< ဟေရှာယ 19 >
1 ၁ အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်။
၁အဲဂုတ္တု ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ထာဝရဘုရား သည် လျင်မြန် သော မိုဃ်းတိမ် ကို စီး ၍ အဲဂုတ္တု ပြည်သို့ ကြွ တော်မူ၏။ ရှေ့ တော်၌ အဲဂုတ္တု ပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တု ပြည်၏ နှလုံး သည် သူ ၏အထဲ မှာ အရည် ကျိုလျက် ရှိလိမ့်မည်။
2 ၂ အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တ ယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သ ဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊တမြို့ နှင့် တမြို့၊ တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
၂အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်းတ ယောက်နှင့် တယောက် ရန်ပြု စေခြင်းငှါ ငါနှိုးဆော် သဖြင့် ၊ သူတို့သည် ညီအစ်ကို ချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံ နှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
3 ၃ အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပျက် လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌၎င်း၊ ပြုစားသောသူတို့၌၎င်း၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ်ကြလိမ့်မည်။
၃အဲဂုတ္တု ပြည်၏ စိတ် သည် သူ ၏အထဲ မှာ ပျက် လိမ့်မည်။ သူ ၏အကြံ ကိုလည်း ငါဖျက် မည်။ သူတို့သည် ရုပ်တု တို့၌၎င်း ၊ ပြုစား သောသူတို့၌ ၎င်း ၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ် ကြလိမ့်မည်။
4 ၄ အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၄အဲဂုတ္တု ပြည်သားတို့ကို ကြမ်းကြုတ် သော သခင် တို့ လက် သို့ ငါအပ် သဖြင့် ၊ ပြင်းထန် သော ရှင်ဘုရင် တပါးသည် အုပ်စိုး လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူ၏။
5 ၅ ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်။
၅ထိုအခါပင်လယ် ရေ ပြတ် လိမ့်မည်။ မြစ် ရေ လည်း လျော့ ၍ ခန်းခြောက် လိမ့်မည်။
6 ၆ ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။
၆ချောင်း ရေများလည်း ပုပ် ကြလိမ့်မည်။ အဲဂုတ္တု မြစ် လက်ကြားတို့လည်း ရေ ပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင် နှင့် ကိုင်း ပင်တို့သည် ညှိုးနွမ်း ကြလိမ့်မည်။
7 ၇ မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည်။
၇မြစ် လက်ကြားနားနှင့် ချောင်း ဝ နား မှာ ပေါက် သော မြက်ပင် အစရှိသော၊ မြစ် နားမှာ စိုက် သမျှ တို့သည် ညှိုးနွမ်း ပျက်စီး ပ ပျောက်ကြလိမ့်မည်။
8 ၈ တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
၈တံငါ တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ၌ ငါးမျှား ကို ချ သမျှ သောသူတို့သည် မြည်တမ်း ၍ ရေ ပေါ် မှာ ပိုက်ကွန် ကို ဖြန့် တတ်သောသူတို့ သည် စိတ်ပျက် ကြလိမ့်မည်။
9 ၉ ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။
၉ပိုက်ဆန် လုပ် သောသူနှင့် ဈာ မျိုးကို ရက် သောသူတို့ သည်လည်း အကျိုးနည်း ရှိကြလိမ့်မည်။
10 ၁၀ အမှီတကဲတို့သည် ပျက်၍၊ အခစားသောသူအ ပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။
၁၀အမှီ တကဲတို့သည် ပျက် ၍၊ အခ စား သောသူအပေါင်း တို့သည် ညှိုးငယ် သောစိတ် ရှိကြလိမ့်မည်။
11 ၁၁ အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။
၁၁အကယ်စင်စစ်ဇောန မင်း တို့သည် အရူး ဖြစ် ကြ၏။ ဖာရော ဘုရင်၏ တိုင်ပင် မှူးမတ် တို့သည် မိုက် သောအကြံ ကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိ အမျိုး ၊ ရှေး ဘုရင် တို့ အနွှယ် ဖြစ်ပါသည်ဟု ဖာရော ဘုရင်အား အဘယ်ကြောင့် လျှောက် ကြသနည်း။
12 ၁၂ သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ။
၁၂သူ တို့သည် အဘယ်မှာ ရှိကြသနည်း။ သင် ၏ ပညာရှိ တို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် တဘက် ၌ အဘယ်သို့ ကြံစည် တော်မူသည်ကို ယခု ပြော ကြပါစေ။ ဘော်ပြ ကြပါစေ။
13 ၁၃ ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်း တို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ။
၁၃ဇောန မင်း တို့သည် အရူး ဖြစ်ကြပြီ။ နောဗ မင်း တို့သည် မှားယွင်း ကြပြီ။ အဲဂုတ္တု ပြည်၏ အမျိုး အနွယ်များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်း စေ ကြပြီ။
14 ၁၄ ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူး သောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။
