< ဟေရှာယ 38 >
1 ၁ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ သဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့် တော်ကို ပြန်လေ၏။
In those days Hezekiah became mortally ill. The prophet Isaiah son of Amoz came to him and said, “This is what the LORD says: ‘Put your house in order, for you are about to die; you will not recover.’”
2 ၂ ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာ စောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက် တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော် မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။
Then Hezekiah turned his face to the wall and prayed to the LORD,
saying, “Please, O LORD, remember how I have walked before You faithfully and with wholehearted devotion; I have done what was good in Your sight.” And Hezekiah wept bitterly.
4 ၄ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊
And the word of the LORD came to Isaiah, saying,
5 ၅ သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။
“Go and tell Hezekiah that this is what the LORD, the God of your father David, says: ‘I have heard your prayer; I have seen your tears. Behold, I will add fifteen years to your life.
6 ၆ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါ ကယ်လွှတ်မည်။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
And I will deliver you and this city from the hand of the king of Assyria. I will defend this city.
7 ၇ ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊
This will be a sign to you from the LORD that He will do what He has promised:
8 ၈ ကြည့်ရှုလော့။ အာခတ်၏နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သော ဆယ်ချက်ပြန်လေ၏။
I will make the sun’s shadow that falls on the stairway of Ahaz go back ten steps.’” So the sunlight went back the ten steps it had descended.
9 ၉ ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက် ၍ ရေးထားသော စာဟူမူကား၊
This is a writing by Hezekiah king of Judah after his illness and recovery:
10 ၁၀ ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း။ (Sheol )
I said, “In the prime of my life I must go through the gates of Sheol and be deprived of the remainder of my years.” (Sheol )
11 ၁၁ အသက်ရှင်သော သူတို့၏ နေရာ၌၊ ထာဝရ ဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်း ဘော်ရသဖြင့်၊ နောက်တဖန် လူတို့ကို မမြင်ရ။
I said, “I will never again see the LORD, even the LORD, in the land of the living; I will no longer look on mankind with those who dwell in this world.
12 ၁၂ သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကို နှုတ်ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင် မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေ တော်မူလိမ့်မည်ဟု ငါဆိုသတည်း။
My dwelling has been picked up and removed from me like a shepherd’s tent. I have rolled up my life like a weaver; He cuts me off from the loom; from day until night You make an end of me.
13 ၁၃ ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
I composed myself until the morning. Like a lion He breaks all my bones; from day until night You make an end of me.
14 ၁၄ ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့ သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလော့ကြပြီ။ အိုဘုရားရှင်၊ ညှဉ်းဆဲခြင်းကို ခံရသော အကျွန်ုပ်ဘက်၌ နေတော်မူပါ။
I chirp like a swallow or crane; I moan like a dove. My eyes grow weak as I look upward. O Lord, I am oppressed; be my security.”
15 ၁၅ အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ် ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။
What can I say? He has spoken to me, and He Himself has done this. I will walk slowly all my years because of the anguish of my soul.
16 ၁၆ အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ၏။
O Lord, by such things men live, and in all of them my spirit finds life. You have restored me to health and have let me live.
17 ၁၇ အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ။
Surely for my own welfare I had such great anguish; but Your love has delivered me from the pit of oblivion, for You have cast all my sins behind Your back.
18 ၁၈ အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ။ (Sheol )
For Sheol cannot thank You; Death cannot praise You. Those who descend to the Pit cannot hope for Your faithfulness. (Sheol )
19 ၁၉ အသက်ရှင်သောသူ၊ အသက်ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။
The living, only the living, can thank You, as I do today; fathers will tell their children about Your faithfulness.
20 ၂၀ ထာဝရဘုရားသည် ငါ့ကို ကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက်လုံး ဗိမာန်တော်၌ စောင်း တီး၍ သီချင်းဆိုကြလိမ့်သတည်း။
The LORD will save me; we will play songs on stringed instruments all the days of our lives in the house of the LORD.
21 ၂၁ ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီးအလုံး အထွေးကိုယူ၍ နယ်ပြီးမှ၊ အနာကို အုံကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ၏။
Now Isaiah had said, “Prepare a lump of pressed figs and apply it to the boil, and he will recover.”
22 ၂၂ ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိ သနည်းဟု မေး၏။
And Hezekiah had asked, “What will be the sign that I will go up to the house of the LORD?”