< ဟောရှေ 7 >
1 ၁ ဣသရေလ၏အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ၏။
Когато щях да лекувам Израиля, Тогава се откри беззаконието на Ефрема И нечестието на Самария; Защото вършат измама, Като и крадеца влиза вътре И разбойническата чета обира вън.
2 ၂ သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
Те не размишляват в сърцето си, Че аз помня всичкото им беззаконие; А сега ги обиколиха собствените им дела, Които са и пред лицето ми.
3 ၃ ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကို၎င်း၊ မုသာစကားအားဖြင့် မင်းများကို၎င်း ဝမ်းမြောက်စေ ကြ၏။
С нечестието си зарадват царя, И с лъжите си първенците.
4 ၄ ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
Те всички са прелюбодейци, - Като пещ отоплена от хлебар, Който, като замеси тестото, престава да нажижа огъня, докле се кисне то.
5 ၅ ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ်၏။
На рождения ден на нашия цар Първенците се разболяха чрез разпаление от виното; И той простря ръката си с присмивателите.
6 ၆ အကယ်စင်စစ် သူတို့သည် ချောင်း၍ ကြည့် လျက်၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ၏။
Защото, като причакват, Те са направили сърцата си като пещ; Гневът им спи цяла нощ, А на заранта гори като пламнал огън.
7 ၇ ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ။
Те всички се нажежиха като пещ, И пояждат съдиите си; Всичките им царе са паднали; Няма между тях кой да ме призовава.
8 ၈ ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မလှန်သော မုန့်ပြား ဖြစ်၏။
Ефрем, той се смеси с племената; Ефрем е като необърната пита.
9 ၉ သူမသိမမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ၏ ခွန်အားကို စားကြပြီ။ ကိုယ်မသိမမှတ်ဘဲ ခေါင်း ပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ။
Чужденци поядоха силата му, и той не знае; Доли бели косми му поникнаха тук-там, а той не знае.
10 ၁၀ ဣသရေလအမျိုး၏ မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
И гордостта на Израиля свидетелства пред лицето му; Но пак, въпреки всичко това, не се връщат при Господа своя Бог, Нито го търсят.
11 ၁၁ ဧဖရိမ်သည် ဥာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေး တတ်၏။
И Ефрем е като глупав гълъб, който няма разум; Викат към Египет за помощ, отиват в Асирия.
12 ၁၂ သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်းငါဆုံးမမည်။
Когато отидат, ще разпростра мрежата си върху тях; Ще ги сваля като въздушните птици; Ще ги накажа както се е провъзгласило в събранието им.
13 ၁၃ သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။
Горко им! защото са се скитали далеч от Мене; Гибел там! защото са престъпили против Мене; Когато щях да ги изкупя, и тогава те говориха лъжи против Мене.
14 ၁၄ သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
И не ме призоваха от сърце, Но лелекат на леглата си; Събират се да се молят за жито и вино, Но пак въстават против Мене.
15 ၁၅ ငါသည် ဆုံးမသော်၎င်း၊ သူတို့ကို ခိုင်ခံ့စေသော်၎င်း၊ ငါ့တဘက်၌ မကောင်းသော အကြံကိုကြံစည်ကြ၏။
При все че обучавах и уякчавах мишците им, Пак те намислюват зло против Мене.
16 ၁၆ အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ၍ အဲကုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည်။
Връщат се, но не при Всевишния; Приличат на неверен лък; Първенците им ще паднат от нож, Поради яростта на езика си; Това ще им причини позор в Египетската земя.