< ဟေရှာယ 31 >
1 ၁ စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။
၁စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။
2 ၂ ထိုဘုရားသည် ဥာဏ်တော်ကျယ်၍၊ သူတို့အ ပေါ်မှာ ဘေးကိုသက်ရောက်စေတော်မူမည်။ စကား တော်မပျက်ဘဲ၊ ဆိုးသောလူမျိုးကို၎င်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကို၎င်း တဘက်၌ ထတော်မူမည်။
၂ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး ကိုသက်ရောက် စေတော်မူမည်။ စကား တော်မ ပျက် ဘဲ၊ ဆိုး သောလူမျိုး ကို၎င်း၊ မတရား သဖြင့် ပြု သောသူတို့ဘက်မှာ နေ သောသူတို့ကို၎င်းတဘက်၌ ထ တော်မူမည်။
3 ၃ အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက် သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
၃အဲဂုတ္တု ပြည်သားတို့သည် ဘုရား မ ဖြစ်၊ လူ သက်သက်ဖြစ်ကြ၏။ သူ တို့မြင်း သည်လည်း ဝိညာဉ် မ ဖြစ်၊ အသား သက်သက်ဖြစ်၏။ ထာဝရဘုရား သည် လက် တော်ကို ဆန့် တော်မူသောအခါ၊ မစ တတ်သောသူသည် လဲ လိမ့်မည်။ မစ အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ တို့သည် အတူ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
4 ၄ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ၊ သိုးထိန်းအလုံးအရင်း၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက်၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့၊ ထိုနည်းတူ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
၄ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့် ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့် အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ တောင် တည်းဟူသောဇိအုန် တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
5 ၅ ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှ လင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။
၅ငှက် သည် သားငယ်ကို အုပ် တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရှုရှလင် မြို့ကို ကွယ်ကာ တော်မူမည်။ ကွယ်ကာ စောင့်မ၍ အပြစ် မပေး၊ ကယ်တင် တော်မူမည်။
6 ၆ အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့။
၆အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန် လွှဲ ရှောင်ပယ်ထားသော ဘုရား ထံ တော်သို့ ပြန် လာ ကြလော့။
7 ၇ အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက် ဖြင့် အသီးအသီးလုပ်သောငွေရုပ်တု၊ ရွှေရုပ်တု တည်း ဟူသော၊ ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက် ကြလိမ့်မည်။
၇အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ လက် ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို ကာလ ၌ ပစ် လိုက် ကြလိမ့်မည်။
8 ၈ အာရှုရိလူသည်လည်း၊ကြီးမြတ်သောသူ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည်။ ယုတ်သောသူ၏ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည် လည်း ထားဘေးမှ ပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည်။
၈အာရှုရိ လူသည်လည်း ၊ ကြီးမြတ် သောသူ၏ ထား မဟုတ် သော ထား ဖြင့် ဆုံး လိမ့်မည်။ ယုတ် သောသူ၏ထား မဟုတ် သော ထားသည် သူ့ ကိုဖျက်ဆီး လိမ့်မည်။ သူသည် လည်း ထား ဘေးမှ ပြေး ၍ ၊ သူရဲ တို့သည် ကျွန် ခံ ရကြ လိမ့်မည်။
9 ၉ သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား၍၊ သူ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း။
၉သူသည်လည်း ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင် စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌ မီးဖို ရှိသော ထာဝရဘုရား မိန့် တော်မူသတည်း။