၁၄ထာဝရဘုရား သည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူး သော သဘော ကို ပြင်ဆင် တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိ အန်ဖတ် ၌ လဲ သကဲ့သို့ ၊ အဲဂုတ္တု ပြည် သားတို့သည် ပြု လေသမျှ တို့၌ မှားယွင်း ကြပြီ။
15 ၁၅ အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ။
၁၅အဲဂုတ္တု ပြည်၏ ဦးခေါင်း ဖြစ်စေ ၊ အမြီး ဖြစ်စေ၊ စွန်ပလွံ လက်ဖြစ်စေ ၊ ကိုင်း ပင်ဖြစ်စေ၊ ပြီးစီး နိုင်သော အမှု အလျှင်းမ ရှိရ။
16 ၁၆ ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။
၁၆ထို ကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့အပေါ် မှာ လက် တော်ကို လှုပ်ရှား တော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ် ကြလိမ့်မည်။
17 ၁၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက်၌ ကြံစည် တော်မူသော အကြံအ စည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည်။
၁၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အဲဂုတ္တု ပြည် တဘက် ၌ ကြံစည် တော်မူသောအကြံ အစည်ကြောင့် ၊ ယုဒ ပြည် သည်လည်း အဲဂုတ္တု ပြည်၌ ကြောက်မက် ဘွယ်ဖြစ်လိမ့်မည်။ ယုဒ ပြည်ဟူ၍ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ ကြလိမ့်မည်။
18 ၁၈ ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။
၁၈ထို ကာလ ၌ အဲဂုတ္တု ပြည် တွင် ၊ မြို့ ငါး မြို့တို့သည် ခါနာန် ဘာသာ စကားကို ပြော ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ သစ္စာ တော်ကိုခံ ကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တ မြို့ကို သူရိယာ မြို့ ဟူ၍ခေါ်ဝေါ် ကြ လိမ့်မည်။
19 ၁၉ ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရ ဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။
၁၉ထို ကာလ ၌ အဲဂုတ္တု ပြည် အလယ် တွင် ၊ ထာဝရဘုရား ကို ပူဇော်ရာယဇ် ပလ္လင် ရှိ လိမ့်မည်။ ပြည် စွန်း နား တွင် လည်း ထာဝရဘုရား အဘို့ မှတ်တိုင် ရှိလိမ့်မည်။
20 ၂၀ ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။
၂၀ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ် လက္ခဏာဖြစ် လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ သက်သေ လည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲ ခြင်းကို ခံရသောကြောင့် ၊ ထာဝရဘုရား ကို အော်ဟစ် ကြသည်ရှိ သော်၊ ကယ်တင် သောအရှင်၊ အမှုစောင့် သခင်ကို သူ တို့ရှိရာသို့ စေ လွှတ် တော်မူ၍ ၊ ထိုသခင်သည် ကယ်တင် တော်မူ၏။
21 ၂၁ အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ် ၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်။
၂၁အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍၊ ထို ကာလ ၌ အဲဂုတ္တု လူတို့သည် ထာဝရဘုရား ကို သိ သောကြောင့်၊ ပူဇော် သက္ကာအလှု ဒါနကို ဆက်ကပ်၍ ဝတ်ပြု ကြလိမ့်မည်။ ထာဝရဘုရား ရှေ့ တော်၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြု ကြလိမ့်မည်။
22 ၂၂ ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။
၂၂ထာဝရဘုရား သည်လည်း အဲဂုတ္တု ပြည်ကို ဒဏ်ခတ် ၍ ၊ ခတ် ပြီးသော ဒဏ်ရာကို ပျောက် စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ကြ သည့်ကာလ၊ သူ တို့တောင်းပန်ခြင်းကို နားထောင် ၍ ဒဏ်ရာကို ပျောက် စေတော်မူမည်။
23 ၂၃ ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။
၂၃ထို ကာလ ၌ အဲဂုတ္တု ပြည်မှ သည် အာရှုရိ ပြည် တိုင်အောင် ၊ လမ်း တွင် လိမ့်မည်။ အာရှုရိ လူသည် အဲဂုတ္တု ပြည်သို့ ၎င်း၊ အဲဂုတ္တု လူသည်၊ အာရှုရိ ပြည်သို့ ၎င်း သွားလာ ၍ အဲဂုတ္တု လူနှင့် အာရှုရိ လူတို့သည် တညီတညွတ်တည်း ဝတ်ပြု ကြလိမ့်မည်။
24 ၂၄ ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည်။
၂၄ထို ကာလ ၌ ဣသရေလ အမျိုးသည် အဲဂုတ္တု အမျိုးနှင့် ၎င်း ၊ အာရှုရိ အမျိုးနှင့် ၎င်း ပေါင်း၍၊ တတိယ အမျိုးတည်းဟူသောမြေကြီး အလယ် ၌ မင်္ဂလာ ပြုသော အမျိုး ဖြစ် လိမ့်မည်။
25 ၂၅ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။
၂၅ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကလည်း၊ ငါ ၏ လူ အဲဂုတ္တု အမျိုး၊ ငါ ပြုပြင် သော အာရှုရိ အမျိုး၊ ငါ ၏ အမွေ ဥစ္စာဖြစ်သော ဣသရေလ အမျိုးသည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး ပေး တော်မူလိမ့်မည်။