< ဟေရှာယ 15 >
1 ၁ မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။
[I received] this message [from Yahweh] about the Moab [people-group]: In one night [two of your important cities], Ar and Kir, will be destroyed.
2 ၂ ပြည်သားတို့သည် ဗက်မြို့၊ဒိဘုန်မြို့၌ မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။
The people of Dibon, [your capital city, ] will go to their temple to mourn/weep; they will go to [their shrines] on the hilltops to weep. They will wail because of [what happened to] Nebo and Medeba [towns in the south]; they will all shave the hair of their heads, and the men will cut off their beards [to show that they are grieving].
3 ၃ လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။
In the streets people will wear rough sackcloth, and on their [flat] rooftops and in the [city] plazas everyone will wail, with tears streaming down their faces.
4 ၄ ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။
[The people of] Heshbon [city] and Elealeh [towns in the north of Moab] will cry out; people as far away as Jahaz [town in the south] will hear them wailing. Therefore the soldiers of Moab will tremble and cry out and they will be very afraid [IDM].
5 ၅ ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။
I feel very sorry for [the people of] Moab; they will flee to Zoar and Eglath-Shelishiyah [towns in the far south]. They will cry as they walk up to Luhith [town]. All along the road to Horonaim [town] people will mourn because their country has been destroyed.
6 ၆ အကြောင်းမူကား၊နိမရိမ် ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များ လည်း သေခဲ့ပြီ။ စိမ်းသောအပင် တပင်မျှမရှိ။
The water in Nimrim [Valley] will have dried up. The grass there will be withered; the green plants will [all] be gone, and there will be nothing left that is green.
7 ၇ ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည်။
The people will pick up their possessions and carry them across Willows Brook.
8 ၈ ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏။
Throughout the country of Moab, [people] will be crying; people as far away as Eglaim [in the south] and Beer-Elim [in the north] will hear them wailing.
9 ၉ အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ၏။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်။
The stream near Dimon will become red from the blood [of people who have been killed], but I will cause the people of Moab to experience even more [trouble]: Lions will attack those who [are trying to] escape from Moab and will [also] attack the people who remain in that country.