< ဟေရှာယ 35 >

1 တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည်။
O deserto e os logares seccos se alegrarão d'isto; e o ermo exultará e florescerá como a rosa.
2 အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ် ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနု ဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
Abundantemente florescerá, e tambem se alegrará d'alegria e exultará; a gloria do Libano se lhe deu, o ornato do Carmelo e Saron: elles verão a gloria do Senhor, o ornato do nosso Deus.
3 အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။
Confortae as mãos fracas, e esforçae os joelhos trementes.
4 အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။
Dizei aos turbados de coração: Confortae-vos, não temaes: eis-que o vosso Deus virá a tomar vingança, com pagos de Deus; elle virá, e vos salvará.
5 ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည်။
Então os olhos dos cegos serão abertos, e os ouvidos dos surdos se abrirão.
6 ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ် ရေစီးလိမ့်မည်။
Então os coxos saltarão como cervos, e a lingua dos mudos cantará: porque aguas arrebentarão no deserto e ribeiros no ermo.
7 တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင် ပေါက်လိမ့်မည်။
E a terra secca se tornará em tanques, e a terra sedenta em mananciaes d'aguas; e nas habitações em que jaziam os dragões haverá herva com cannas e juncos.
8 ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။
E ali haverá estrada e caminho, que se chamará o caminho sancto; o immundo não passará por elle, mas será para estes: os caminhantes, até mesmo os loucos, não errarão.
9 ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မ တက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည်။
Ali não haverá leão, nem besta fera subirá a elle, nem se achará n'elle: porém só os remidos andarão por elle.
10 ၁၀ ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက်၊ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။
E os resgatados do Senhor tornarão, e virão a Sião com jubilo: e alegria eterna haverá sobre as suas cabeças: gozo e alegria alcançarão, e d'elles fugirá a tristeza e o gemido.

< ဟေရှာယ 35 >