< ဟေရှာယ 18 >

1 အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ၍၊
ဆူ​ဒန်​မြစ်​များ​၏​အ​လွန်​တွင် တောင်​ပံ​ခတ် သံ​များ​ကို​ကြား​ရ​သည့်​တိုင်း​ပြည်​တစ် ပြည်​ရှိ​၏။-
2 ပင်လယ်လမ်းဖြင့်၎င်း၊ ရေပေါ်၌ဂမာလှေဖြင့် ၎င်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင် လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင် အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်ကွဲပြားသော မြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတံမန်တို့၊ သွားကြလော့။
ထို​ပြည်​မှ​သံ​တ​မန်​များ​သည်​ကူ​ရိုး​ဖြင့် ပြီး​သည့်​လှေ​များ​ဖြင့် နိုင်း​မြစ်​ကို​စုံ​ဆင်း လာ​ကြ​၏။ ``အ​ချင်း​ခြေ​လျင်​သံ​တ​မန်​တို့၊ ဌာ​နေ​သို့​ပြန်​ကြ​လော့။ နိုင်း​မြစ်​ဖျား​တွင် တည်​ရှိ​သည့်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့ ကြ​၍ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့်​ရုပ်​ရည် ချော​မော​မြင့်​မား​သည့်​သင်​တို့​ပြည်​သား များ​ထံ ဤ​သ​တင်း​စ​ကား​ကို​ယူ​ဆောင် သွား​ကြ​လော့။
3 လောကီနိုင်ငံ၌ နေသောမြေကြီးသား အပေါင်း တို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။
ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ ကမ္ဘာ​မြေ​ပေါ်​တွင် နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ လော့။ တောင်​ထိပ်​ဖျား​တွင်​လွှင့်​ထူ​မည့်​အ​ချက် ပြ​အ​လံ​ကို​စောင့်​မျှော်​ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​နား​စွင့်​၍​နေ​ကြ လော့။-
4 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့၎င်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့၎င်း၊ ငါသည်ကျိန်းဝပ်၍ ငါ့ နေ ရာအရပ်မှာ ကြည့်ရှုမည်။
ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​သီး​အ​နှံ ရိတ်​သိမ်း​ချိန်​၏​ပူ​အိုက်​သည့်​ည​တို့​၌​ဆီး​နှင်း များ​သည်​ငြိမ်​သက်​စွာ​ကျ​လာ​သ​ကဲ့​သို့ လည်း​ကောင်း၊ အ​ပူ​ရှိန်​ပြင်း​သည့်​နေ့​၌​နေ သည်​ကြည်​လင်​ဆိတ်​ငြိမ်​စွာ​ထွန်း​လင်း​တောက် ပ​သ​ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ကောင်း​ကင် ဘုံ​မှ​ငြိမ်​သက်​စွာ​ငုံ့​၍​ကြည့်​တော်​မူ​မည်။-
5 စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့ စေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည်။
စ​ပျစ်​သီး​များ​ကို​မ​စု​သိမ်း​မီ၊ အ​ပွင့်​များ ကြွေ​၍​အ​သီး​များ​မှည့်​လာ​ချိန်​၌​သူ​သည် ဋ္ဌား​ဖြင့် စ​ပျစ်​ခက်​များ​ကို​အ​လွယ်​တ​ကူ လှီး​ဖြတ်​သ​ကဲ့​သို့​ဆူ​ဒန်​အ​မျိုး​သား​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ကြ​လိမ့်​မည်။-
6 သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေ ကာလ၌၎င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ ၌၎င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။
သူ​တို့​၏​အ​လောင်း​များ​သည်​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​များ​အ​တွက်​ကျန်​ရှိ​နေ လိမ့်​မည်။ နွေ​အ​ခါ​ငှက်​တို့​နှင့်​ဆောင်း​အ​ခါ သား​ရဲ​တို့​သည် ထို​လူ​သေ​ကောင်​တို့​ကို​စား ကြ​လိမ့်​မည်။
7 ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြား သော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း။
နိုင်း​မြစ်​ဖျား​တွင်​တည်​ရှိ​သည့်​ထို​နိုင်​ငံ​မှ လည်း​ကောင်း၊ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့် ထို​လူ​မျိုး​ထံ​မှ​လည်း​ကောင်း၊ ရုပ်​ရည်​ချော​မော ၍​မြင့်​မား​သည့်​ထို​ပြည်​သား​တို့​ထံ​မှ​လည်း ကောင်း၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့​ကြ သူ​ထံ​မှ​လည်း​ကောင်း၊ ပူ​ဇော်​သကာ​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဇိ​အုန်​တောင်​တော်​သို့​လာ​ရောက်​ကြ​လိမ့်​မည်။

< ဟေရှာယ 18 >