< ဟေရှာယ 43 >
1 ၁ အိုယာကုပ်အမျိုး၊ ဣသရေလအနွှယ်၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါ ရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။
၁ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
2 ၂ သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။
၂သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
3 ၃ အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ သင့်ကို ရွေးဘို့၊ အဲဂုတ္တုပြည်ကို၎င်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို၎င်း ငါပေး၏။
၃အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
4 ၄ သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်း ချစ်၏။ ထို့ကြောင့်၊ သင့်အတွက် လူတို့ကို၎င်း၊ သင်၏အသက်အတွက် လူမျိုးတို့ကို၎င်း ငါပေးမည်။
၄သူတို့သည်လည်း ရေ မြောင်း အနား မှာ မိုဃ်းမခ ပင်ကဲ့သို့ ၊ မြက်ပင် ထဲ တွင် ပေါက် ကြလိမ့်မည်။
5 ၅ မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့ မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။
၅တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။
6 ၆ အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊
၆ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
7 ၇ ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။
၇ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
8 ၈ မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။
၈မ စိုးရိမ် ကြနှင့်။ မ ကြောက် ကြနှင့်။ အထက် က ငါဟော ပြောပြသသည်မ ဟုတ်လော။ သင် တို့သည် ငါ ၏ သက်သေ ဖြစ်ကြ၏။ ငါ မှတပါး အခြားသော ဘုရား သခင်ရှိ သလော။ ငါမှတပါး အခြားသော မူလအမြစ်မ ရှိ။ တစုံတဦးကိုမျှငါမ သိ။
9 ၉ လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည် နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။
၉ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
10 ၁၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက် သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။
၁၀ဘုရား ကို လုပ် သောသူ၊ အကျိုး မ ပေးနိုင်သော ရုပ်တု ဆင်းတုကို သွန်း သောသူကား အဘယ်သူ နည်း။
11 ၁၁ ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။
၁၁ထိုသူ ၏အပေါင်း အဘော်ရှိသမျှ တို့သည် ရှက် ကြလိမ့်မည်။ လုပ် သောသူတို့သည် လူ သက်သက် ဖြစ် ကြ၏။ ရှိသမျှ တို့သည် စုဝေး ၍ ထ ကြစေ။ တပြိုင်နက် ထိတ်လန့် ရှက် ကြောက်ကြလိမ့်မည်။
12 ၁၂ ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပြီ။ ငါဘော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရား သခင်မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။
၁၂ပန်းပဲ သမားသည် ပုဆိန် ကိုလုပ် ခြင်းငှါမီးခဲ ၌ ဖုတ်၍ ၊ လက်ရုံး အား ထုတ်လျက် သံ တူနှင့် ထု တတ်၏။ အကယ်၍ မွတ်သိပ် သောအခါ အား လျော့ တတ်၏။ ရေ မ သောက် ရသောအခါ မော တတ်၏။
13 ၁၃ နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၃လက်သမား သည် မျဉ်း ချ လျက် စူး နှင့် မှတ်သား ၍၊ လက်သမား တန်ဆာနှင့် လုပ် ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါကွန်ပါ နှင့် ရေးသား ၍ ၊ လူ အသရေ ပါ အောင် လူ ပုံ သဏ္ဌာန်နှင့်အညီ ထု လုပ်တတ်၏။
14 ၁၄ သင်တို့ကို ရွေးနှုတ်သော သခင်၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။
၁၄ကိုယ် အဘို့ အလိုငှါ အာရဇ် ပင်တို့ကို ခုတ် ၍ ကုပရု ပင်၊ သပိတ် ပင်တို့ကို ရွေး ယူသဖြင့် ၊ တော ပင် အမျိုးမျိုး တို့ကို ဆည်းဖူး တတ်၏။ အာရဇ် ပင်ကိုစိုက် ၍ မိုဃ်းရေ လည်း မွေး တတ်၏။
