< ဟောရှေ 14 >
1 ၁ အိုဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။
၁အိုဣသရေလ ၊ သင် သည် ကိုယ်ပြုသောဒုစရိုက်အပြစ် အားဖြင့် အကျိုးနည်း ရှိသောကြောင့် သင် ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန် လော့။
2 ၂ ပဌနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည်။
၂ပဌနာစကား ကို ပြင်ဆင် ၍ ထာဝရဘုရား ထံ တော်သို့ ပြန် လျက် ၊ အကျွန်ုပ်တို့၌ ရှိသမျှ သောအပြစ် တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူး ပြု၍ လက်ခံ တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ် နှုတ်ခမ်း တည်းဟူသော နွား သငယ် တို့ကို ပူဇော် ပါမည်။
3 ၃ အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တဖန် မဆိုပါ။ အ ကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။
၃အာရှုရိ မင်းသည် အကျွန်ုပ် တို့ကို မ ကယ်တင် ရ။ အကျွန်ုပ်တို့သည် မြင်းစီး သူရဲမ လုပ်ပါ။ ကိုယ် လက် ဖြင့် လုပ် သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ဖြစ်ပါ၏ဟု နောက် တဖန် မ ဆို ပါ။ အကြောင်း မူကား၊ မိဘ မရှိသောသူတို့သည် ကိုယ်တော် ထံ၌ ကရုဏာ ကျေးဇူးကိုခံ တတ်ကြပါ၏ဟု လျှောက်ကြလော့။
4 ၄ ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက် ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက် မည်။
၄ငါ သည် အမျက် ပြေ သောကြောင့် သူ တို့ဖောက်ပြန် ခြင်းကို ပြုပြင် မည်။ ကိုယ် အလို အလျောက်စုံမက် မည်။
5 ၅ ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည်။
၅ငါသည် နှင်း ကဲ့သို့ ဣသရေလ အပေါ် မှာ နေ မည်။ သူသည် နှင်းပွင့် ကဲ့သို့ ပွင့် လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ် စွဲ လိမ့်မည်။
6 ၆ အညွှန့်တို့သည် ပြန့်ပွါး၍၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
၆အညွှန့် တို့သည် ပြန့်ပွါး ၍ ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
7 ၇ ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။
၇ထိုအပင် ၏ အရိပ် အောက်၌ နေ သောသူတို့သည် အသစ် ပြုပြင်ခြင်းရှိ၍ စပါး ကိုပြုစု ကြလိမ့်မည်။ စပျစ်နွယ် ပင်ကဲ့သို့ တိုးပွါး ၍ လေဗနုန် စပျစ်ရည် ကဲ့သို့ ကျော်စော ကြလိမ့်မည်။
8 ၈ ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည်။
၈ငါ သည် နောက် တဖန် ရုပ်တု ဆင်းတုတို့နှင့် အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ် သည် ပြောလိမ့်မည်။ သူ၏စကားကိုလည်း ငါနားထောင် ၍ သူ့ ကိုကြည့်ရှု မည်။ စိမ်း သောထင်းရှုး ပင်ကဲ့သို့ ဖြစ်၍၊ သင် သည် ငါ့ ကျေးဇူးကြောင့် အသီး နှင့်ပြည့်စုံ လိမ့်မည်။
9 ၉ အဘယ်သူသည်ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဥာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ အဘယ်သူသည် ဖြောင့်ကြ၏။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။
၉အဘယ်သူ သည်ပညာရှိ သနည်း။ ထိုသူသည် ဤ အရာတို့ကို နားလည် လိမ့်မည်။ အဘယ်သူသည် ဉာဏ် ကောင်းသနည်း။ ထိုသူသည် ဤ အရာတို့ကို သိ ရလိမ့်မည်။ ထာဝရဘုရား ၏လမ်း တော်တို့သည် ဖြောင့် ကြ၏။ ဖြောင့်မတ် သောသူတို့ သည် လိုက် ကြလိမ့်မည်။ အဓမ္မ လူတို့မူကား ၊ ထို လမ်းတို့၌ ထိမိ၍ လဲ ကြလိမ့်မည်။