< ဟေရှာယ 2 >
1 ၁ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊
亞摩斯的兒子以賽亞得默示,論到猶大和耶路撒冷。
2 ၂ နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
末後的日子,耶和華殿的山必堅立, 超乎諸山,高舉過於萬嶺; 萬民都要流歸這山。
3 ၃ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။
必有許多國的民前往,說: 來吧,我們登耶和華的山, 奔雅各上帝的殿。 主必將他的道教訓我們; 我們也要行他的路。 因為訓誨必出於錫安; 耶和華的言語必出於耶路撒冷。
4 ၄ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။
他必在列國中施行審判, 為許多國民斷定是非。 他們要將刀打成犂頭, 把槍打成鐮刀。 這國不舉刀攻擊那國; 他們也不再學習戰事。
5 ၅ အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
雅各家啊,來吧! 我們在耶和華的光明中行走。
6 ၆ အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
耶和華,你離棄了你百姓雅各家, 是因他們充滿了東方的風俗, 作觀兆的,像非利士人一樣, 並與外邦人擊掌。
7 ၇ သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
他們的國滿了金銀, 財寶也無窮; 他們的地滿了馬匹, 車輛也無數。
8 ၈ သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
他們的地滿了偶像; 他們跪拜自己手所造的, 就是自己指頭所做的。
9 ၉ ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
卑賤人屈膝; 尊貴人下跪; 所以不可饒恕他們。
10 ၁၀ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
你當進入巖穴,藏在土中, 躲避耶和華的驚嚇和他威嚴的榮光。
11 ၁၁ ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
到那日,眼目高傲的必降為卑; 性情狂傲的都必屈膝; 惟獨耶和華被尊崇。
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
必有萬軍耶和華降罰的一個日子, 要臨到驕傲狂妄的; 一切自高的都必降為卑;
13 ၁၃ ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
又臨到黎巴嫩高大的香柏樹和巴珊的橡樹;
14 ၁၄ မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
又臨到一切高山的峻嶺;
15 ၁၅ မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
又臨到高臺和堅固城牆;
16 ၁၆ တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။
又臨到他施的船隻並一切可愛的美物。
17 ၁၇ ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။
驕傲的必屈膝; 狂妄的必降卑。 在那日,惟獨耶和華被尊崇;
18 ၁၈ ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။
偶像必全然廢棄。
19 ၁၉ ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
耶和華興起,使地大震動的時候, 人就進入石洞,進入土穴, 躲避耶和華的驚嚇和他威嚴的榮光。
20 ၂၀ ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
到那日,人必將為拜而造的金偶像、銀偶像 拋給田鼠和蝙蝠。
21 ၂၁ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
到耶和華興起,使地大震動的時候, 人好進入磐石洞中和巖石穴裏, 躲避耶和華的驚嚇和他威嚴的榮光。
22 ၂၂ နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။
你們休要倚靠世人。 他鼻孔裏不過有氣息; 他在一切事上可算甚麼呢?