< ဟေရှာယ 23 >
1 ၁ တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။
၁ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
2 ၂ ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။
၂ပင်လယ်တွင်ကုန်ကူးလျက်ရှိသောဇိဒုန်ကုန် သည်တို့၊ ဟစ်အော်ငိုကြွေးကြလော့။ သင်တို့ သည်ထိုသူတို့အား၊-
3 ၃ များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။
၃ပင်လယ်ရပ်ခြားသို့စေလွှတ်၍အီဂျစ် ပြည်မှထွက်သည့်ကောက်ပဲသီးနှံများ ကိုရောင်းဝယ်ကာလူမျိုးတကာတို့နှင့် ကုန်သွယ်မှုကိုပြုစေကြ၏။
4 ၄ အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အ ကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီး က၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဘွား၊ လူပျို နှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏။
၄အို ဇိဒုန်မြို့၊ သင်သည်အသရေပျက်လေပြီ။ ပင်လယ်နှင့်သမုဒ္ဒရာကြီးများ၏နက်နဲရာ အရပ်က``ငါ့မှာအဘယ်အခါကမျှသား သမီးများမရှိခဲ့။ ငါသည်ဘယ်သောအခါ ကမျှသားများကိုသော်လည်းကောင်း၊ သမီး များကိုသော်လည်းကောင်းမမွေးဖွားမပြု စုခဲ့'' ဟုဆိုကာသင့်ကိုစွန့်လွှတ်လိုက်လေပြီ။
5 ၅ အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည်။
၅တုရုမြို့ပျက်စီးသွားသည့်သတင်းကို ကြားသောအခါအီဂျစ်အမျိုးသားတို့ ပင်လန့်ဖျပ်သွားကြကုန်၏။
6 ၆ တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။
၆အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
7 ၇ ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသော အရပ်၌ တည်းခို ခြင်း ငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။
၇ဤမြို့သည်ရှေးအခါကတည်ထောင်ခဲ့သည့် မြို့၊ သာယာရွှင်လန်းခဲ့သည့်တုရုမြို့ဖြစ်နိုင် ပါသလော။ ဤမြို့သည်ကိုလိုနီနိုင်ငံများ တည်ထောင်ရန်ပင်လယ်ရပ်ခြားသို့လူများ ကိုစေလွှတ်နေထိုင်စေသည့်မြို့မဖြစ်နိုင် ပါသလော။-
8 ၈ တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း။
၈ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။-
9 ၉ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။
၉အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
10 ၁၀ အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။
၁၀စပိန်ပြည်ရှိကိုလိုနီနိုင်ငံများမှလူတို့၊ သင်တို့သည်သွား၍လယ်ယာများကိုထွန် ယက်ကြလော့။ သင်တို့အားကာကွယ်စောင့် ရှောက်မည့်သူတစ်စုံတစ်ယောက်မျှမရှိ တော့ပေ။-
11 ၁၁ ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။
၁၁ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။-
12 ၁၂ ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏သ္မီး၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက် ခြင်း မရှိရဟု မိန့်တော်မူ၏။
၁၂အို ဇိဒုန်မြို့၊ သင်သည်နောက်တစ်ဖန်သာယာ ရွှင်လန်းရတော့မည်မဟုတ်။ သင်၏လူတို့ သည်လည်းဖိနှိပ်ချုပ်ချယ်မှုကိုခံရလျက် ရှိ၏။ အကယ်၍သူတို့သည်ကုပရုပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဆိုစေ ကာမူ ဘေးမဲ့လုံခြုံစွာနေရကြလိမ့်မည် မဟုတ်။
13 ၁၃ အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏။ ထိုပြည် သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။
၁၃(တုရုမြို့ကို တောတိရစ္ဆာန်များခိုအောင်းရာ ဖြစ်စေသူတို့မှာ အာရှုရိအမျိုးသားများ မဟုတ်၊ ဗာဗုလုန်အမျိုးသားများသာဖြစ် ၏။ သူတို့သည်ခံတပ်မြို့စင်မြင့်များကို တည်ဆောက်ပြီးလျှင်၊ ခံတပ်တို့ကိုဖြိုချ ကာတုရုမြို့ကိုဖျက်ဆီး၍ထားခဲ့ကြ၏။)
14 ၁၄ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြ လော့။ သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ။
၁၄သမုဒ္ဒရာတွင်ရောက်ရှိနေသူအချင်းသင်္ဘော သားတို့၊ ဝမ်းနည်းလျက်ညည်းတွားမြည်တမ်း ကြလော့။ သင်တို့ယုံကြည်အားထားရာမြို့ သည်ပြိုပျက်သွားလေပြီ။
15 ၁၅ ထိုကာလ၌ တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှမအောက် မေ့ရ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့် မည်။
၁၅ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။
16 ၁၆ အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည်လော့။ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ၊ သာယာသော အသံနှင့် တီး၍၊ သီချင်းကို များစွာဆိုလော့။
၁၆
17 ၁၇ အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။
၁၇အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
18 ၁၈ သို့ရာတွင်၊ သူ၏ ကုန်သွယ်ခြင်း၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည်။ ဆည်းဖူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍ သူတို့သည် ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။
၁၈ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။