< ဟေရှာယ 26 >
1 ၁ ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူ လိမ့်မည်။
Saa da no, wɔbɛto saa dwom yi wɔ Yuda asase so: Yɛwɔ kuropɔn dennen; Onyankopɔn de nkwagye ayɛ nʼafasu ne ne hankare a ɛkorɔn.
2 ၂ တံခါးတို့ကို ဖွင့်ကြလော့။
Mummuebue apon no na atreneefo man no nhyɛn mu, ɔman nokwafo no.
3 ၃ သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။
Wobɛkora no so asomdwoe mu nea wasi nʼadwene pi, efisɛ ɔde ne ho to wo so.
4 ၄ ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာ ဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏။
Fa wo ho to Awurade so afebɔɔ, efisɛ, Awurade, Awurade yɛ daa Botan.
5 ၅ မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော် မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။
Ɔbrɛ wɔn a wɔtete soro ase, na ɔbrɛ kuropɔn a ɛkorɔn no ase; obubu gu fam pasaa ma ɛda mfutuma mu.
6 ၆ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူ နှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။
Anammɔn tiatia so, wɔn a wɔhyɛ wɔn so anammɔn ahiafo anammɔntu.
7 ၇ ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင် တော်မူ၏။
Ɔtreneeni kwan so yɛ tamaa; wo, Ɔnokwafo, woma ɔtreneeni kwan so yɛ trontrom.
8 ၈ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။
Yiw, Awurade, yɛnam wo mmara kwan so yi, yɛretwɛn wo; na wo din ne ne kɛseyɛ yɛ nea yɛn koma pɛ.
9 ၉ ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။
Me kra pere hwehwɛ wo anadwo; anɔpa nso me honhom ani gyina wo. Sɛ wʼatemmu ba asase yi so a, nnipa a wɔwɔ wiase sua treneeyɛ.
10 ၁၀ မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ။
Ɛwɔ mu sɛ wuyi adom adi kyerɛ amumɔyɛfo de, nanso wonsua treneeyɛ; na mpo atreneefo asase so no, wɔkɔ so yɛ bɔne na wommu Awurade kɛseyɛ.
11 ၁၁ အိုထာဝရဘုရား၊ လက်တော်ကိုချီတော်မူသော် လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။
Ao Awurade, wɔama wo nsa so kɔ soro, nanso wonhu. Ma wonhu wo mmɔdemmɔ wɔ wo nkurɔfo ho na ɛnhyɛ wɔn aniwu; ma ogya a wɔasɔ ama wʼatamfo no nhyew wɔn.
12 ၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ၏။
Awurade, woama yɛn asomdwoe; nea yɛatumi ayɛ nyinaa wo na woayɛ ama yɛn.
13 ၁၃ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှ တပါး အခြားသောသခင်တို့သည် အကျွန်ုပ် တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။
Awurade yɛn Nyankopɔn, awuranom afoforo bi adi yɛn so, nanso wo din nko ara na yɛ kamfo.
14 ၁၄ ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက်မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြ ပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေ ခြင်းငှါ ပယ်ရှင်းတော်မူပြီ။
Afei wɔawuwu, na wɔnte ase bio; ahonhom a wɔafi mu no wɔrensɔre. Wotwee wɔn aso na wosɛee wɔn wɔama yɛn werɛ afi wɔn.
15 ၁၅ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ် စေတော်မူပြီ။
Woama ɔman no ayɛ kɛse, Awurade; woama ɔman no ayɛ kɛse; woahyɛ wo ho anuonyam; woatrɛtrɛw asase no ahye nyinaa mu.
16 ၁၆ အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသော အခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသော အခါ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ။
Awurade, wofi ahohia mu baa wo nkyɛn; bere a wotwee wɔn aso no, na wontumi mmue wɔn ano mpo mmɔ mpae.
17 ၁၇ ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အိုထာဝရဘုရား၊ အကျွန်ုပ် တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။
Sɛnea ɔpemfo a awo aka no fi ɔyaw mu bukabukaw ne mu na osu no, saa ara na yɛyɛe wɔ wʼanim, Awurade.
18 ၁၈ အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင် ခြင်း ဝေဒနာကို ခံရသော်လည်း၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။
Yenyinsɛnee, yɛkyemee wɔ ɔyaw mu nanso yɛwoo mframa. Yɛamfa nkwagye amma asase so; wɔanwo nnipa amma asase so.
19 ၁၉ ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆို ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။
Nanso wʼawufo benya nkwa; wɔn nipadua bɛsɔre. Ma wɔn a wɔtete mfutuma mu no, nsɔre mfa anigye nteɛ mu. Mo bosu te sɛ anɔpa bosu; asase beyi nʼafunu apue.
20 ၂၀ ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင် ၍ နေကြလော့။
Monkɔ, me nkurɔfo, monhyɛnhyɛn mo adan mu na montoto apon no mu; momfa mo ho nsie bere tiaa bi kosi sɛ nʼabufuwhyew ano bedwo.
21 ၂၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး သားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ၌ရှိသော အသွေးကိုဘော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက်၍မထားရ။
Hwɛ, Awurade refi nʼatenae abɛtwe nnipa a wɔte asase so aso wɔ wɔn bɔne ho. Asase bɛda mogya a wɔahwie agu no so no adi; ɔrentumi mfa nʼatɔfo nsie bio.