< ဟေရှာယ 4 >

1 သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မ တို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။
ထိုကာလ ၌ မိန်းမ ခုနစ် ယောက်တို့သည် ယောက်ျား တ ယောက်ကို ကိုင် ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ် မုန့် ကို စား ပါမည်။ ကိုယ် အဝတ် ကိုလည်း ဝတ် ပါမည်။ ကျွန်မ တို့ကို မောင် ၏နာမ ဖြင့် သမုတ် ခြင်းသာရှိစေ၍၊ ကျွန်မ တို့ ရှက် ကြောက်ခြင်းကို ပယ် ဖျောက်ပါဟု ဆို ကြလိမ့်မည်။
2 ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
ထို ကာလ ၌ ထာဝရဘုရား ၏အညွန့် သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ် သောဣသရေလ အမျိုးသားတို့အဘို့၊ မြေ အသီး အနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
3 ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊
ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊
4 ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။
ဇိအုန် တောင်မှာကျန်ကြွင်း ၍၊ ယေရုရှလင် မြို့၌ နေရစ် သောသူတည်းဟူသော အသက် စာရင်းဝင် သမျှ သော ယေရုရှလင် မြို့သားတို့သည် သန့်ရှင်း ခြင်းရှိကြလိမ့်မည်။
5 ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။
ထာဝရဘုရား သည်လည်း ဇိအုန် တောင် မှာရှိသမျှ သောအိမ် များနှင့် စည်းဝေး ရာ ပရိသတ်များအပေါ် တွင်၊ နေ့ အချိန်၌ မိုဃ်းတိမ် နှင့် မီးခိုး ကို၎င်း၊ ညဉ့် အချိန်၌ မီးလျှံ အလင်း ကို၎င်းဖန်ဆင်း တော်မူ၍၊ မြတ် သောအရာ အလုံးစုံ တို့ကို လွှမ်းမိုး တော်မူလိမ့်မည်။
6 နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည်။
နေ့ အချိန်၌လည်း နေပူ ကိုကွယ်ကာ သောတဲ ၊ မိုဃ်းသက် မုန်တိုင်း ရောက်မှ လုံခြုံသော ခိုလှုံ ရာဖြစ် လိမ့်မည်။

< ဟေရှာယ 4 >