< ဟေရှာယ 41 >
1 ၁ တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။
Taceant ad me insulae, et Gentes mutent fortitudinem: accedant, et tunc loquantur, simul ad iudicium propinquemus.
2 ၂ ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူ အမျိုးမျိုးတို့ သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ထားရှေ့မှာ မြေမှုန့်ကဲ့သို့၎င်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့၎င်း အဘယ်သူဖြစ်စေသနည်း။
Quis suscitavit ab Oriente iustum, vocavit eum ut sequeretur se? dabit in conspectu eius Gentes, et reges obtinebit: dabit quasi pulverem gladio eius, sicut stipulam vento raptam arcui eius.
3 ၃ ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဘူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။
Persequetur eos, transibit in pace, semita in pedibus eius non apparebit.
4 ၄ ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှ စ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသော သူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရား ပေတည်း။
Quis haec operatus est, et fecit, vocans generationes ab exordio? Ego Dominus, primus et novissimus ego sum.
5 ၅ တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
Viderunt insulae, et timuerunt, extrema terrae obstupuerunt, appropinquaverunt, et accesserunt.
6 ၆ အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။
Unusquisque proximo suo auxiliabitur, et fratri suo dicet: Confortare.
7 ၇ ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသော သူသည်။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ်၏။
Confortavit faber aerarius percutiens malleo eum, qui cudebat tunc temporis, dicens: Glutino bonum est: et confortavit eum clavis, ut non moveretur.
8 ၈ ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊
Et tu Israel serve meus, Iacob quem elegi, semen Abraham amici mei:
9 ၉ မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သော သူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေး ချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
In quo apprehendi te ab extremis terrae, et a longinquis eius vocavi te, et dixi tibi: Servus meus es tu, elegi te, et non abieci te.
10 ၁၀ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
Ne timeas, quia ego tecum sum: ne declines, quia ego Deus tuus: confortavi te, et auxiliatus sum tibi, et suscepit te dextera iusti mei.
11 ၁၁ သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
Ecce confundentur et erubescent omnes, qui pugnant adversum te: erunt quasi non sint, et peribunt viri, qui contradicunt tibi.
12 ၁၂ သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။
Quaeres eos, et non invenies, viros rebelles tuos: erunt quasi non sint: et veluti consumptio homines bellantes adversum te.
13 ၁၃ အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။
Quia ego Dominus Deus tuus apprehendens manum tuam, dicensque tibi: Ne timeas, ego adiuvi te.
14 ၁၄ အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Noli timere vermis Iacob, qui mortui estis ex Israel: ego auxiliatus sum tibi, dicit Dominus: et redemptor tuus sanctus Israel.
15 ၁၅ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
Ego posui te quasi plaustrum triturans novum, habens rostra serrantia: triturabis montes, et comminues: et colles quasi pulverem pones.
16 ၁၆ သူတို့ကို လှေ့၍၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရ ဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။
Ventilabis eos, et ventus tollet, et turbo disperget eos: et tu exultabis in Domino, in sancto Israel laetaberis.
17 ၁၇ ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။
Egeni, et pauperes quaerunt aquas, et non sunt: lingua eorum siti aruit. Ego Dominus exaudiam eos, Deus Israel non derelinquam eos.
18 ၁၈ မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။
Aperiam in excelsis collibus flumina, et in medio camporum fontes: ponam desertum in stagna aquarum, et terram inviam in rivos aquarum.
19 ၁၉ တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်းရူးပင်၊ တဒေရ ပင်၊ တာရှုရပင်များကို၎င်း ရောနှောလျက် စိုက်မည်။
Dabo in solitudinem cedrum, et spinam, et myrtum, et lignum olivae: ponam in deserto abietem, ulmum, et buxum simul:
20 ၂၀ သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင် ၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။
Ut videant, et sciant, et recogitent, et intelligant pariter quia manus Domini fecit hoc, et sanctus Israel creavit illud.
21 ၂၁ သင်တို့၏ အမှုကို စောင့်ကြလော့ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများ ကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။
Prope facite iudicium vestrum, dicit Dominus: afferte, siquid forte habetis, dicit rex Iacob.
22 ၂၂ ထုတ်ဘော်၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင်၍၊ ထိုအရာတို့၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတံ့ သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။
Accedant, et nuncient nobis quaecumque ventura sunt: priora quae fuerunt nunciate: et ponemus cor nostrum, et sciemus novissima eorum, et quae ventura sunt indicate nobis.
23 ၂၃ သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည် အကြောင်း၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင် မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစုံ တခုကို ပြုကြလော့။
Annunciate quae ventura sunt in futurum, et sciemus quia dii estis vos. bene quoque aut male, si potestis, facite: et loquamur, et videamus simul.
24 ၂၄ သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ်၏။
Ecce, vos estis ex nihilo, et opus vestrum ex eo, quod non est: abominatio est qui elegit vos.
25 ၂၅ မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။
Suscitavi ab Aquilone, et veniet ab Ortu solis: vocabit nomen meum, et adducet magistratus quasi lutum, et velut plastes conculcans humum.
26 ၂၆ ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့ သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြသော သူတယောက်မျှမရှိ။ ဟောပြောသော သူတယောက်မျှမရှိ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ။၏
Quis annunciavit ab exordio ut sciamus: et a principio ut dicamus: Iustus es? non est neque annuncians, neque praedicens, neque audiens sermones vestros.
27 ၂၇ ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရု ရှလင်မြို့သို့ ငါစေလွှတ်၏။
Primus ad Sion dicet: Ecce adsum, et Ierusalem evangelistam dabo.
28 ၂၈ သူတို့ကို ငါကြည့်ရှုသောအခါ၊ တစုံတယောက်မျှ မရှိ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း၊
Et vidi, et non erat neque ex istis quisquam qui iniret consilium, et interrogatus responderet verbum.
29 ၂၉ သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ၏။ သူတို့ အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေသက်သက်ဖြစ်ကြ၏။
Ecce omnes iniusti, et vana opera eorum: ventus et inane simulachra eorum.