< ဟေရှာယ 39 >
1 ၁ ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ၍၊ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။
Naquela época, Merodach-baladan, filho de Baladan, rei da Babilônia, enviou cartas e um presente a Ezequias, pois soube que estava doente e que havia se recuperado.
2 ၂ ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစုံတခုမျှ မရှိ။
Hezekiah ficou satisfeito com eles e mostrou-lhes a casa de suas preciosidades, a prata, o ouro, as especiarias e o óleo precioso, e toda a casa de sua armadura, e tudo o que foi encontrado em seus tesouros. Não havia nada em sua casa, nem em todo seu domínio, que Hezekiah não lhes mostrasse.
3 ၃ ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
Então o profeta Isaías veio ao rei Ezequias e lhe perguntou: “O que estes homens disseram? De onde eles vieram até você?”. Hezekiah disse: “Eles vieram de um país distante de mim, até mesmo da Babilônia”.
4 ၄ နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော၏။
Então ele perguntou: “O que eles viram em sua casa?” Hezekiah respondeu: “Eles viram tudo o que há em minha casa. Não há nada entre meus tesouros que eu não tenha mostrado a eles”.
5 ၅ ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
Então Isaías disse a Ezequias: “Ouvi a palavra de Javé dos Exércitos:
6 ၆ နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
'Eis que vêm os dias em que tudo o que está em sua casa, e o que seus pais guardaram até hoje, será levado para a Babilônia. Nada restará”, diz Javé.
7 ၇ သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။
'Eles tirarão seus filhos que emitirão de você, que você será o pai, e eles serão eunucos no palácio do rei da Babilônia'”.
8 ၈ ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍၎င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ ၏။
Então Hezekiah disse a Isaías: “A palavra de Javé que você falou é boa”. Ele disse ainda: “Porque haverá paz e verdade em meus dias”.