< ဟောရှေ 6 >
1 ၁ လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။
၁လာ ကြ။ ထာဝရဘုရား ထံ တော်သို့ ပြန် ကြကုန်အံ့။ ကိုယ်တော် သည် ကိုက်ဖြတ် သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ် သော်လည်း အနာကို စည်း တော်မူမည်။
2 ၂ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
၂နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် စေတော်မူသဖြင့် ၊ အထံ တော်၌ ငါတို့သည် အသက်ရှင် ကြလိမ့်မည်။
3 ၃ ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
၃ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။
4 ၄ အိုဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသော စိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့၎င်းဖြစ်၏။
၄အိုဧဖရိမ် ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။
5 ၅ ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ။
၅ထိုကြောင့် သူတို့ကို ပရောဖက် များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ် ရပြီ။ ငါ့ နှုတ်ထွက် စကား အားဖြင့် သတ် ရပြီ။ ငါ့စီရင် ချက်တို့သည်လည်း ထွန်းလင်းသော အလင်း ကဲ့သို့ဖြစ် ကြပြီ။
6 ၆ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏။
၆ယဇ် ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာ အကျင့်ကို၎င်း၊ မီးရှို့ ရာယဇ်ပူဇော်ခြင်းထက် ဘုရား သခင်နှင့် ကျွမ်းဝင် ခြင်းကို၎င်းငါနှစ်သက် ၏။
7 ၇ သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
၇သူ တို့သည် အာဒံ ကဲ့သို့ ပဋိညာဉ် ကို လွန်ကျူး ကြပြီ။ နေရင်း အရပ်၌ ငါ့ သစ္စာ ကို ဖျက်ကြပြီ။
8 ၈ ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။
၈ဂိလဒ် မြို့ သည် အဓမ္မ ပြု သောသူတို့ နေရာ ဖြစ်၍၊ လူအသွေး နှင့် စွန်း သော ခြေရာများ၏။
9 ၉ ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း၍ ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက် ကို သတ်တတ်ကြ၏။
၉ထားပြ အလုံးအရင်းသည် ခရီးသွားသောသူ ကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင် မြို့သို့ သွားသော လမ်း ၌ ပင် အသက် ကိုသတ် တတ်ကြ၏။
10 ၁၀ အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဘွယ်သောအမှုကို ဣသ ရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်း တတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
၁၀အကယ်စင်စစ်အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက် ဘွယ်သောအမှုကို ဣသရေလ အမျိုး ၌ ငါမြင် ပြီ။ ထို အမျိုး၌ ဧဖရိမ် သည် မှားယွင်း တတ်၏။ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။
11 ၁၁ ထိုမှ တပါး အိုယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါး ရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။
၁၁ထို မှတပါး၊ အိုယုဒ အမျိုး၊ သိမ်း သွားသော ငါ ၏လူ တို့ကို ငါ ဆောင်ခဲ့ ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့် အဖို့ ခန့်ထား လျက်ရှိ၏။