< ဟေရှာယ 46 >
1 ၁ ဗေလသည် ကျပြီ။ နေဗောသည် ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန် တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ ထမ်းဘူးသော ဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။
彼勒屈身,尼波弯腰; 巴比伦的偶像驮在兽和牲畜上。 他们所抬的如今成了重驮, 使牲畜疲乏,
2 ၂ သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
都一同弯腰屈身, 不能保全重驮, 自己倒被掳去。
3 ၃ အိုယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နား ထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိ ဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။
雅各家,以色列家一切余剩的要听我言: 你们自从生下,就蒙我保抱, 自从出胎,便蒙我怀搋。
4 ၄ သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင် အောင်၊ ငါသည် ထိုသို့သော သူဖြစ်၍၊ သင်တို့ကို ဆောင် ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင် ရွက်၍ ကယ်တင်မည်။
直到你们年老,我仍这样; 直到你们发白,我仍怀搋。 我已造作,也必保抱; 我必怀抱,也必拯救。
5 ၅ သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည် နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။
你们将谁与我相比,与我同等, 可以与我比较,使我们相同呢?
6 ၆ ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကို လည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းတိန်သမားကို ငှါး၍ ဘုရားကို လုပ်စေပြီးမှ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား။
那从囊中抓金子, 用天平平银子的人, 雇银匠制造神像, 他们又俯伏,又叩拜。
7 ၇ ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွား သဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ် သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင်။
他们将神像抬起,扛在肩上, 安置在定处,它就站立, 不离本位; 人呼求它,它不能答应, 也不能救人脱离患难。
8 ၈ အိုဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက် မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။
你们当想念这事,自己作大丈夫。 悖逆的人哪,要心里思想。
9 ၉ ရှေးကာလ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
你们要追念上古的事。 因为我是 神,并无别神; 我是 神,再没有能比我的。
10 ၁၀ အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက်၊
我从起初指明末后的事, 从古时言明未成的事, 说:我的筹算必立定; 凡我所喜悦的,我必成就。
11 ၁၁ ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက် ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသော မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
我召鸷鸟从东方来, 召那成就我筹算的人从远方来。 我已说出,也必成就; 我已谋定,也必做成。
12 ၁၂ စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်း တရားနှင့် ဝေး သောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
你们这些心中顽梗、 远离公义的,当听我言。
13 ၁၃ ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါ ဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ ကယ်တင်ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကို၎င်း ငါထားမည်။
我使我的公义临近,必不远离。 我的救恩必不迟延; 我要为以色列—我的荣耀, 在锡安施行救恩。