< ဟောရှေ 8 >
1 ၁ တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။
၁ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
2 ၂ သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။
၂ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊-
3 ၃ ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
၃သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
4 ၄ သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။
၄` ``ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အလျောက်ရှင်ဘုရင်များကိုရွေးချယ်တင် မြှောက်ခဲ့ကြ၏။ ငါ၏သဘောတူညီချက် မရဘဲခေါင်းဆောင်များကိုခန့်ထားကြ၏။ မိမိတို့၏ရွှေငွေနှင့်ရုပ်တုများကိုသွန်း လုပ်သဖြင့် မိမိတို့၏ပျက်စီးရာပျက်စီး ကြောင်းကိုသာဖန်တီးကြ၏။-
5 ၅ အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
၅ရှမာရိမြို့သားတို့ကိုးကွယ်သောရွှေနွား ရုပ်ကိုငါစက်ဆုတ်ရွံရှာတော်မူ၏။ သူတို့ အားငါအမျက်ထွက်တော်မူ၏။ သူတို့ သည်မည်သည့်အခါမှရုပ်တုကိုးကွယ်မှု ကိုစွန့်ကြမည်နည်း။-
6 ၆ ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။
၆ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
7 ၇ လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည်။
၇သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
8 ၈ ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည်။
၈ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။-
9 ၉ အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ဆုချလေပြီ။
၉ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။-
10 ၁၀ တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။
၁၀သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။
11 ၁၁ ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏ အပြစ်ဟူ၍ မှတ်ရလိမ့်မည်။
၁၁``အပြစ်ဖြေရန်အတွက်ဣသရေလပြည် သားတို့ယဇ်ပလ္လင်များများတည်ဆောက် လေလေ အပြစ်ပြုရာနေရာများလေလေ ဖြစ်လာလေပြီ။-
12 ၁၂ ငါ့တရား၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသော အရာဟူ၍ သူသည် မှတ်လေပြီတကား။
၁၂ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။-
13 ၁၃ ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။
၁၃သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
14 ၁၄ ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကို မီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။
၁၄``ဣသရေလပြည်သားတို့သည်နန်းတော် များကိုတည်ဆောက်ကြသော်လည်းသူတို့ ကိုဖန်ဆင်းသောအရှင်အားမေ့လျော့လျက် ရှိကြ၏။ ယုဒပြည်သားတို့သည်ခိုင်ခံ့ သောမြို့များကိုတည်ကြ၏။ သို့ရာတွင် ငါသည်သူတို့၏နန်းတော်များနှင့်မြို့ များပေါ်သို့လောင်မီးကျစေမည်။