< ဟေရှာယ 2 >

1 ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊
Šis ir tas vārds, ko Jesaja, Amoca dēls, redzējis par Jūdu un Jeruzālemi.
2 နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
Un notiks pastara laikā, tad Dieva nama kalns stāvēs pāri pār visiem kalniem un būs paaugstināts pār pakalniem, un visi pagāni uz viņu plūdīs,
3 များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။
Un daudz tautas ies un sacīs: ejam, kāpsim uz Tā Kunga kalnu, uz Jēkaba Dieva namu, lai Viņš mums māca Savus ceļus, un lai staigājam Viņa tekās, jo no Ciānas iziet mācība, un Tā Kunga vārds no Jeruzālemes.
4 ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။
Un Viņš tiesās starp pagāniem un pārmācīs daudz tautas, un tie pārkals savus zobenus par lemešiem un savus šķēpus par cirpēm(ecešām). Jo tauta pret tautu nepacels zobenu un vairs nemācīsies karu.
5 အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
Jēkaba nams, nāc, staigāsim Tā Kunga gaismā.
6 အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
Bet Tu esi atstājis Savus ļaudis, Jēkaba namu, jo tie ir pilni austruma ļaužu (bezdievības) un ir zīlnieki tā kā Fīlisti, un ar svešinieku bērniem tiem ir draudzība.
7 သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
Un viņu zeme ir pilna sudraba un zelta, un mantas tiem bez gala, un viņu zeme ir pilna zirgu, un ratu tiem bez gala.
8 သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
Un viņu zeme ir pilna elka dievu, un savu roku darbu tie pielūdz, to, ko pašu pirksti taisījuši.
9 ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
Bet ļaudis tiek pazemoti, un vīri gāzti, un piedot tu viņiem nepiedosi.
10 ၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
Lieni klints alā un paslēpies pīšļos priekš Tā Kunga iztrūcināšanas un priekš viņa augstās godības.
11 ၁၁ ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
Ļaužu lepnās acis taps pazemotas, un vīru augstība taps locīta, bet Tas Kungs vien būs augsts tanī dienā.
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
Jo Tā Kunga Cebaot diena būs pret visu lepnumu un lielumu, un pret visu augstumu, ka tas top pazemots,
13 ၁၃ ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
Un pret visiem lieliem un augstiem Lībanus ciedru kokiem un pret visiem Basanas ozoliem
14 ၁၄ မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
Un pret visiem lieliem kalniem un pret visiem augstiem pakalniem.
15 ၁၅ မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
Un pret visiem augstiem torņiem un pret visiem stipriem mūriem
16 ၁၆ တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။
Un pret visiem jūras kuģiem un pret visiem skaistiem tēliem.
17 ၁၇ ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။
Un ļaužu lepnība taps locīta, un vīru augstība pazemota, bet Tas Kungs vien būs augsts tanī dienā.
18 ၁၈ ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။
Un elkadievi ies pavisam bojā.
19 ၁၉ ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
Tad ies kalnu alās un zemes plaisumos priekš Tā Kunga iztrūcināšanas un priekš viņa augstās godības, kad viņš celsies, iztrūcināt zemi.
20 ၂၀ ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
Tai dienā cilvēks savus sudraba elkus un savus zelta elkus, ko tie sev bija taisījuši pielūgt, nometīs kurmjiem un sikspārņiem,
21 ၂၁ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
Un ies klints aizās un kalnu alās, priekš Tā Kunga iztrūcināšanas un priekš Viņa augstās godības, kad Viņš celsies, iztrūcināt zemi.
22 ၂၂ နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။
Tad nepaļaujaties uz cilvēku, kam dvaša nāsīs; jo par ko tas turams?

< ဟေရှာယ 2 >