15 ၁၅ ငါသည် သင်တို့၏ သန့်ရှင်းသော ထာဝရ ဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင် ဖြစ်၏။
၁၅လူ သုံးရန် ထင်းဖြစ် ၏။ လူလည်း ယူ ၍ မီးလှုံ တတ်၏။ တဖန် မီးမွှေး ၍ မုန့် ကို ပေါင်း တတ်၏။ တဖန် ဘုရား ကိုလုပ် ၍ ကိုးကွယ် တတ်၏။ ရုပ်တု ကို ထုလုပ် ၍ ရုပ်တု ရှေ့မှာ ပြပ်ဝပ် တတ်၏။
16 ၁၆ ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊
၁၆ထိုသစ်သား တပိုင်း နှင့် မီးမွေး တတ်၏။ တပိုင်း နှင့် အမဲသား ကိုချက် ၍ စား တတ်၏။ ဖုတ်ကင်ပြီးမှဝ စွာ စား တတ်၏။ တဖန် မီးလှုံ ၍ အယ် ၊ ငါနွေး ပြီ။ မီး ကို တွေ့ ပြီဟု ဆို တတ်၏။
17 ၁၇ ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင် အောင် တပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
၁၇ကျန် သောအပိုင်းကိုလည်း ယူ၍ ရုပ်တု တည်း ဟူသောဘုရား ကို လုပ် တတ်၏။ ထိုရုပ်တု ရှေ့ မှာ ပြပ်ဝပ် ၍ ကိုးကွယ် တတ်၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ဟူ၍ဆုတောင်း တတ်၏။
18 ၁၈ ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတီု့ကို ပမာဏမပြုကြနှင့်။
၁၈ထိုသို့သောသူသည်ပညာ မ ရှိ။ ဉာဏ် မ ရှိ။ မမြင် နိုင်အောင် မျက်စိ ကို၎င်း၊ နား မလည်နိုင်အောင် စိတ် နှလုံးကို၎င်းပိတ် ၏။
19 ၁၉ ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။
၁၉ငါသည် တပိုင်း နှင့် မီး မွေးပြီး။ မုန့် ကိုလည်း ထိုမီးခဲ ပေါ် မှာ ဖုတ် လေပြီ။ အမဲသား ကိုလည်း ကင် ၍ စား လေပြီ။ ကြွင်း သော အပိုင်းကို စက်ဆုပ် ရွံ့ရှာဘွယ် ဖြစ် စေရမည်လော။ သစ်သား ရှေ့ မှာ ငါပြပ်ဝပ် ရမည် လောဟု စိတ် နှလုံးထဲမှာ အောက်မေ့ ဆင်ခြင်နိုင်သော ဉာဏ် ပညာ အလျှင်းမ ရှိပါတကား။
20 ၂၀ မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။
၂၀သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။
21 ၂၁ ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။
၂၁အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။
22 ၂၂ သို့သော်လည်း၊ အိုယာကုပ်အမျိုး၊ သင်သည် ငါ့ကို ပဌနာမပြု။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။
၂၂သင် ၏ဒုစရိုက် တို့ကို တိမ် တိုက်ကဲ့သို့ ၎င်း၊ သင် ၏ အပြစ် တို့ကို တိမ် လွှာကဲ့သို့ ၎င်း ငါချေ ပြီ။ ငါ့ ထံသို့ ပြန်လာ လော့။ သင့် ကိုငါ ရွေးနှုတ် ပြီ။
23 ၂၃ မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။
၂၃အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
24 ၂၄ သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။
၂၄သင့် ကို ရွေးနှုတ် တော်မူ၍၊ ဘွားစကပင် သင့် ကို ပြုပြင် တော်မူသောထာဝရဘုရား မိန့် တော်မူသည်ကား ၊ မိုဃ်းကောင်းကင် ကို ငါ တပါး တည်း ကြက် လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်း လျက်၊ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်း သော ထာဝရဘုရား ဖြစ်၏။
25 ၂၅ ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။
၂၅ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
26 ၂၆ ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။
၂၆ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။
27 ၂၇ သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။
၂၇ပင်လယ် ကိုလည်း ရေ ကုန်စေ။ သင် ၏ မြစ် အပေါင်းကို ငါခန်း ခြောက်စေမည်ဟူ၍၎င်း၊
28 ၂၈ ထို့ကြောင့်၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ် ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။
၂၈ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။