< ဟေဗြဲ 1 >
1 ၁ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊
Omwanya gunu gwatulile Nyamuanga alomaga na bhajaji bheswe okulabhila kubhalagi mwanya mwamfu kwa njila nyamfu.
2 ၂ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။ (aiōn )
Nawe kunsiku jinu chinajo, Nyamuanga kaloma neswe okulabhila ku Mwana, unu amuteewo kubha muli wo mwandu we bhinu bhyona, no kulabhila kumwene amogele echalo. (aiōn )
3 ၃ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
Omwana wae ni bhwelu bhwa likushyo lyae, intugwa ya agali ya kasimukiye kaye, unu kagendelesha ebhinu bhyona kwa ligambo lya managa gae. Ejile akumisha echokwesha ebhibhibhi, enyanjile mukubhoko kwe bhulyo kwo bhuinga ingulu eyo.
4 ၄ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ၏။
Abhee wa nsonga kukila bhamalaika, lwakutyo lwa lisina linu aliye omwandu lililyakisi okukila lisina lyebhwe.
5 ၅ အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ၍၎င်း၊ ငါသည်သူ၏ အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။
Kulwokubha ni kumalaika ki elabhile okwaikati, “Awe nawe omwana wani, lelo nabha esomwana? “Na lindi, Enibha esemwene kumwene, no mwene kabha mwana wani?”
6 ၆ တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။
Nalindi, omwanya gunu Nyamuanga amuletele omwibhulwa wo kwamba muchalo, kaikati,” Bhamalaika bhona bha Nyamuanga nibhusibhusi bhamwifukamile.”
7 ၇ တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။
Kubha malaika kaikati,”Omwene unu kakola bhamalaika bhae kubha myoyo, na bhafulubhendi bhae kubha mbesi jamulilo.”
8 ၈ သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ (aiōn )
Nawe ingulu yo Mwana kaikati,”Echitebhe chao echaing'oma, Nyamuanga, ni chakakajanende na kajanende. Insimbo yao yo bhukama ni nsimbo yo bhulengelesi. (aiōn )
9 ၉ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း။
Owenda obhulengelesi no oubhiililwa no bhunyamusi bhwe bhilagilo, kulwejo Nyamuanga, Nyamuanga wao, amakubhambaga amafuta ga likondelewe okukila abhejanyu.”
10 ၁၀ တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
Hao kubhwambilo, Latabhugenyi, ateewo omusingi gwe chalo. No lwile nimilimu ja mabhoko gawo.
11 ၁၁ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊
Bhiliwao, nawe awe uligendelela. Jona jilikota lwa jingubho.
12 ၁၂ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။
Ulijifunya funya lwa likoti, na jiliinduka lwe bhifwalo. Nawe awe ni uliya uliya, ne miyaka jao jitaliwao.”
13 ၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေ လော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။
Nawe ni kumalaika ki unu Nyamuanga aikile mwanya gwona gwona, “Inyanja mukubhoko kwani kwe bhulyo okukinga anu abhasoko bhao kubha chitebhe cha magulu gao”?
14 ၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။
Angu, bhamalaika bhona bhatali mioyo jinu jitumilwe okubhafulubhendela no kubhabhika bhanu bhalilya omwandu gwo kuchungulwa?