< ဟေရှာယ 39 >

1 ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ၍၊ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။
Không lâu sau đó, Mê-rô-đác Ba-la-đan, con Ba-la-đan, vua Ba-by-lôn, sai người đến chúc mừng và tặng lễ vật cho Ê-xê-chia vì nghe rằng Ê-xê-chia bị bệnh rất nặng và đã được hồi phục.
2 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစုံတခုမျှ မရှိ။
Ê-xê-chia vui mừng đón tiếp các sứ thần Ba-by-lôn và chỉ cho họ xem mọi thứ trong kho báu của vua—nào bạc, vàng, hương liệu, và dầu thơm. Vua còn cho họ xem kho vũ khí và tất cả bảo vật trong cung vua cùng tất cả mọi vật trong hoàng cung hay vương quốc, không chừa thứ gì.
3 ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
Tiên tri Y-sai đến gặp vua Ê-xê-chia và hỏi: “Những người đó muốn gì? Họ từ đâu đến?” Ê-xê-chia đáp: “Họ đến từ một xứ xa tận Ba-by-lôn.”
4 နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော၏။
Y-sai lại hỏi: “Vua cho họ xem những gì trong cung điện?” Ê-xê-chia đáp: “Họ xem tất cả. Ta cho họ xem mọi thứ ta có—tất cả trong kho báu hoàng cung.”
5 ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
Rồi Y-sai thưa cùng Ê-xê-chia: “Xin vua nghe lời Chúa Hằng Hữu Vạn Quân:
6 နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
‘Này, trong thời gian sắp đến, mọi thứ trong cung điện ngươi—kể cả những bảo vật tổ phụ ngươi đã cất giữ cho đến bây giờ—sẽ bị đem qua Ba-by-lôn, không sót một thứ gì.’ Chúa Hằng Hữu phán vậy.
7 သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။
‘Một số con cháu của ngươi sẽ bị bắt lưu đày. Các con cháu ấy sẽ phải làm quan hoạn phục vụ trong cung điện của vua Ba-by-lôn.’”
8 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍၎င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ ၏။
Vua Ê-xê-chia nói với Y-sai: “Lời Chúa Hằng Hữu mà ông vừa thuật lại thật tốt lành.” Vì vua nghỉ rằng: “Ít ra trong đời ta cũng hưởng được thái bình và an ninh.”

< ဟေရှာယ 39 >