< ဟေရှာယ 16 >

1 မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။သေလမြို့မှတောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ပေးလိုက်ကြလော့။
Pošlete beránky panovníku země, počnouc od Sela až do pouště, k hoře dcery Sionské.
2 မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်။
Sic jinak bude Moáb jako pták místa nemající, a s hnízda sehnaný; budou dcery Moábské při brodech Arnon.
3 အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသော သူတို့ကို မပြနှင့်။
Svolej radu, učiň soud, připrav stín svůj u prostřed poledne jako noc; skrej vyhnané, místa nemajícího nevyzrazuj.
4 မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။
Nechať u tebe pobudou vyhnaní moji, ó Moábe, buď skrýší jejich před zhoubcím; nebo přestane násilník, přestane zhoubce, pošlapávající vyhlazen bude z země.
5 ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။
A upevněn bude milosrdenstvím trůn, a seděti bude na něm stále v stánku Davidovu ten, kterýž by soudil a vyhledával soudu a pospíchal k spravedlnosti.
6 မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။
Ale slýchaliť jsme o pýše Moábově, že velmi pyšný jest, o pýše jeho, a chloubě jeho i spouzení se jeho, ale nepřijdouť k vykonání myšlénky jeho.
7 ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
Protož kvíliti bude Moáb před Moábem, jeden každý kvíliti bude; nad grunty Kirchareset úpěti budete, a říkati: Jižť jsou zkaženi.
8 ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။
Nýbrž i réví Ezebon usvadlo, i vinní kmenové Sibma. Páni národů potřeli výborné réví jeho, kteréž až do Jazer dosahalo, a bylo se rozšířilo při poušti; rozvodové jeho rozložili se, a dosahali až za moře.
9 ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
Protož pláči pro pláč Jazerských a pro vinici Sibma; svlažuji tě slzami svými, ó Ezebon a Eleale, nebo provyskování nad ovocem tvým letním a nad žní tvou kleslo.
10 ၁၀ ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။
A přestalo veselé a plésání nad polem úrodným, na vinicích se nezpívá, ani prokřikuje, vína v presích netlačí ten, kterýž tlačívá. Takž i já provyskování přestávám.
11 ၁၁ ထို့ကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည်။
Protože střeva má nad Moábem jako harfa znějí, a vnitřnosti mé pro Kircheres.
12 ၁၂ ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်း ရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။
I stane se, když zřejmé bude, an ustává Moáb nad výsostmi, že vejde do svatyně své, aby se modlil, však nic nespraví.
13 ၁၃ ထိုသို့ ထာဝရဘုရားသည် မောဘ၏ အ ကြောင်းစကားကို အထက်က မိန့်တော်မူ၏။
Toť jest to slovo, kteréž mluvil Hospodin o Moábovi již dávno.
14 ၁၄ ယခုတဖန် မိန့်တော်မူသည်ကား၊ အခစား သောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘ ပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Nyní pak praví Hospodin, řka: Po třech letech, jakáž jsou léta nájemníka, v potupu uvedena bude sláva Moábova se vším množstvím velikým, tak že ostatkové jeho budou skrovní, přemaličcí a mdlí.

< ဟေရှာယ 16 >