< ဟေရှာယ 20 >
1 ၁ အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်
Aşşur padşahı Sarqonun əmri ilə ordusunun başçısı Aşdoda gəlib onu ələ keçirtdiyi ildə
2 ၂ ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။
Rəbb Amots oğlu Yeşayaya belə dedi: «Get, əynindəki çulunu və ayağındakı çarıqlarını çıxar». Yeşaya elə də etdi, lüt və ayaqyalın gəzməyə başladı.
3 ၃ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊
Rəbb dedi: «Misir və Kuş üçün əlamət və ibrət olaraq qulum Yeşaya necə üç il ərzində çılpaq və ayaqyalın dolaşdısa,
4 ၄ ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။
elə də Aşşur padşahı Misiri xəcalətli etmək üçün Misirliləri əsir, Kuşluları sürgün edib gəncləri, qocaları çılpaq və ayaqyalın, ayıb yerləri açıq aparacaq.
5 ၅ အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။
Kuşa güvənən, Misirlə fəxr edən xalq qorxacaq və xəcalətə düşəcək.
6 ၆ ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး၍ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်။
O gün bu sahil boyunca yerləşən ölkənin sakinləri deyəcək: “Aşşur padşahının əlindən qurtulmaq üçün köməyinə güvəndiyimiz, bel bağladığımız xalqların başına gör nələr gəldi! Bəs biz nə cür qurtulacağıq?”»