< ဟေရှာယ 37 >
1 ၁ ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိ မာန်တော်သို့ သွားလေ၏။
E aconteceu que, tendo-o ouvido o rei Ezequias, rasgou os seus vestidos, e se cobriu de sacco, e entrou na casa do Senhor.
2 ၂ လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်း တော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။
Então enviou a Eliakim, o mordomo, e a Sebna, o escrivão, e aos anciãos dos sacerdotes, cobertos de saccos, a Isaias, filho d'Amós, o propheta.
3 ၃ ဟေဇကိမင်းမှာ ထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ်၏။ သားဘွားချိန်ရောက်၍သားကို ဘွားနိုင် အောင်ခွန်အားမရှိ။
E disseram-lhe: Assim diz Ezequias: Este dia é dia d'angustia e de vituperação, e de blasphemias; porque chegados são os filhos ao parto, e força não ha para parir
4 ၄ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊
Porventura o Senhor teu Deus ouvirá as palavras de Rabsaké, a quem enviou o seu senhor, o rei da Assyria, para affrontar o Deus vivo, e para vituperal-o com as palavras que o Senhor teu Deus tem ouvido: faze oração pelo resto que ainda se acha.
5 ၅ ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ၏။
E os servos do rei Ezequias vieram a Isaias.
6 ၆ ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။
E Isaias lhes disse: Assim direis a vosso senhor: Assim diz o Senhor: Não temas á vista das palavras que ouviste, com as quaes os servos do rei da Assyria me blasphemaram.
7 ၇ ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
Eis que metterei n'elle um espirito, e elle ouvirá um arroido, e voltará para a sua terra; e fal-o-hei cair morto á espada na sua terra.
8 ၈ ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။
Voltou pois Rabsaké, e achou ao rei da Assyria pelejando contra Libna; porque ouvira que já se havia retirado de Lachis.
9 ၉ နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တ မန်တို့ကို စေလွှတ်ပြန်၍၊
E, ouvindo elle dizer que Tirhaká, rei da Ethiopia, tinha saido para lhe fazer guerra, assim como o ouviu, tornou a enviar mensageiros a Ezequias, dizendo:
10 ၁၀ သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ၍ သင့်ကို မလှည့်စားပါနှင့်။
Assim fallareis a Ezequias, rei de Judah, dizendo: Não te engane o teu Deus, em quem confias, dizendo: Jerusalem não será entregue na mão do rei da Assyria.
11 ၁၁ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြား ရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။
Eis que já tens ouvido o que fizeram os reis da Assyria a todas as terras, destruindo-as totalmente: e escaparias tu?
12 ၁၂ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသောဧဒင်အမျိုးသားတို့ကို၊သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။
Porventura as livraram os deuses das nações ás quaes meus paes destruiram, como a Gozan, e a Haran, e a Reseph, e aos filhos d'Eden, que estavam em Telassar?
13 ၁၃ ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့၊ ဟေနမြို့၊ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ၏။
Onde está o rei d'Hamath, e o rei d'Arpad, e o rei da cidade de Sepharvaim, Hena e Iva?
14 ၁၄ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့ သွား၍ ထာဝရဘု ရားရှေ့တော်၌ ဖြန့်ထားလေ၏။
Recebendo pois Ezequias as cartas das mãos dos mensageiros, e lendo-as, subiu á casa do Senhor e Ezequias as estendeu perante o Senhor.
15 ၁၅ ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့ တော်၌ လျှောက်ဆိုသည်ကား၊
E orou Ezequias ao Senhor, dizendo:
16 ၁၆ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင် ဖြစ် တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
Ó Senhor dos Exercitos, Deus d'Israel, que habitas entre os cherubins; tu mesmo, só tu és Deus de todos os reinos da terra; tu fizeste os céus e a terra.
17 ၁၇ အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။
Inclina, ó Senhor, o teu ouvido, e ouve: abre, Senhor, os teus olhos, e olha; e ouve todas as palavras de Senacherib, o qual enviou para affrontar o Deus vivo.
18 ၁၈ အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊
Verdade é, Senhor, que os reis da Assyria assolaram todas as terras, com as suas comarcas,
19 ၁၉ သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။
E lançaram no fogo os seus deuses; porque deuses não eram, senão obra de mãos d'homens, madeira e pedra; por isso os destruiram.
