< ဟေရှာယ 12 >
1 ၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည်။အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန် အမျက်တော်ငြိမ်း၍၊အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။
Et dices in die illa: Confitebor tibi Domine, quoniam iratus es mihi: conversus est furor tuus, et consolatus es me.
2 ၂ ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။
Ecce Deus salvator meus, fiducialiter agam, et non timebo: quia fortitudo mea, et laus mea Dominus, et factus est mihi in salutem.
3 ၃ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ် တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။
Haurietis aquas in gaudio de fontibus salvatoris:
4 ၄ ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော် ကိုချီးမွမ်းကြလော့။ နာမတော်ကို ပဋ္ဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့။
et dicetis in die illa: Confitemini Domino, et invocate nomen eius: notas facite in populis adinventiones eius: mementote quoniam excelsum est nomen eius.
5 ၅ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။ အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘု ရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။
Cantate Domino quoniam magnifice fecit: annunciate hoc in universa terra.
Exulta, et lauda habitatio Sion: quia magnus in medio tui sanctus Israel.