< ဟေရှာယ 10 >
1 ၁ ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊
Maye kwabamisa izimiso ezikhohlakeleyo, lakubabhali ababhala uhlupho;
2 ၂ ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။
ukuphambula abayanga ekwahlulelweni, lokuphanga ilungelo labahluphekayo babantu bami, ukuze abafelokazi babe yimpango yabo lokuthi baphange izintandane!
3 ၃ ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း။
Kodwa lizakwenzani ngosuku lwempindiselo, lencithakalweni ezavela khatshana? Lizabalekela kubani ukuthi libe losizo? Lizatshiya ngaphi udumo lwenu?
4 ၄ ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။
Ngaphandle kwami bazakhothama ngaphansi kwezibotshwa, liwele ngaphansi kwababuleweyo. Kukho konke lokhu intukuthelo yayo kayiphenduki, kodwa isandla sayo silokhu seluliwe.
5 ၅ အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။
Maye kumAsiriya, intonga yentukuthelo yami, lolaka lwami luyinduku esandleni sabo!
6 ၆ အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။
Ngizamthumela isizwe esizenzisayo, ngizamlaya ukumelana labantu bolaka lwami, ukuphanga impango, lokuthumba okuthunjiweyo, lokukubeka kube ngokunyathelwayo njengodaka lwezitalada.
7 ၇ သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏။
Kodwa yena kanakani njalo, lenhliziyo yakhe kayicabangi njalo; kodwa kusenhliziyweni yakhe ukuchitha, lokuquma izizwe ezingenlutshwana.
8 ၈ သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။
Ngoba uthi: Iziphathamandla zami zonke kazisimakhosi yini?
9 ၉ ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။
IKalino kayinjengeKarikemishi yini? IHamathi kayinjengeArpadi yini? ISamariya kayinjengeDamaseko yini?
10 ၁၀ ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့၎င်း၊
Njengoba isandla sami sithole imibuso yezithombe, ozithombe zayo ezibaziweyo zingcono kulezeJerusalema lakulezeSamariya;
11 ၁၁ ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။
njengalokhu ngenzile kuyo iSamariya lezithombe zayo, kangiyikwenza njalo yini kuyo iJerusalema lezithombe zayo?
12 ၁၂ သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
Kuzakuthi-ke lapho iNkosi isiqedile umsebenzi wayo wonke entabeni yeZiyoni laseJerusalema, ngiphindisele isithelo sokuzikhukhumeza kwenhliziyo yenkosi yeAsiriya lobuhle bokuziqhenya kwamehlo ayo.
13 ၁၃ ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍကို လုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။
Ngoba ithe: Ngamandla esandla sami ngikwenzile, langenhlakanipho yami, ngoba ngiyaqedisisa; njalo ngisusile imikhawulo yezizwe, ngaphanga inotho yazo; lanjengeqhawe ngehlisela phansi abahlali bazo.
14 ၁၄ ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍၊
Isandla sami sesithole inotho yezizwe njengesidleke; lanjengobuthelela amaqanda atshiyiweyo, mina ngibuthelele umhlaba wonke; njalo kwakungekho ophaphazelisa impiko, kumbe ovula umlomo, kumbe otshiyozayo.
15 ၁၅ ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော။
Ihloka lizazikhukhumeza kuye ogamula ngalo yini? Isaha izazikhulisa kuye oyinyikinyayo yini? Njengokungathi induku ingaziphakamisa, kungathi kayisisigodo.
16 ၁၆ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။
Ngalokhu iNkosi uJehova wamabandla izathumela ukucaka phakathi kwabazimukileyo bayo; langaphansi kodumo lwayo izaphemba ukutshisa njengokutshisa komlilo.
17 ၁၇ ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။
Lokukhanya kukaIsrayeli kuzakuba ngumlilo, loNgcwele wakhe abe lilangabi, elizatshisa liqede ameva ayo lokhula lwayo oluhlabayo ngasuku lunye.
18 ၁၈ တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည်။
Liqede lodumo lwehlathi lwayo, lensimu yayo ethelayo, kusukela emphefumulweni kusiya enyameni, ibe njengokuphela kwamandla womthwalifulegi.
19 ၁၉ ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
Lokuseleyo kwezihlahla zehlathi zayo kuzakuba nlutshwana ngenani, ukuze umntwana akubale.
20 ၂၀ ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။
Kuzakuthi-ke ngalolosuku insali yakoIsrayeli labaphunyukileyo bendlu kaJakobe kabasayikuqhubeka ukweyama kobatshayileyo; kodwa bazakweyama eNkosini, oNgcwele kaIsrayeli, ngeqiniso.
21 ၂၁ ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည်။
Insali izabuyela, insali kaJakobe, kuNkulunkulu olamandla.
22 ၂၂ အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်။
Ngoba lanxa abantu bakho, Israyeli, bengangetshebetshebe lolwandle, kube kanti insali yabo izabuya; ukuchitheka kumisiwe, kuphuphuma ngokulunga.
23 ၂၃ ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။
Ngoba ukubhujiswa okupheleleyo okumisiweyo iNkosi uJehova wamabandla izakwenza phakathi komhlaba wonke.
24 ၂၄ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။
Ngakho itsho njalo iNkosi uJehova wamabandla: Bantu bami, elihlala eZiyoni, lingesabi iAsiriya lapho ilitshaya ngenduku, iliphakamisela intonga yayo njengendlela yamaGibhithe.
25 ၂၅ သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊
Ngoba kuseyisikhatshana nje ukuthukuthela kuzaphela, lolaka lwami ekuchithweni kwabo.
26 ၂၆ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။
Njalo iNkosi yamabandla izabavusela isiswepu, njengokuhlatshwa kweMidiyani edwaleni leOrebi; lanjengentonga yayo phezu kolwandle ezayiphakamisa njengendlela yeGibhithe.
27 ၂၇ ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းဘိုးကိုသင်၏လည်ပင်းပေါ်က၎င်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏။
Kuzakuthi-ke ngalolosuku umthwalo wayo usuke ehlombe lakho, lejogwe layo entanyeni yakho, lejogwe lizakwephulwa ngenxa yokugcotshwa.
28 ၂၈ အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။
Uyeza eAyathi, udabula phakathi kweMigironi; eMikimashi wethula impahla yakhe.
29 ၂၉ တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စားခန်းချ ကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏။
Badlula esikhaleni, ebusuku bayalala eGeba; iRama iyathuthumela; iGibeya kaSawuli iyabaleka.
30 ၃၀ အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။
Hlaba umkhosi ngelizwi lakho, ndodakazi kaGalimi! Lizwakalise eLayishi, Anathothi elusizana!
31 ၃၁ မာဒမေနမြို့သည် ပြောင်းသွားပြီ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ၏။
IMadimena iyabaleka, abahlali beGebimi badinga isiphephelo.
32 ၃၂ နောဘမြို့၌တရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိ လက်ကို လှုပ်လိမ့်မည်။
Kuselamuhla uzakuma eNobi, anyikinye isandla sakhe emelene lentaba yendodakazi yeZiyoni, uqaqa lweJerusalema.
33 ၃၃ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်။
Khangela, iNkosi uJehova wamabandla izaquma ingatsha ngamandla esabekayo, lalabo abaphakeme ngobude bazaganyulelwa phansi, labazikhukhumezayo bazathotshiswa.
34 ၃၄ တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။
Njalo izagamula izixuku zehlathi ngensimbi, leLebhanoni izakuwa ngolamandla.