< ဟေရှာယ 33 >
1 ၁ သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ် သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
၁သူတပါး လုယူ ခြင်းကို မ ခံဘဲလျက်၊ လုယူ တတ် သောသူ၊ သူတပါးဖျက်ဆီး ခြင်းကို မ ခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင် သည်အမင်္ဂလာ ရှိ၏။ သင် သည် မလု မယူဘဲ နေသောအခါ လုယူ ခြင်းကိုခံ ရမည်။ ဖျက်ဆီး၍ မော သောအခါ ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။
2 ၂ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော် မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော် မူပါ။
၂အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကို သနား တော်မူ ပါ။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို မြော်လင့် ကြပါ၏။ နံနက် တိုင်း အကျွန်ုပ်တို့၌ ခွန်အား ကိုပေး တော်မူပါ။ အမှု ရောက်သောအခါ ၊ အကျွန်ုပ် တို့ကို ကယ်တင် တော်မူ ပါ။
3 ၃ အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ် ရပ်ကွဲပြားကြ၏။
၃အလုံး အရင်း၏ အသံ ကြောင့် ၊ လူစု တို့သည် ပြေး ကြ၏။ ထ တော်မူသောအခါ ၊ လူမျိုး တို့သည် အရပ်ရပ် ကွဲပြား ကြ၏။
4 ၄ သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည်။
၄သူတပါးတို့သည် သင် တို့၏ ဥစ္စာ ကို ကျိုင်းကောင် သိမ်း ယူသကဲ့သို့ သိမ်း ယူကြလိမ့်မည်။ ကျိုင်းကောင် တို့သည် လူး လာပြေး သကဲ့သို့၊ သင်တို့၏ ဥစ္စာ ပေါ် မှာ လူးလာပြေးကြလိမ့်မည်။
5 ၅ ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသ ဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေ တော်မူ၏။
၅ထာဝရဘုရား သည် ချီးမြှောက် ခြင်းရှိတော်မူ၏။ မြင့် သောအရပ်၌ နေ တော်မူ၏။ ဇိအုန် မြို့ကို တရား သဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းနှင့် ပြည့် စေ တော်မူ၏။
6 ၆ ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့် မည်။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည် လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
၆ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
7 ၇ သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိဿဟာ ယ စကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။
၇သူရဲ တို့သည် ပြင် ၌ အော်ဟစ် ကြ၏။ မိဿဟာယ စကားကို ပြောသော တမန် တော်တို့သည် ပြင်း စွာငိုကြွေး ကြ၏။
8 ၈ လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွား လာသော သူမရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကို လည်း ပယ်လေပြီ။ အဘယ်သူ၏ မျက်နှာကို မမှတ် တတ်။
၈လမ်း မတို့သည် ဆိတ်ညံ ကြ၏။ လမ်း ခရီး၌ သွား လာသောသူမရှိ။ ထိုမင်းသည် သစ္စာ ပျက် လေပြီ။ မြို့ များကိုလည်း ပယ် လေပြီ။ အဘယ်သူ၏ မျက်နှာကို မ မှတ် တတ်။
9 ၉ ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗ နုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား၏။
၉ပြည် တော်သည် ငြိုငြင် ၍ အားလျော့ ၏။ လေဗနုန် တောသည် ရှက် ကြောက်၍ နွမ်းရိ ၏။ ရှာရုန် အရပ် သည် တော ကဲ့သို့ ဖြစ် ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏။
10 ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထ မည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက်မည်။
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု ငါထ မည်။ ယခု ချီးမြှောက် ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက် မည်။
11 ၁၁ သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင်၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည်။ သင်ကို စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။
၁၁သင်တို့သည်ဖွဲ ကို ကိုယ်ဝန် ဆောင်၍၊ အမှိုက် ကို ဘွားမြင် ရလိမ့်မည်။ သင် တို့ စိတ် သဘောသည် မီး ဖြစ်၍၊ သင် တို့ကို ဖျက်ဆီး လိမ့်မည်။
12 ၁၂ လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့၎င်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
