< ဟေရှာယ 26 >

1 ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သော မြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူ လိမ့်မည်။
В тот день будет воспета песнь сия в земле Иудиной: город крепкий у нас; спасение дал Он вместо стены и вала.
2 တံခါးတို့ကို ဖွင့်ကြလော့။
Отворите ворота; да войдет народ праведный, хранящий истину.
3 သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။
Твердого духом Ты хранишь в совершенном мире, ибо на Тебя уповает он.
4 ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာ ဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏။
Уповайте на Господа вовеки, ибо Господь Бог есть твердыня вечная:
5 မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော် မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။
Он ниспроверг живших на высоте, высоко стоявший город; поверг его, поверг на землю, бросил его в прах.
6 ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူ နှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။
Нога попирает его, ноги бедного, стопы нищих.
7 ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင် တော်မူ၏။
Путь праведника прям; Ты уравниваешь стезю праведника.
8 အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။
И на пути судов Твоих, Господи, мы уповали на Тебя; к имени Твоему и к воспоминанию о Тебе стремилась душа наша.
9 ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။
Душею моею я стремился к Тебе ночью, и духом моим я буду искать Тебя во внутренности моей с раннего утра: ибо когда суды Твои совершаются на земле, тогда живущие в мире научаются правде.
10 ၁၀ မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ။
Если нечестивый будет помилован, то не научится он правде, - будет злодействовать в земле правых и не будет взирать на величие Господа.
11 ၁၁ အိုထာဝရဘုရား၊ လက်တော်ကိုချီတော်မူသော် လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။
Господи! рука Твоя была высоко поднята, но они не видали ее; увидят и устыдятся ненавидящие народ Твой; огонь пожрет врагов Твоих.
12 ၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ၏။
Господи! Ты даруешь нам мир; ибо и все дела наши Ты устрояешь для нас.
13 ၁၃ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှ တပါး အခြားသောသခင်တို့သည် အကျွန်ုပ် တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။
Господи Боже наш! другие владыки кроме Тебя господствовали над нами; но чрез Тебя только мы славим имя Твое.
14 ၁၄ ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက်မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်းမရှိရကြ ပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေ ခြင်းငှါ ပယ်ရှင်းတော်မူပြီ။
Мертвые не оживут; рефаимы не встанут, потому что Ты посетил и истребил их, и уничтожил всякую память о них.
15 ၁၅ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ် စေတော်မူပြီ။
Ты умножил народ, Господи, умножил народ, - прославил Себя, распространил все пределы земли.
16 ၁၆ အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသော အခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသော အခါ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ။
Господи! в бедствии он искал Тебя; изливал тихие моления, когда наказание Твое постигало его.
17 ၁၇ ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အိုထာဝရဘုရား၊ အကျွန်ုပ် တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။
Как беременная женщина, при наступлении родов, мучится, вопит от болей своих, так были мы пред Тобою, Господи.
18 ၁၈ အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင် ခြင်း ဝေဒနာကို ခံရသော်လည်း၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။
Были беременны, мучились, и рождали как бы ветер; спасения не доставили земле, и прочие жители вселенной не пали.
19 ၁၉ ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆို ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။
Оживут мертвецы Твои, восстанут мертвые тела! Воспряньте и торжествуйте, поверженные в прахе: ибо роса Твоя - роса растений, и земля извергнет мертвецов.
20 ၂၀ ငါ၏လူတို့၊ လာကြ။ အတွင်းအခန်းထဲသို့ ဝင်၍၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင် ၍ နေကြလော့။
Пойди, народ мой, войди в покои твои и запри за собой двери твои, укройся на мгновение, доколе не пройдет гнев;
21 ၂၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး သားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ၌ရှိသော အသွေးကိုဘော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက်၍မထားရ။
ибо вот, Господь выходит из жилища Своего наказать обитателей земли за их беззаконие, и земля откроет поглощенную ею кровь и уже не скроет убитых своих.

< ဟေရှာယ 26 >