20 ၂၀ အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ကိုယ် တော် ထာဝရဘုရား တပါးသာ၊ ဘုရားသခင်ဖြစ်တော် မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
Agora pois, ó Senhor nosso Deus, livra-nos da sua mão; e assim saberão todos os reinos da terra, que só tu és o Senhor.
21 ၂၁ ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ်၍၊
Então Isaias, filho d'Amós, mandou dizer a Ezequias: Assim diz o Senhor, o Deus d'Israel: Quanto ao que me pediste ácerca de Senacherib, rei da Assyria,
22 ၂၂ ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီး သည် သင့်နောက်၌ ခေါင်းညှိတ်၏။
Esta é a palavra que o Senhor fallou d'elle: A virgem, a filha de Sião, te despreza, de ti zomba; a filha de Jerusalem menea a cabeça por detraz de ti
23 ၂၃ သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။
A quem affrontaste e blasphemaste? e contra quem alçaste a voz, e ergueste os teus olhos ao alto? Contra o Sancto d'Israel.
24 ၂၄ သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။
Por meio de teus servos affrontaste o Senhor, e disseste: Com a multidão dos meus carros subi eu aos cumes dos montes, aos lados do Libano; e cortarei os seus altos cedros e as suas faias escolhidas, e entrarei na altura do seu cume, ao bosque do seu campo fertil.
25 ၂၅ ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
Eu cavei, e bebi as aguas; e com as plantas de meus pés sequei todos os rios do Egypto.
26 ၂၆ ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
Porventura não ouviste que já muito d'antes eu fiz isto, e já desde os dias antigos o formei? agora porém o fiz vir, para que tu fosses o que destruisses as cidades fortes, e as reduzisses a montões assolados.
27 ၂၇ ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့်၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
Por isso os seus moradores, com as mãos caidas, andaram atemorisados e envergonhados: eram como a herva do campo, e a hortaliça verde, e o feno dos telhados, e o trigo queimado antes da seara.
28 ၂၈ သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက် ဟုန်းခြင်းတို့ကို ငါသိ၏။
Porém eu sei o teu assentar, e o teu sair, e o teu entrar, e o teu furor contra mim.
29 ၂၉ ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီး မှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
Por causa do teu furor contra mim, e porque o teu tumulto subiu até aos meus ouvidos, portanto porei o meu anzol no seu nariz e o meu freio nos teus beiços, e te farei voltar pelo caminho por onde vieste.
30 ၃၀ သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို၎င်း သင်တို့ သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။
E isto te seja por signal, que este anno se comerá o que de si mesmo nascer, e no segundo anno o que d'ahi proceder: porém no terceiro anno semeae e segae, e plantae vinhas, e comei os fructos d'ellas.
31 ၃၁ ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီး သီးကြလိမ့်မည်။
Porque o que escapou da casa de Judah, e ficou de resto, tornará a lançar raizes para baixo, e dará fructo para cima.
32 ၃၂ ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎င်းပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော် မူလိမ့်မည်။
Porque de Jerusalem sairá o restante, e do monte de Sião o que escapou: o zelo do Senhor dos Exercitos fará isto.
33 ၃၃ သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြှားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
Pelo que assim diz o Senhor ácerca do rei da Assyria: Não entrará n'esta cidade, nem lançará n'ella frecha alguma: tão pouco virá perante ella com escudo, nem levantará contra ella tranqueira alguma.
34 ၃၄ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
Pelo caminho por onde vier, por esse voltará; porém n'esta cidade não entrará, diz o Senhor.
35 ၃၅ ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Porque eu ampararei a esta cidade, para a livrar, por amor de mim e por amor do meu servo David.
36 ၃၆ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
Então saiu o anjo do Senhor, e feriu no arraial dos assyrios a cento e oitenta e cinco mil d'elles; e, levantando-se pela manhã cedo, eis que tudo eram corpos mortos.
37 ၃၇ အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထို အရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ ၏။
Assim Senacherib, rei da Assyria, se retirou, e se foi, e voltou, e se ficou em Ninive.
38 ၃၈ နောက်တဖန် သူသည် မိမိဘုရား နိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန် သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။
E succedeu que, estando elle prostrado na casa de Nisroch, seu deus, Adramelech e Sarezer, seus filhos, o feriram á espada; porém elles se escaparam para a terra d'Ararat, e Esarhaddon, seu filho, reinou em seu logar.