၁၂လူ များတို့သည် ထုံး ကျောက်ကို ဖုတ် သကဲ့သို့၎င်း၊ ဆူး ပင်များကို ခုတ် ၍ မီး ရှို့ သကဲ့သို့၎င်း ဖြစ် ကြလိမ့်မည်။
13 ၁၃ ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြ လော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။
၁၃ဝေး သောသူတို့၊ ငါပြု သော အမှုကို မှတ် ကြလော့။ နီး သောသူတို့၊ ငါ့ တန်ခိုး ကို ဝန်ခံ ကြလော့။
14 ၁၄ အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း။
၁၄အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။
15 ၁၅ တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထ သော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ၍၊ တံစိုးကို လည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်း အမှုကို နားမခံ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေလိမ့်မည်။
၁၅တရား သဖြင့်ကျင့် ၍ ဖြောင့်မတ် စွာ ပြော ထ သော၊ ညှဉ်းဆဲ ခြင်းအားဖြင့်ရသောငွေ ကို ရွံ၍၊ တံစိုး ကိုလည်း ငြင်းပယ် ထသော၊ လူအသက်သတ် ခြင်းအမှုကို နား မ ခံ၊ အဓမ္မ အမှုများကို မ ကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေ လိမ့်မည်။
16 ၁၆ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
၁၆ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
17 ၁၇ သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည်။
၁၇သင်သည် ရှင် ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ် မျက်စိ နှင့် မြင် ရ၍၊ ဝေး လှသောပြည် ကိုလည်း ကြည့် မြင်ရလိမ့်မည်။
18 ၁၈ သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအ ရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။
၁၈သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။
19 ၁၉ ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသောစ ကားကို ပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ။
၁၉ကြမ်းတမ်း သောလူမျိုး ၊ နား မ ဝင်နိုင်အောင် နက်နဲ သောစကား ၊ နားမလည်နိုင်အောင် ခက်ခဲ သောစကား ကို ပြောသော လူမျိုး ကို သင်သည်မ တွေ့ မမြင်ရ။
20 ၂၀ ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင် တခုမျှမရွှေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်း မပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။
၂၀ငါ တို့ပွဲခံ ရာမြို့ ၊ ဇိအုန် မြို့ကို ကြည့်ရှု လော့။ တိုင် တခုမျှမ ရွှေ့ ၊ ကြိုး တခုမျှ မ ပြတ် ၊ အလျှင်း မ ပျက် ရသောတဲ တည်းဟူသော၊ ငြိမ်ဝပ် သောနေရာ ယေရုရှလင် မြို့ကို ကိုယ် မျက်စိ နှင့် မြင် ရလိမ့်မည်။
21 ၂၁ ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ။
၂၁ထို မြို့တွင် ဘုန်းကြီး သော ထာဝရဘုရား သည် ငါ တို့၌ ကျယ် သောမြစ် များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ် ၌ တက် သောရဲ လှေ ၊ အားကြီး သော သင်္ဘော တစင်းမျှ မ ရှောက် မသွားရ။
22 ၂၂ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့် မည်။
၂၂အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ တို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ပညတ် တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ရှင် ဘုရင်ဖြစ်၍၊ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။
23 ၂၃ သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသောဥစ္စာကို လုယူဝေငှရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ၏။
၂၃သင် ၏ သင်္ဘောရွက်ကြိုး များ ပြုတ် လျက်ရှိ၏။ ရွက်တိုင် ကို ခိုင်ခံ့ စွာမ ချည် ၊ ရွက် ကိုလည်း မ ဖြန့် နိုင်။ သို့ ဖြစ်၍၊ များစွာ သောဥစ္စာ ကို လုယူ ဝေငှ ရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာ ကို လုယူ ရ၏။
24 ၂၄ မြို့သားကလည်း၊ ငါနာသည်ဟုမဆိုရ။ ထိုမြို့၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြ လိမ့်မည်။
၂၄မြို့သားကလည်း၊ ငါနာ သည်ဟုမ ဆို ရ။ ထိုမြို့ ၌ နေ သောသူ တို့သည် အပြစ် ပြေရှင်း ခြင်းသို့ ရောက်ရကြ လိမ့်မည်။