< ဟေရှာယ 24 >
1 ၁ ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏။
Behold, the LORD maketh the earth empty, and maketh it waste, and turneth it upside down, and scattereth abroad the inhabitants thereof.
2 ၂ ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့ ၎င်း၊ သခင်သည် ကျွန်ကဲ့သို့၎င်း၊ သခင်မသည် ကျွန်မကဲ့ သို့၎င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့၎င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့၎င်း၊ အတိုးစား သောသူသည် အတိုးပေးသောသူကဲ့သို့၎င်း ဖြစ်ရ လိမ့် မည်။
And it shall be, as with the people, so with the priest; as with the servant, so with his master; as with the maid, so with her mistress; as with the buyer, so with the seller; as with the lender, so with the borrower; as with the taker of usury, so with the giver of usury to him.
3 ၃ တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ၏။
The land shall be utterly emptied, and utterly spoiled: for the LORD hath spoken this word.
4 ၄ ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီး သော ပြည်သားတို့သည် အားလျော့ကြ၏။
The earth mourneth [and] fadeth away, the world languisheth [and] fadeth away, the haughty people of the earth do languish.
5 ၅ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညှုးခြင်းရှိ ၏။
The earth also is defiled under the inhabitants thereof; because they have transgressed the laws, changed the ordinance, broken the everlasting covenant.
6 ၆ ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် ပြည် တော်ကို လွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ပြည်သူတို့သည် ပူလောင်ကြ သဖြင့်၊ ကြွင်းကျန်သောသူတို့သည် နည်းကြ၏။
Therefore hath the curse devoured the earth, and they that dwell therein are desolate: therefore the inhabitants of the earth are burned, and few men left.
7 ၇ သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ၏။
The new wine mourneth, the vine languisheth, all the merryhearted do sigh.
8 ၈ သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်း မြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ။
The mirth of tabrets ceaseth, the noise of them that rejoice endeth, the joy of the harp ceaseth.
9 ၉ သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။
They shall not drink wine with a song; strong drink shall be bitter to them that drink it.
10 ၁၀ လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အ ဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။
The city of confusion is broken down: every house is shut up, that no man may come in.
11 ၁၁ စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည် တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တပြည်လုံး၌ သာယာသောအသံ ငြိမ်းပြီ။
[There is] a crying for wine in the streets; all joy is darkened, the mirth of the land is gone.
12 ၁၂ ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့တံ ခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
In the city is left desolation, and the gate is smitten with destruction.
13 ၁၃ ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။
When thus it shall be in the midst of the land among the people, [there shall be] as the shaking of an olive tree, [and] as the gleaning grapes when the vintage is done.
14 ၁၄ ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။
They shall lift up their voice, they shall sing for the majesty of the LORD, they shall cry aloud from the sea.
15 ၁၅ သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘု ရားကို၎င်း၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရ ဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့။
Wherefore glorify ye the LORD in the fires, [even] the name of the LORD God of Israel in the isles of the sea.
16 ၁၆ သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူ စေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက် နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လု ယက်ကြ၏။
From the uttermost part of the earth have we heard songs, [even] glory to the righteous. But I said, My leanness, my leanness, woe unto me! the treacherous dealers have dealt treacherously; yea, the treacherous dealers have dealt very treacherously.
17 ၁၇ အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ် သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။
Fear, and the pit, and the snare, [are] upon thee, O inhabitant of the earth.
18 ၁၈ ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေ တွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့် မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ် လည်း လှုပ်ရှားလေ၏။
And it shall come to pass, [that] he who fleeth from the noise of the fear shall fall into the pit; and he that cometh up out of the midst of the pit shall be taken in the snare: for the windows from on high are open, and the foundations of the earth do shake.
19 ၁၉ ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။
The earth is utterly broken down, the earth is clean dissolved, the earth is moved exceedingly.
20 ၂၀ ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူး လည်လည် ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တဖန် မထရ။
The earth shall reel to and fro like a drunkard, and shall be removed like a cottage; and the transgression thereof shall be heavy upon it; and it shall fall, and not rise again.
21 ၂၁ ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။
And it shall come to pass in that day, [that] the LORD shall punish the host of the high ones [that are] on high, and the kings of the earth upon the earth.
22 ၂၂ သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည် နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ် ကြောခြင်းကို ခံရကြလိမ့်မည်။
And they shall be gathered together, [as] prisoners are gathered in the pit, and shall be shut up in the prison, and after many days shall they be visited.
23 ၂၃ လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။
Then the moon shall be confounded, and the sun ashamed, when the LORD of hosts shall reign in mount Zion, and in Jerusalem, and before his ancients gloriously.