကြ၏။
Wɔn agyan ano yɛ nnam, na wɔn tadua nyinaa ayɛ krado; wɔn apɔnkɔ tɔte te sɛ ɔtwɛrebo, wɔn nteaseɛnam nkyimii te sɛ mfɛtɛ.
29 ၂၉ သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဘမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူ မျှ မကယ်မနှုတ်ရ။
Wɔn mmobɔmu te sɛ gyata de, na wɔbobɔ mu sɛ gyatamma; wɔbobɔ mu kyere wɔn hanam na wɔde no kɔ a ogyefo biara nni hɔ.
30 ၃၀ ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။
Da no wɔbɛbobɔ mu agu no so sɛnea po woro so no. Na sɛ obi hwɛ asase no a, obehu sum kabii ne ahohiahia; omununkum bɛma hann aduru sum.