< ဟေရှာယ 45 >
1 ၁ အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
Thus said Jehovah, To His anointed, to Cyrus, Whose right hand I have laid hold on, To subdue nations before him, Yea, loins of kings I loose, To open before him two-leaved doors, Yea, gates are not shut:
2 ၂ သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
'I go before thee, and crooked places make straight, Two-leaved doors of brass I shiver, And bars of iron I cut asunder,
3 ၃ မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
And have given to thee treasures of darkness, Even treasures of secret places, So that thou knowest that I, Jehovah, Who am calling on thy name — [am] the God of Israel.
4 ၄ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
For the sake of my servant Jacob, And of Israel My chosen, I call also thee by thy name, I surname thee, And thou hast not known Me.
5 ၅ ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
I [am] Jehovah, and there is none else, Except Me there is no God, I gird thee, and thou hast not known Me.
6 ၆ သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည်။
So that they know from the rising of the sun, And from the west, that there is none besides Me, I [am] Jehovah, and there is none else,
7 ၇ ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။
Forming light, and preparing darkness, Making peace, and preparing evil, I [am] Jehovah, doing all these things.'
8 ၈ မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း၏။
Drop, ye heavens, from above, And clouds do cause righteousness to flow, Earth openeth, and they are fruitful, Salvation and righteousness spring up together, I, Jehovah, have prepared it.
9 ၉ အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။
Woe [to] him who is striving with his Former, (A potsherd with potsherds of the ground!) Doth clay say to its Framer, 'What dost thou?' And thy work, 'He hath no hands?'
10 ၁၀ မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
Woe [to] him who is saying to a father, 'What dost thou beget?' Or to a wife, 'What dost thou bring forth?
11 ၁၁ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။
Thus said Jehovah, The Holy One of Israel, and his Former: Ask Me of the things coming concerning My sons, Yea, concerning the work of My hands, ye command Me.'
12 ၁၂ မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။
I made earth, and man on it prepared, I — My hands stretched out the heavens, And all their host I have commanded.
13 ၁၃ ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဘိုး မခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
I have stirred him up in righteousness, And all his ways I make straight, He doth build My city, and My captivity doth send out, Not for price, nor for bribe, said Jehovah of Hosts.
14 ၁၄ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
Thus said Jehovah, 'The labour of Egypt, And the merchandise of Cush, And of the Sebaim — men of measure, Unto thee pass over, and thine they are, After thee they go, in fetters they pass over, And unto thee they bow themselves, Unto thee they pray: Only in thee [is] God, And there is none else, no [other] God.
15 ၁၅ အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။
Surely Thou [art] a God hiding Thyself, God of Israel — Saviour!
16 ၁၆ ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
They have been ashamed, And they have even blushed — all of them, Together gone in confusion have those carving images.
17 ၁၇ ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။
Israel hath been saved in Jehovah, A salvation age-during! Ye are not ashamed nor confounded Unto the ages of eternity!
18 ၁၈ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည် စေတော်မူသော အရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
For thus said Jehovah, Creator of heaven, He is God, Former of earth, and its Maker, He established it — not empty He prepared it, For inhabiting He formed it: 'I [am] Jehovah, and there is none else.
19 ၁၉ ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ်၏။
Not in secret have I spoken, in a dark place of the earth, I have not said to the seed of Jacob, In vain seek ye Me, I [am] Jehovah, speaking righteousness, Declaring uprightness.
20 ၂၀ သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေး ကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက် သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ။
Be gathered, and come in, Come nigh together, ye escaped of the nations, They have not known, Who are lifting up the wood of their graven image, And praying unto a god [that] saveth not.
21 ၂၁ သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သော ဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
Declare ye, and bring near, Yea, they take counsel together, Who hath proclaimed this from of old? From that time hath declared it? Is it not I — Jehovah? And there is no other god besides Me, A God righteous and saving, there is none save Me.
22 ၂၂ မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
Turn to Me, and be saved, all ends of the earth, For I [am] God, and there is none else.
23 ၂၃ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။
By Myself I have sworn, Gone out from my mouth in righteousness hath a word, And it turneth not back, That to Me, bow doth every knee, every tongue swear.
24 ၂၄ ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံ တော်သို့ လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည်။
Only in Jehovah, said hath one, Have I righteousness and strength, Unto Him he cometh in, And ashamed are all those displeased with Him.
25 ၂၅ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြ လိမ့်မည်။
In Jehovah are all the seed of Israel justified, And they boast themselves.'