< ဟောရှေ 5 >
1 ၁ အို ယဇ်ပုရောဟိတ် တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော် သားတို့၊ နားထောင်ကြလော့။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ။
Poslušajte to, oh duhovniki in pazljivo prisluhnite, vi, Izraelova hiša in nagnite uho, oh kraljeva hiša, kajti sodba je zoper vas, ker ste bili zanka na Micpi in mreža, razpeta na [gori] Tabor.
2 ၂ ယဇ်ကောင် တို့ကိုသတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ၏။ ထိုကြောင့်၊ ငါသည် ထိုသူအပေါင်းတို့၌ အပြစ်ဒဏ် ပေးမည်။
Puntarji so prodorni, da naredijo pokol, čeprav sem bil jaz oštevalec njih vseh.
3 ၃ ဧဖရိမ်ကို ငါသိ၏။ ဣသရေလသည်လည်းငါ့ရှေ့မှ ပုန်းရှောင်၍ မနေနိုင်။ ယခုပင် အိုဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
Poznam Efrájima in Izrael ni skrit pred menoj, kajti sedaj, oh Efrájim, zagrešuješ vlačugarstvo in Izrael je omadeževan.«
4 ၄ သူတို့သည်ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့် ထံတော်သို့ပြန်၍ မလာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကိုမသိကြ။
Svojih ravnanj ne bodo snovali, da bi se obrnili k svojemu Bogu, kajti duh vlačugarstev je v njihovi sredi in niso spoznali Gospoda.
5 ၅ ဣသရေလအမျိုး၏ မာနသည်သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့ အပြစ်၌လဲ၍၊ သူတို့နှင့် အတူယုဒ အမျိုးသည်လည်းလဲလိမ့်မည်။
Izraelov ponos pričuje v njegov obraz, zatorej bosta Izrael in Efrájim padla v svoji krivičnosti. Tudi Juda bo padel z njima.
6 ၆ သိုးစု နွားစု ပါလျက်၊ ထာဝရဘုရားကိုရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ။ သူတို့နှင့် ကွာတော်မူပြီ။
Šli bodo s svojimi tropi in s svojimi čredami, da bi iskali Gospoda, toda ne bodo ga našli. On se je oddaljil od njih.
7 ၇ သူတို့သည်ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည်။
Zahrbtno so ravnali zoper Gospoda, kajti zaplodili so tuje otroke. Sedaj jih bo požrl mesec z njihovimi deleži.
8 ၈ ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။
Zatrobite na kornét v Gíbei in na trobento v Rami, kričite glasno pri Bet Avenu, za teboj, oh Benjamin.
9 ၉ ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ၏။
Efrájim bo zapuščen na dan oštevanja. Med Izraelovimi rodovi sem dal spoznati tisto, kar zagotovo bo.
10 ၁၀ ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သော သူကဲ့သို့ ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။
Judovi princi so bili kakor tisti, ki odstranjujejo mejo, zatorej bom nanje izlil svoj bes kakor vodo.
11 ၁၁ ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ၏။ တရား စီရင်ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်းမူကား၊ အမိန့်တော်အတိုင်း ကျင့်လေပြီ။
Efrájim je zatiran in razklan na sodbi, zato ker je voljan hodil za [človeško] zapovedjo.
12 ၁၂ ထိုကြောင့်၊ ငါသည် ဧဖရိမ်၌ ကိုက်တတ်သော ပိုးကောင်၊ ယုဒအမျိုး၌ စားတတ်သော အနာကဲ့သို့ ဖြစ်မည်။
»Zato bom Efrájimu kakor molj, Judovi hiši pa kakor gniloba.
13 ၁၃ ဧဖရိမ်သည် မိမိအပေါက်တို့ကို၎င်း၊ ယုဒသည် မိမိအနာကို၎င်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှု ရှိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါ်ကို မဖါနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။
Ko je Efrájim videl svojo slabost in Juda videl svojo rano, takrat je šel Efrájim k Asircu in poslal h kralju Jarebu in vendar vas on ni mogel ozdraviti niti ozdraviti vaše rane.
14 ၁၄ အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်မည်။ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနှုတ်ရ။
Kajti jaz bom Efrájimu kakor lev in kakor mlad lev Judovi hiši. Jaz, celó jaz, bom raztrgal in odšel proč, jaz bom odnesel in nihče ga ne bo rešil.
15 ၁၅ သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့မျက်နှာ ကို မရှာမှီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား၍ နေမည်။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား ၍ ရှာကြလိမ့်မည်။
Šel bom in se vrnil na svoj kraj, dokler ne bodo priznali svojega prestopka in iskali mojega obraza. V svoji stiski me bodo zgodaj iskali.«