< ဟောရှေ 12 >
1 ၁ ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။
၁ဧဖရိမ် သည် လေ ကို ကျက်စား တတ်၏။ အရှေ့ လေကို လိုက် တတ်၏။ နေ့ တိုင်း မုသာ စကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြား စေတတ်၏။ အာရှုရိ လူတို့ နှင့် မိဿဟာယ ဖွဲ့လျက် နှင့်ပင်၊ အဲဂုတ္တု ပြည်သို့ ဆီ ကို ယူ သွားတတ်၏။
2 ၂ ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။
၂ထာဝရဘုရား သည် ယုဒ အမျိုးနှင့် လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ် ၏အကျင့် တို့ကို စစ်ကြော ၍ သူ ပြုမူ သည်နှင့်အညီ အပြစ် ပေးတော်မူမည်။
3 ၃ ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။
၃ယာကုပ်သည် အမိဝမ်း ၌ အစ်ကို ၏ ဖနှောင့် ကို ကိုင်၏။ ခွန်အား ကြီး၍ ဘုရား သခင်နှင့် ပြိုင် လေ၏။
4 ၄ ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။
၄ကောင်းကင် တမန်နှင့် ပြိုင် ၍ နိုင် လေ၏။ ငို ၍ တောင်းပန် နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ကို ဗေသလ မြို့မှာ ဖူးတွေ့ ၍ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကိုခံ လေ၏။
5 ၅ ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
၅ထာဝရဘုရား တည်းဟူသောနာမ သည်ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
6 ၆ သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။
၆သို့ဖြစ်၍ ၊ သင် ၏ဘုရား သခင့်ထံ တော်သို့ ပြန်လာ လော့။ ကရုဏာ တရား၊ ဖြောင့်မတ်ခြင်းတရား ကို စောင့်ရှောက် ၍ ၊ သင် ၏ဘုရား သခင်ကို အစဉ် မပြတ်မြော်လင့် လော့။
7 ၇ သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။
၇သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။
8 ၈ သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။
၈သို့ရာတွင် ၊ ဧဖရိမ် က၊ ငါသည် ရတတ် ၏။ ဘဏ္ဍာ ကို သိုထား ပြီ။ ကြိုးစား သမျှတို့၌ အပြစ် ပါသော လွန်ကျူး ခြင်းကို ရှာ၍ မ တွေ့ ရာဟု ဆို လိမ့်မည်။
9 ၉ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့၌ နေစေမည်။
၉ငါ ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ဓမ္မပွဲ ခံစဉ်တွင် နေတတ်သကဲ့သို့ တဖန် တဲ တို့၌ နေ စေမည်။
10 ၁၀ ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
၁၀ငါသည် ပရောဖက် တို့၌ ဗျာဒိတ် ပေးပြီ။ များစွာ သော ရူပါရုံ တို့ကို ပြပြီ။ ပရောဖက် များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
11 ၁၁ ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ် ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
၁၁ဂိလဒ် ပြည်၌ အပြစ် ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်း ရှိ ကြပြီ။ ဂိလဂါလ မြို့၌ နွား တို့ကို ယဇ် ပူဇော်၍ ၊ ယဇ် ပလ္လင်တို့သည် ထွန်ကြောင်း တွင် မြေ အပုံပုံ ရှိသကဲ့သို့ များကြ၏။
12 ၁၂ ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
၁၂ယာကုပ် သည် ရှုရိ ပြည် သို့ ပြေး ၏။ ဣသရေလ သည် မယား ကိုရခြင်းငှါ အစေ ကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
13 ၁၃ ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ၏။
၁၃ထာဝရဘုရား သည် ပရောဖက် အားဖြင့် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ ကယ်နှုတ် ၍ ၊ ပရောဖက် အားဖြင့် လည်း စောင့်မ တော်မူ၏။
14 ၁၄ ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သော အပြစ် သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။
၁၄ဧဖရိမ် သည် အမျက် တော်ကို အလွန်နှိုးဆော်လေပြီ။ ထိုကြောင့်၊ လူအသက်ကိုသတ် သော အပြစ် သည် သူ ၌ ရောက် လိမ့်မည်။ သူ ကဲ့ရဲ့ ခြင်း အပြစ်ကို သူ ၏သခင် သည် ပြန် ပေးလိမ့်မည်။