< ဟောရှေ 3 >

1 တဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော်၍၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊
တဖန် ထာဝရဘုရား က၊ ဣသရေလ အမျိုးသား တို့သည် အခြား တပါးသော ဘုရား တို့ကို ဖူးမြော် ၍ ၊ စပျစ်သီး ပျဉ် ကို အလိုရှိ သော်လည်း ထာဝရဘုရား ချစ် တော်မူသည် နည်းတူ ၊ မိမိခင်ပွန်း ၏ ချစ် ခြင်းကိုခံ လျက် မျောက်မထား သော မိန်းမကို သွား ၍ ချစ် ဦးလော့ဟု ငါ့ အား မှာ ထားတော်မူသည်အတိုင်း ၊
2 ထိုမိန်းမကို ငွေတဆယ်ငါးကျပ်၊ မုယောဆန် တဟောမဲခွဲနှင့် ငါရွေးပြီးမှ၊
ထိုမိန်းမကို ငွေ တဆယ် ငါး ကျပ်၊ မုယော ဆန် တဟောမဲ ခွဲနှင့် ငါ ရွေး ပြီးမှ ၊
3 သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့်၍ နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ။ သို့ပြုလျှင်၊ သင့်အဘို့ ငါစောင့်၍ နေမည်ဟု ပြောထား၏။
သင်သည်ငါ့ အဘို့ နေ့ရက် များစွာ စောင့်၍ နေ ရမည်။ ပြည်တန်ဆာ မ လုပ်ရ။ အခြားသော ယောက်ျား နှင့် မ ပေါင်းဘော် ရ။ သို့ပြုလျှင် ၊ သင့် အဘို့ ငါ စောင့်၍ နေမည်ဟု ပြော ထား၏။
4 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့ သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ် ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရကြလိမ့်မည်။
အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် မ ရှိ၊ မင်းသား မ ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု မ ရှိ၊ သင်တိုင်း မ ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။
5 ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို၎င်း ရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ၊ ထာဝရ ဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။
ထိုနောက်မှ ဣသရေလ အမျိုးသား တို့သည် ပြန် လာ၍ ၊ သူ တို့ဘုရား သခင်ထာဝရဘုရား ကို၎င်း ၊ သူ တို့ရှင်ဘုရင် ဒါဝိဒ် ကို၎င်းရှာ ၍ ၊ နောင် ကာလ ၌ ကျေးဇူး တော်ကိုခံ အံ့သောငှါ ၊ ထာဝရဘုရား ထံ တော်သို့ တုန်လှုပ် လျက် ပြေးကြလိမ့်မည်။

< ဟောရှေ 3 >